Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အခွန်လျာထားချက်အတိုင်း ကောက်ခံနိုင်ခြင်းမရှိသော ဝန်ကြီးဌာနများအနေဖြင့် အခွန်ရငွေလျော့နည်းရခြင်းအကြောင်းကိုဖော်ထုတ်ရန် တိုက်တွန်း

မျိုးကြီး (NP News) - မေ ၁ဝ

အခွန်လျာထားချက်အတိုင်း ကောက်ခံနိုင်ခြင်းမရှိသော ဝန်ကြီးဌာနများအနေဖြင့် အခွန်ရငွေလျော့နည်းရခြင်းအကြောင်းကို စိစစ်ဖော်ထုတ်ရန် ဒုဝန်ကြီးချုပ်ဦးဝင်းရှိန်က တိုက်တွန်းထားသည်။

ဒုဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်သည် မေလ ၉ ရက်တွင်ကျင်းပသည့် နိုင်ငံတော်အတွက် ရရန်ရှိသည့်အခွန်များ မှန်မှန်ကန်ကန်ရရှိရေးနှင့်ပတ်သက်သည့်အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု၏ သုံးလပတ်အလိုက် အခွန်ရငွေကို ပြည် ထောင်စုအစိုးရအဖွဲ့သို့လည်းကောင်း၊ ခြောက်လပတ်အလိုက် အခွန်ရငွေကို နစကသို့လည်းကောင်း ပုံမှန်အစီရင်ခံစာပြလျက်ရှိကြောင်း သိရသည်။

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် နိုင်ငံတော်၏အခွန်ရငွေစာရင်းများ၌ အခွန်အကောက်ရငွေလျာထားချက်ထက် ကျော်လွန်ကောက်ခံနိုင်သည့် ဝန်ကြီးဌာနများရှိသကဲ့သို့ လျာထားချက်ပြည့်မီရန် ကောက်ခံနိုင်ခြင်းမရှိသည့် ဝန်ကြီးဌာနအချို့လည်းရှိနေသည်ကို စိစစ်တွေ့ရှိရကြောင်း ဒုဝန်ကြီးက ပြောသည်။

ထို့ကြောင့် လျာထားချက်ပြည့်မီရန် ကောက်ခံနိုင်ခြင်းမရှိသည့် ဝန်ကြီးဌာနများအနေဖြင့် အခွန်ရငွေလျော့နည်းရသည့်အကြောင်းရင်းများကို စိစစ်ဖော်ထုတ်ကာ လာမည့်ဘဏ္ဍာရေးနှစ်၌ အခွန်အကောက်ရငွေများ မှန်ကန်စွာဖြင့် အပြည့်အဝ ကောက်ခံရရေး ဆောင်ရွက်သွားရန် ၎င်းက တိုက်တွန်းထားသည်။

နိုင်ငံတော်၏ ဝင်ငွေကို ရှာဖွေရာ၌ အခွန်စည်းကြပ်ကောက်ခံရေးသည် အဓိကကျသည့်အတွက် အခွန် ကောက်ခံပေးနေသည့် ဝန်ကြီးဌာနများအနေဖြင့် အားနည်းချက်များကို ပြုပြင်ကာ လာမည့်ဘဏ္ဍာနှစ်၌ လျာထားချက်များနှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဒုဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အတွက် ရရန်ရှိသည့်အခွန်များ မှန်မှန်ကန်ကန်ရရှိရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။

လက်ရှိ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးမှ ငွေကျပ်ဘီလျံ(၈ဝဝဝ)ကျော် အခွန်ကောက်ခံရရှိရန် နစကမှ သတ်မှတ်လျာထားကြောင်း သိရသည်။

zawgyi version

အခြန္လ်ာထားခ်က္အတိုင္း ေကာက္ခံႏိုင္ျခင္းမရွိေသာ ဝန္ႀကီးဌာနမ်ားအေနျဖင့္ အခြန္ရေငြေလ်ာ့နည္းရျခင္းအေၾကာင္းကိုေဖာ္ထုတ္ရန္ တိုက္တြန္း

မ်ိဳးႀကီး (NP News) - ေမ ၁ဝ

အခြန္လ်ာထားခ်က္အတိုင္း ေကာက္ခံႏိုင္ျခင္းမရွိေသာ ဝန္ႀကီးဌာနမ်ားအေနျဖင့္ အခြန္ရေငြေလ်ာ့နည္းရျခင္းအေၾကာင္းကို စိစစ္ေဖာ္ထုတ္ရန္ ဒုဝန္ႀကီးခ်ဳပ္ဦးဝင္းရွိန္က တိုက္တြန္းထားသည္။

ဒုဝန္ႀကီးခ်ဳပ္၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးဝင္းရွိန္သည္ ေမလ ၉ ရက္တြင္က်င္းပသည့္ ႏိုင္ငံေတာ္အတြက္ ရရန္ရွိသည့္အခြန္မ်ား မွန္မွန္ကန္ကန္ရရွိေရးႏွင့္ပတ္သက္သည့္အစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနအေနျဖင့္ ျပည္ေထာင္စု၏ သုံးလပတ္အလိုက္ အခြန္ရေငြကို ျပည္ ေထာင္စုအစိုးရအဖြဲ႕သို႔လည္းေကာင္း၊ ေျခာက္လပတ္အလိုက္ အခြန္ရေငြကို နစကသို႔လည္းေကာင္း ပုံမွန္အစီရင္ခံစာျပလ်က္ရွိေၾကာင္း သိရသည္။

၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္ တတိယသုံးလပတ္ ႏိုင္ငံေတာ္၏အခြန္ရေငြစာရင္းမ်ား၌ အခြန္အေကာက္ရေငြလ်ာထားခ်က္ထက္ ေက်ာ္လြန္ေကာက္ခံႏိုင္သည့္ ဝန္ႀကီးဌာနမ်ားရွိသကဲ့သို႔ လ်ာထားခ်က္ျပည့္မီရန္ ေကာက္ခံႏိုင္ျခင္းမရွိသည့္ ဝန္ႀကီးဌာနအခ်ိဳ႕လည္းရွိေနသည္ကို စိစစ္ေတြ႕ရွိရေၾကာင္း ဒုဝန္ႀကီးက ေျပာသည္။

ထို႔ေၾကာင့္ လ်ာထားခ်က္ျပည့္မီရန္ ေကာက္ခံႏိုင္ျခင္းမရွိသည့္ ဝန္ႀကီးဌာနမ်ားအေနျဖင့္ အခြန္ရေငြေလ်ာ့နည္းရသည့္အေၾကာင္းရင္းမ်ားကို စိစစ္ေဖာ္ထုတ္ကာ လာမည့္ဘ႑ာေရးႏွစ္၌ အခြန္အေကာက္ရေငြမ်ား မွန္ကန္စြာျဖင့္ အျပည့္အဝ ေကာက္ခံရေရး ေဆာင္႐ြက္သြားရန္ ၎က တိုက္တြန္းထားသည္။

ႏိုင္ငံေတာ္၏ ဝင္ေငြကို ရွာေဖြရာ၌ အခြန္စည္းၾကပ္ေကာက္ခံေရးသည္ အဓိကက်သည့္အတြက္ အခြန္ ေကာက္ခံေပးေနသည့္ ဝန္ႀကီးဌာနမ်ားအေနျဖင့္ အားနည္းခ်က္မ်ားကို ျပဳျပင္ကာ လာမည့္ဘ႑ာႏွစ္၌ လ်ာထားခ်က္မ်ားႏွင့္အညီ အျပည့္အဝေကာက္ခံရရွိႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ ဒုဝန္ႀကီးခ်ဳပ္က တိုက္တြန္းထားသည္။

နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုင္ငံေတာ္အတြက္ ရရန္ရွိသည့္အခြန္မ်ား မွန္မွန္ကန္ကန္ရရွိရန္ လိုအပ္သည့္အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ရန္ ၫႊန္ၾကားထားသည္။

လက္ရွိ ၂ဝ၂၃-၂ဝ၂၄ ဘ႑ာေရးႏွစ္အတြင္း ျပည္ေထာင္စုတစ္ဝန္းလုံးမွ ေငြက်ပ္ဘီလ်ံ(၈ဝဝဝ)ေက်ာ္ အခြန္ေကာက္ခံရရွိရန္ နစကမွ သတ္မွတ္လ်ာထားေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပေကျင်းနှင့် အော့တဝါ အကြား သံတမန်များ အပြန်အလှန်နှင်ထုတ်မှုများဖြစ်ပေါ်ပြီးနောက် တရုတ်၏ လက်တုံ့ပြန်မှုကို ကနေဒါကြောက်လန့်မည်မဟုတ်ဟုဆို

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved