Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော တူရကီသမ္မတအာဒိုဂန်ကို ရုရှားသမ္မတပူတင်ချီးကျူးဂုဏ်ပြု

Pika (NP News) - မေ ၂၉

တူရကီသမ္မတအာဒိုဂန်သည် ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် သမ္မတအဖြစ် တတိယသက်တမ်းကို ဆက်လက်တာဝန်ယူခွင့်ရမည့်အပေါ်  ရုရှားသမ္မတပူတင်က ချီးကျူးစကားပြောခဲ့ကြောင်းသိရသည်။

ထို့အပြင် ရုရှားနှင့်တူရကီကြား ဆက်ဆံရေးခိုင်မာစေရန်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလုပ်ဆောင်ခဲ့သော အာဒိုဂန်ကို ကျေးဇူးတင်မိကြောင်း ပူတင်ကထပ်မံပြောဆိုခဲ့သည်။ ရုရှားသမ္မတပူတင်က "ရွေးကောက်ပွဲမှာ အာဒိုဂန်ရဲ့အောင်ပွဲက တူရကီသမ္မတအဖြစ် ကိုယ်ကျိုးမဖက်လုပ်ဆောင်ခဲ့တဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်အချုပ်အခြာအာဏာကို ခိုင်ခံ့စေပြီး လွတ်လပ်တဲ့နိုင်ငံ ခြားရေးမူဝါဒကို ကျင့်သုံးဖို့အတွက် အာဒိုဂန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို တူရကီပြည်သူတွေက ထောက်ခံတယ်ဆိုတဲ့ အထောက်အထားတစ်ခုလည်းဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။

တူရကီသမ္မတအာဒိုဂန်သည် တစ်ကျော့ပြန်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီခေါင်းဆောင် Kemal Kilicdaroglu ကိုအနိုင်ရရှိပြီးနောက် တတိယအကြိမ်မြောက် သမ္မတရာထူးကို ထပ်မံရယူနိုင်ခဲ့ကြောင်း တူရကီရွေးကောက်ပွဲကောင်စီ၏ အကြီးအကဲက ထုတ်ပြန်ကြေညာခဲ့သည်။ အာဒိုဂန်သည် ထောက်ခံမဲ(၅၂ ဒသမ ၁၄)ရာခိုင်နှုန်းရရှိခဲ့ပြီး Kemal Kilicdaroglu သည် ထောက်ခံမဲ(၄၇ ဒသမ ၈၆)ရာခိုင်နှုန်းရရှိခဲ့ကြောင်း တူရကီရွေးကောက်ပွဲကောင်စီဥက္ကဋ္ဌ Ahmet Yener ကပြောကြားခဲ့သည်။

အာဒိုဂန်သည် ၎င်း၏ပြိုင်ဘက်ကို  ထောက်ခံမဲ(၂ ဒသမ ၂)သန်းဝန်းကျင်အသာဖြင့် အနိုင်ရရှိခဲ့ကြောင်း ကောင်စီကထုတ်ပြန်သော အချက်အလက်များအရသိရသည်။ မဲများ၏ (၉၈)ရာခိုင်နှုန်းခန့်ကို ရေတွက်ပြီးချိန်တွင် တူရကီသမ္မတအာဒိုဂန်သည် ၎င်း၏နေအိမ်အပြင်ဘက်တွင်ပြုလုပ်သော လူထုအစည်းအဝေးတွင် ပါဝင်အောင်ပွဲခံခဲ့ပြီး ပြည်သူများကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

အာဒိုဂန်သည် သမ္မတမဖြစ်ခင် ဝန်ကြီးချုပ်အဖြစ် (၁၁)နှစ်တာဝန်ယူခဲ့ပြီး (၂ဝ၁၄)ခုနှစ်တွင် သမ္မတရာထူးကို စတင်တာဝန်ယူခဲ့ကြောင်းသိရသည်။ အာဒိုဂန်သည် သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ၎င်း၏အာဏာကိုပိုမိုအားကောင်းလာစေသကဲ့သို့ နိုင်ငံတွင်းတွင် အစ္စလာမ်မစ်မူဝါဒများကို မြှင့်တင်ခဲ့ပြီး တူရကီကို ဥရောပသမဂ္ဂနှင့်ပေါင်းစည်းခြင်းမှ ဝေးကွာအောင်ထိန်းကျောင်းပေးနိုင်ခဲ့သော ရှေးရိုးစွဲဝါဒီတစ်ဦးဖြစ်သည်။ အာဒိုဂန်သည် ယူကရိန်းအပါအဝင် ဒေသတွင်းပဋိပက္ခများတွင် ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ရပ်တည်ခဲ့ပြီး ရုရှား၊ တရုတ်တို့နှင့် ကုန်သွယ်ရေး၊ သံတမန်ဆက်ဆံရေးများကို ထူထောင်ခဲ့ကြောင်းသိရသည်။


zawgyi version


Pika (NP News) - မေ ၂၉






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းနှင့် ပြည်ပမှ (၂၄) နာရီအတွင်း သတင်းများအား စုစည်းတင်ဆက်ခြင်း

RECENT POSTS
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved