Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံ၌ကျင်းပမည့် ယဉ်ကျေးမှုဆိုင်ရာခရီးသွား ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အွန်လိုင်းမှတစ်ဆင့်တိုက်ရိုက်မြှင့်တင်ကြော်ငြာသွားမည်

NP News - ဒီဇင်ဘာ ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖက် မြို့တော်ရက် သတ္တပတ် အစီအစဉ်တို့ကို မကြာမီ ကျင်းပရန်ရှိ ကြောင်းသိရသည်။

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာ ကျောက်ကျားအောက်ဝ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒီဇင်ဘာလ ၂၈ ရက်က အထက်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအတွက် ခရီးသွား ပြခန်း (၅ဝ)အပြင် သွားလာနေထိုင်စားသောက်ရေးကိုပါ တရုတ်နိုင်ငံဘက်က အခမဲ့စီစဉ် ဆောင်ရွက်ပေးထားကြောင်းသိရသည်။

“မြန်မာနိုင်ငံ အနေနဲ့ ချုံချင့်မြို့ရှိ ခရီးသွားပြည်သူတွေကို ဆွဲဆောင်သွားနိုင်မယ်လို့ယုံကြည်ပါတယ်။ ချုံချင့်မြို့ရှိ ခရီးသွားပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲပေးနိုင်ရင် ပိုမိုအဆင်ပြေနိုင်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေး ဗဟိုဌာနအနေနဲ့ တရုတ်-မြန်မာခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားလိုပါတယ်”ဟု မစ္စတာ ကျောက်ကျားအောက်ဝ်က ပြောသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာနကို ချုံချင့်မြို့ရှိ ပြည်သူများ သာမက တရုတ်ပြည်အနောက်ပိုင်းအထိပါ မြန်မာနိုင်ငံအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန်အတွက် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့က ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်ခရီးသွားဧည့်သည်တွေ လာရောက်ရာမှာ အဆင်ပြေ ချောမွေ့စေရေးအတွက် ဘာသာစကားမှအစ ပြင်ဆင်ဆောင် ရွက်လျက်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။

ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲကျင်းပရာတွင် ပြခန်းပေါင်း (၁၅ဝ) ခင်း ကျင်းပြသရန် စီစဉ်ထားရှိပြီး အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အွန်လိုင်းမှ တိုက်ရိုက်မြှင့်တင် ကြော်ငြာသွားမည့် အစီအစဉ်များလည်း ပါဝင်ကြောင်းသိရသည်။ အဆိုပါပြပွဲအားနှစ်စဉ် ပုံမှန်ကျင်းပနိုင်ရေးကိုလည်း စီစဉ်လျာထားကြောင်းသိရသည်။


zawgyi version


NP News - ဒီဇင်ဘာ ၂၉









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“TikTok မှာ အောင်မြင်အောင်ကြိုးစားပြီး ဒေါ်လာသိန်းချီ ဝင်ငွေရသွားတဲ့ နာအိုမီမယ်လာနီလီနေ့ဂျ်” (ထူးခြားသုတဆောင်းပါး)

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved