Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ အမေရိကန်အစိုးရကို ထိုင်းပြည်သူများ ဆန္ဒပြတောင်းဆို

ဂျန်ဇက် (NP News) - ဇွန် ၁


ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းများ မလုပ်ဆောင်ဖို့ အမေရိကန်နိုင်ငံကို ထိုင်းပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။


ထိုင်းပြည်သူရာချီဟာ မေလ ၃၁ ရက်က ထိုင်းနိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်မှာ စုရုံးပြီး ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းတွေမလုပ်ဖို့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူအုပ်စုက ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forward Party ပါတီဟာ အမေရိကန်အစိုးရရဲ့လက်အောက်ခံဖြစ်တယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။


အဆိုပါ ပါတီဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလအတွင်း ထိုင်းဘုရင် နဲ့ ဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သူ များကို အပြစ်ပေးအရေးယူမယ့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲသွားဖို့မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရပါတယ်။ ချင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ထိုင်းပြည်သူများက "ချင်းမိုင်ပြည်သူများဟာ ထိုင်းဘုရင်ကို ချစ်မြတ်နိုးတယ်" ဆိုတဲ့ စာတမ်းပါ ရှပ်အင်္ကျီများကို ဝတ်ဆင်ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။


ထိုင်းဆန္ဒပြပွဲမှာ ပါဝင်သူများက "ထိုင်းနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံဖြစ်တယ်။ ဘုရင်ကလည်း ကျွန်တော်တို့ ဘုရင် ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ပါနဲ့" လို့ အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Raymond D Morton ဟာ ဆန္ဒပြအုပ်စုများနဲ့တွေ့ဆုံဆွေးနွေးဖို့ အပြင်ထွက်လာခဲ့ပြီး ဆန္ဒပြအုပ်စုခေါင်းဆောင်က စာရွက်စာတမ်းတွေကို ပေးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။


ထိုင်းနိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ရုံးရဲ့တာဝန်ရှိသူက အမေရိကန်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးစနစ် နဲ့ ရွေးကောက်ပွဲစနစ်ကို ကြားဝင်စွက်ဖက်ဖို့ ဘယ်တော့မှ အစီအစဉ်မရှိကြောင်း ပြောပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့တီရာက "ထိုင်းအစိုးရစနစ်ကို နားလည်မှုပိုမိုရှိလာစေဖို့ ကျွန်တော်တို့ဟာ ကောင်စစ် ဝန်ရုံးက တာဝန်ရှိသူကိုတောင်းဆိုတဲ့စာရွက်စာတမ်းတွေ ပေးခဲ့တယ်။ ထိုင်းနိုင်ငံဟာ တော်ဝင်မိသားစု နဲ့ ရောယှက်တည်ဆောက်ထားတဲ့ အစိုးရစနစ်ရှိတဲ့ လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်" လို့ ပြောပါတယ်။


zawgyi version


ဂျန်ဇက် (NP News) - ဇွန် ၁












Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လူသတ်ဝါဒကို အလိုမရှိကြောင်း ပြသဖို့ ပျက်ကွက်ခဲ့ကြတဲ့ အသင်းအဖွဲ့တွေ (၃၁-၅-၃ဝ၂၃)

RECENT POSTS
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved