Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပေကျင်းနှင့် အော့တဝါ အကြား သံတမန်များ အပြန်အလှန်နှင်ထုတ်မှုများဖြစ်ပေါ်ပြီးနောက် တရုတ်၏ လက်တုံ့ပြန်မှုကို ကနေဒါကြောက်လန့်မည်မဟုတ်ဟုဆို

Htay Oung (NP News) - မေ ၁၁

ပေကျင်းနဲ့ အော့တဝါအကြား သံတမန်အပြန်အလှန်နှင်ထုတ်မှုများ ဖြစ်ပေါ်ပြီးနောက် တရုတ်ရဲ့ လက် တုံ့ပြန်မှုဟာ ကနေဒါအပေါ် ခြိမ်းခြောက်ရာ မရောက်ကြောင်း ဝန်ကြီးချုပ် ဂျတ်စတင်ထရူးဒိုးက အင်္ဂါနေ့(မေလ ၉ ရက်)မှာ ပြောဆိုတယ်လို့ Reuters က မေလ ၁ဝ ရက်မှာရေးသားပါတယ်။

နိုင်ငံခြားရေးစွက်ဖက်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်များနဲ့ တရုတ်သံအမတ်ကြီး ကျောက်ဝေကို တနင်္လာနေ့မှာ ကနေဒါက နှင်ထုတ်ခဲ့ပါတယ်။ အဲဒီကိစ္စဟာ အော့တဝါရဲ့ အကျိုးသင့် အကြောင်းသင့် မဟုတ်တဲ့ လုပ်ရပ်ပဲလို့ တရုတ်နိုင်ငံက ပြောဆိုအပြီး နာရီပိုင်းအကြာ ရှန်ဟိုင်းရှိ ကနေဒါသံတမန်တစ်ဦးကို မေလ ၁၃ ရက် နောက်ဆုံးထားပြီး ထွက်ခွာရန် ပေကျင်းက တောင်းဆိုလိုက်ပါတယ်။

"လက်တုံ့ပြန်ခြင်းရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အမှု ထားစရာ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံသားတွေအပေါ် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကနေ ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အရာအားလုံးကို ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ ဝန်ကြီးချုပ် ဂျတ်စတင်ထရူးဒိုးက အော့တဝါမှာ သတင်းထောက်တွေကို ပြောပြပါတယ်။

၂ဝ၁၈ ခုနှစ်မှာ ကနေဒါ အာဏာပိုင်များက တရုတ်ဟွာဝေးနည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိ မန်ဝမ်ကျောင်ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် ပေကျင်းကလည်း ကနေဒါနိုင်ငံသား နှစ်ဦးကို သူလျှိုမှု စွဲချက်နဲ့ ဖမ်းဆီးခြင်းများ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ ဖမ်းဆီးခံရသူ (၃)ဦးစလုံးဟာ ၂ဝ၂၁ ခုနှစ်ရောက်မှ အသီးသီး လွတ်မြောက်ခဲ့ကြပါတယ်။

ယခုနောက်ဆုံး ဖြစ်ရပ်ဟာ ကနေဒါအတွက် စီးပွားရေး ဂယက်ရိုက်လာမှာကို အချို့က စိုးရိမ်နေကြပါတယ်။ ကနေဒါနိုင်ငံထုတ် ကုန်ပစ္စည်းများကို တရုတ်ရဲ့ တင်သွင်းမှုဟာ ပြီးခဲ့တဲ့နှစ်မှာ ကန်ဒေါ်လာ ၇၄ ဒသမ ၈ ဘီလျံအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ကနေဒါအတွက် တရုတ်ဟာ အမေရိကန်ပြီးလျှင် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်နေပါတယ်။

တရုတ်နိုင်ငံဟာ ၂ဝ၁၈ ခုနှစ်တုန်းက သူတို့ချမှတ်ခဲ့တဲ့ ရတ်ချတ်ဆန်အင်တာနေရှင်နယ်နဲ့ ဗစ်တာရာကုန် သွယ်ရေးကုမ္ပဏီများထံမှ ကနေဒါနိုင်ငံရဲ့ အဓိက အိတ်စ်ပို့သီးနှံ ကန်နိုလာ မုန်ညှင်း တင်သွင်းမှုအပေါ် သုံးနှစ်ကြာ ပိတ်ပင်ထားမှုကို ရုတ်သိမ်းခဲ့ပါတယ်။ တရုတ်ဟာ ကနေဒါပိုတက်ရှ်နှင့် ဂျုံတို့ကို အများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်ပါတယ်။

"တရုတ်နဲ့ ပတ်သက်လာရင် လက်တုံ့ပြန်မယ့် အန္တရာယ်အမြဲရှိပါတယ်" လို့ ကနေဒါ စိုက်ပျိုးကုန်အရေး မူဝါဒဆိုင်ရာ အင်စတီကျု့မှ မန်နေးဂျင်းဒါရိုက်တာ မှတ်ချက်ပေးပါတယ်။ “ဒါပေမယ့် တရုတ်အစိုးရဟာ လွန်ခဲ့တဲ့နှစ်တွေ ထက်စာရင် စားနပ်ရိက္ခာဖူလုံရေးမှာ ပိုပြီး သတိထားနေပုံရတဲ့အတွက် ယခုကိစ္စအပေါ် အန္တရာယ်ကို လျော့ပါး သွားစေနိုင်ပါတယ်” လို့ ဆိုပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ဂျုံနဲ့ ဟင်းသီးဟင်းရွက်ဆီ တင်ပို့ရောင်း၀ယ်မှုအပေါ် ပိုမိုတင်းကျပ် လာချိန်ဖြစ်တဲ့အတွက် တရုတ်အနေနဲ့ ကနေဒါဂျုံနဲ့ ကန်နိုလာမုန်ညှင်း တင်သွင်းမှုကို ကန့်သတ်ဖို့ အခက်တွေ့ ဖွယ်ရှိပါတယ်။

တရုတ်နိုင်ငံဟာ ပိုပြီး ရာထူးကြီးတဲ့ အရာရှိ သို့မဟုတ် အရာရှိအမြောက်အများကို နှင်ထုတ်ခြင်းဖြင့် တုံ့ပြန်နိုင်ကြောင်း ကနေဒီယန်ရုပ်သံလွှင့်ကော်ပိုရေးနဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ဟောင်း တစ်ဦးက ပြောပါတယ်။

ပြင်းထန်လွန်းတဲ့ COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီး နိုင်ငံခြားကုမ္ပဏီများတွေ လာရောက်ဆက်လက် အလုပ်လုပ်နိုင်စေရေး အာမခံချက်ပေးရန် ကြိုးစားနေတဲ့ တရုတ်အနေနဲ့ (ကနေဒါအပေါ်) စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို အားကိုးဖို့ မျှော်လင့်စရာ မရှိကြောင်း သံအမတ်ဟောင်းက မှတ်ချက်ပေးပါတယ်။

ယခုနှစ် ပေကျင်းဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင်များ အတွက် ကော်ဇောနီခင်းပြခဲ့ပြီး၊ လက်ရှိအလုပ်အကိုင်ပွင့်လင်းမှုများ သေချာစေဖို့ တရုတ်၀န်ကြီးချုပ် လီကျန်းကိုယ်တိုင် စီးပွားရေးလုပ်ငန်း ကော်ပိုရိတ်ခေါင်းဆောင်များထံ အရောက်သွားနေချိန်ဖြစ်ပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေ တရုတ်နိုင်ငံကို ပြန်လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြရေး ဆွဲဆောင် ( စိတ်ချစေဖို့) ပေကျင်းက အားထုတ်နေတဲ့အတွက် ကနေဒါအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ လက်တုန့်ပြန်ဖို့ဆိုတာ အဲ့ဒီကုမ္ပဏီတွေကို အလွန်ဆိုးရွားတဲ့ သတင်းစကားတစ်ခုပေးပို့ရာ ရောက်ပါလိမ့်မယ်” လို့ သံအမတ်ကြီးက ထင်မြင်ချက်ပေးပါတယ်။

(ယခုကိစ္စတွင် တရုတ်က မှန်သလား ကနေဒါက မှန်သလား အဆုံးအဖြတ်ပေးရန် ဥာဏ်လည်း မမီ၊ ကျွန်တော့်အလုပ်လည်း မဟုတ်ပါ။ သို့သော် နိုင်ငံအချင်းချင်းတို့အကြား တင်းမာတစ်ခုခု ဖြစ်ပွားသည့်အခါ သံခင်း တမန်ခင်းအရ “မျက်နှာထောက်ရသည်များ” ရှိတတ်ပြီး စိတ်ထင်တိုင်း လုပ်၍ မရကြောင်း မှန်းဆမိပါသည်။

သံတမန်များကို အပြန်အလှန်နှင်ထုတ်ကြသည့်အထိ တင်းမာမှု အဆုံးစွန် ရောက်နေသော်လည်း တရုတ်အမြင်တွင် ကနေဒါမှာ ATM ငွေထုတ်စက်ကြီးဖြစ်နေသည်။ ကနေဒါအတွက်လည်း တရုတ်မှာ ဧရာမနိဗ္ဗာန်စျေး ကြီးဖြစ်နေသည်။

နိုင်ငံတစ်နိုင်ငံအပေါ် အခြားနိုင်ငံများက ယခုကဲ့သို့ “ခံ့ညား“ လာစေရေးမှာ “ဂါထာရွတ်နေ၍ မရပဲ” ကိုယ်ပိုင် အရည်အချင်းနှင့် မက်လုံးကောင်းကောင်း ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်ပါလိမ့်မည်။ ရေတွင်းထဲက ဖားများလို ကောင်းကင်ကြီးဆိုတာ စကောလောက် ကျယ်သည်ဟု ထင်နေပြီး နိုင်ငံရေးအာဃာတများနှင့် သောက်ဖောင်းထုသူများ “လူသားရင်းမြစ်“ ဖြစ်နေသရွေ့ ဆဲရင်း ဆဲရင်းနှင့် ဆင်းရဲနေကာ ဟိုလူက ခေါင်းပုတ်၊ ဒီလူက ဖျင်နှိုက် “ #လူ့နောက်ဘိတ်ချေးတို့တိုင်းပြည်" ဖြစ်နေပါလိမ့်မည်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်။)

(Reuters., 10 May 2023,” Canada will not be intimidated by China retaliation, PM Trudeau says” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ေပက်င္းႏွင့္ ေအာ့တဝါ အၾကား သံတမန္မ်ား အျပန္အလွန္ႏွင္ထုတ္မႈမ်ားျဖစ္ေပၚၿပီးေနာက္ တ႐ုတ္၏ လက္တုံ႔ျပန္မႈကို ကေနဒါေၾကာက္လန္႔မည္မဟုတ္ဟုဆို
Htay Oung (NP News) - ေမ ၁၁

ေပက်င္းနဲ႔ ေအာ့တဝါအၾကား သံတမန္အျပန္အလွန္ႏွင္ထုတ္မႈမ်ား ျဖစ္ေပၚၿပီးေနာက္ တ႐ုတ္ရဲ႕ လက္ တုံ႔ျပန္မႈဟာ ကေနဒါအေပၚ ၿခိမ္းေျခာက္ရာ မေရာက္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ဂ်တ္စတင္ထ႐ူးဒိုးက အဂၤါေန႔(ေမလ ၉ ရက္)မွာ ေျပာဆိုတယ္လို႔ Reuters က ေမလ ၁ဝ ရက္မွာေရးသားပါတယ္။

ႏိုင္ငံျခားေရးစြက္ဖက္မႈနဲ႔ ပတ္သက္တဲ့ စြပ္စြဲခ်က္မ်ားနဲ႔ တ႐ုတ္သံအမတ္ႀကီး ေက်ာက္ေဝကို တနလၤာေန႔မွာ ကေနဒါက ႏွင္ထုတ္ခဲ့ပါတယ္။ အဲဒီကိစၥဟာ ေအာ့တဝါရဲ႕ အက်ိဳးသင့္ အေၾကာင္းသင့္ မဟုတ္တဲ့ လုပ္ရပ္ပဲလို႔ တ႐ုတ္ႏိုင္ငံက ေျပာဆိုအၿပီး နာရီပိုင္းအၾကာ ရွန္ဟိုင္းရွိ ကေနဒါသံတမန္တစ္ဦးကို ေမလ ၁၃ ရက္ ေနာက္ဆုံးထားၿပီး ထြက္ခြာရန္ ေပက်င္းက ေတာင္းဆိုလိုက္ပါတယ္။

"လက္တုံ႔ျပန္ျခင္းရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔ နားလည္ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔အေနနဲ႔ အမႈ ထားစရာ မဟုတ္ပါဘူး။ ကေနဒါႏိုင္ငံသားေတြအေပၚ ႏိုင္ငံျခားဝင္ေရာက္စြက္ဖက္မႈကေန ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့ အရာအားလုံးကို ဆက္လက္လုပ္ေဆာင္သြားမွာပါ" လို႔ ဝန္ႀကီးခ်ဳပ္ ဂ်တ္စတင္ထ႐ူးဒိုးက ေအာ့တဝါမွာ သတင္းေထာက္ေတြကို ေျပာျပပါတယ္။

၂ဝ၁၈ ခုႏွစ္မွာ ကေနဒါ အာဏာပိုင္မ်ားက တ႐ုတ္ဟြာေဝးနည္းပညာကုမၸဏီ အမႈေဆာင္အရာရွိ မန္ဝမ္ေက်ာင္ကို ဖမ္းဆီးခဲ့ပါတယ္။ ေနာက္ဆက္တြဲအျဖစ္ ေပက်င္းကလည္း ကေနဒါႏိုင္ငံသား ႏွစ္ဦးကို သူလွ်ိဳမႈ စြဲခ်က္နဲ႔ ဖမ္းဆီးျခင္းမ်ား ဆက္တိုက္ ျဖစ္ပြားခဲ့ပါတယ္။ ဖမ္းဆီးခံရသူ (၃)ဦးစလုံးဟာ ၂ဝ၂၁ ခုႏွစ္ေရာက္မွ အသီးသီး လြတ္ေျမာက္ခဲ့ၾကပါတယ္။

ယခုေနာက္ဆုံး ျဖစ္ရပ္ဟာ ကေနဒါအတြက္ စီးပြားေရး ဂယက္႐ိုက္လာမွာကို အခ်ိဳ႕က စိုးရိမ္ေနၾကပါတယ္။ ကေနဒါႏိုင္ငံထုတ္ ကုန္ပစၥည္းမ်ားကို တ႐ုတ္ရဲ႕ တင္သြင္းမႈဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ကန္ေဒၚလာ ၇၄ ဒသမ ၈ ဘီလ်ံအထိ စံခ်ိန္တင္ ျမင့္တက္ခဲ့ၿပီး ကေနဒါအတြက္ တ႐ုတ္ဟာ အေမရိကန္ၿပီးလွ်င္ ဒုတိယအႀကီးဆုံး ကုန္သြယ္ဖက္ႏိုင္ငံျဖစ္ေနပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၂ဝ၁၈ ခုႏွစ္တုန္းက သူတို႔ခ်မွတ္ခဲ့တဲ့ ရတ္ခ်တ္ဆန္အင္တာေနရွင္နယ္နဲ႔ ဗစ္တာရာကုန္ သြယ္ေရးကုမၸဏီမ်ားထံမွ ကေနဒါႏိုင္ငံရဲ႕ အဓိက အိတ္စ္ပို႔သီးႏွံ ကန္ႏိုလာ မုန္ညႇင္း တင္သြင္းမႈအေပၚ သုံးႏွစ္ၾကာ ပိတ္ပင္ထားမႈကို ႐ုတ္သိမ္းခဲ့ပါတယ္။ တ႐ုတ္ဟာ ကေနဒါပိုတက္ရွ္ႏွင့္ ဂ်ဳံတို႔ကို အမ်ားဆုံး တင္သြင္းတဲ့ ႏိုင္ငံျဖစ္ပါတယ္။

"တ႐ုတ္နဲ႔ ပတ္သက္လာရင္ လက္တုံ႔ျပန္မယ့္ အႏၲရာယ္အၿမဲရွိပါတယ္" လို႔ ကေနဒါ စိုက္ပ်ိဳးကုန္အေရး မူဝါဒဆိုင္ရာ အင္စတီက်ဳ႕မွ မန္ေနးဂ်င္းဒါ႐ိုက္တာ မွတ္ခ်က္ေပးပါတယ္။ “ဒါေပမယ့္ တ႐ုတ္အစိုးရဟာ လြန္ခဲ့တဲ့ႏွစ္ေတြ ထက္စာရင္ စားနပ္ရိကၡာဖူလုံေရးမွာ ပိုၿပီး သတိထားေနပုံရတဲ့အတြက္ ယခုကိစၥအေပၚ အႏၲရာယ္ကို ေလ်ာ့ပါး သြားေစႏိုင္ပါတယ္” လို႔ ဆိုပါတယ္။

ယူကရိန္းစစ္ပြဲေၾကာင့္ ကမာၻလုံးဆိုင္ရာ ဂ်ဳံနဲ႔ ဟင္းသီးဟင္း႐ြက္ဆီ တင္ပို႔ေရာင္း၀ယ္မႈအေပၚ ပိုမိုတင္းက်ပ္ လာခ်ိန္ျဖစ္တဲ့အတြက္ တ႐ုတ္အေနနဲ႔ ကေနဒါဂ်ဳံနဲ႔ ကန္ႏိုလာမုန္ညႇင္း တင္သြင္းမႈကို ကန႔္သတ္ဖို႔ အခက္ေတြ႕ ဖြယ္ရွိပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ပိုၿပီး ရာထူးႀကီးတဲ့ အရာရွိ သို႔မဟုတ္ အရာရွိအေျမာက္အမ်ားကို ႏွင္ထုတ္ျခင္းျဖင့္ တုံ႔ျပန္ႏိုင္ေၾကာင္း ကေနဒီယန္႐ုပ္သံလႊင့္ေကာ္ပိုေရးနဲ႔ ေတြ႕ဆုံရာမွာ တ႐ုတ္ႏိုင္ငံဆိုင္ရာ ကေနဒါသံအမတ္ေဟာင္း တစ္ဦးက ေျပာပါတယ္။

ျပင္းထန္လြန္းတဲ့ COVID-19 ကန႔္သတ္ခ်က္မ်ားကို ေျဖေလွ်ာ့ေပးၿပီး ႏိုင္ငံျခားကုမၸဏီမ်ားေတြ လာေရာက္ဆက္လက္ အလုပ္လုပ္ႏိုင္ေစေရး အာမခံခ်က္ေပးရန္ ႀကိဳးစားေနတဲ့ တ႐ုတ္အေနနဲ႔ (ကေနဒါအေပၚ) စီးပြားေရးပိတ္ဆို႔ဒဏ္ခတ္မႈကို အားကိုးဖို႔ ေမွ်ာ္လင့္စရာ မရွိေၾကာင္း သံအမတ္ေဟာင္းက မွတ္ခ်က္ေပးပါတယ္။

ယခုႏွစ္ ေပက်င္းဟာ ျပင္သစ္သမၼတ အီမန္န်ဴရယ္မက္ခြန္အပါအဝင္ အေနာက္ႏိုင္ငံေခါင္းေဆာင္မ်ား အတြက္ ေကာ္ေဇာနီခင္းျပခဲ့ၿပီး၊ လက္ရွိအလုပ္အကိုင္ပြင့္လင္းမႈမ်ား ေသခ်ာေစဖို႔ တ႐ုတ္၀န္ႀကီးခ်ဳပ္ လီက်န္းကိုယ္တိုင္ စီးပြားေရးလုပ္ငန္း ေကာ္ပိုရိတ္ေခါင္းေဆာင္မ်ားထံ အေရာက္သြားေနခ်ိန္ျဖစ္ပါတယ္။

ႏိုင္ငံျခားကုမၸဏီေတြ တ႐ုတ္ႏိုင္ငံကို ျပန္လာၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ကိုင္ၾကေရး ဆြဲေဆာင္ ( စိတ္ခ်ေစဖို႔) ေပက်င္းက အားထုတ္ေနတဲ့အတြက္ ကေနဒါအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈနဲ႔ လက္တုန္႔ျပန္ဖို႔ဆိုတာ အဲ့ဒီကုမၸဏီေတြကို အလြန္ဆိုး႐ြားတဲ့ သတင္းစကားတစ္ခုေပးပို႔ရာ ေရာက္ပါလိမ့္မယ္” လို႔ သံအမတ္ႀကီးက ထင္ျမင္ခ်က္ေပးပါတယ္။

(ယခုကိစၥတြင္ တ႐ုတ္က မွန္သလား ကေနဒါက မွန္သလား အဆုံးအျဖတ္ေပးရန္ ဥာဏ္လည္း မမီ၊ ကြၽန္ေတာ့္အလုပ္လည္း မဟုတ္ပါ။ သို႔ေသာ္ ႏိုင္ငံအခ်င္းခ်င္းတို႔အၾကား တင္းမာတစ္ခုခု ျဖစ္ပြားသည့္အခါ သံခင္း တမန္ခင္းအရ “မ်က္ႏွာေထာက္ရသည္မ်ား” ရွိတတ္ၿပီး စိတ္ထင္တိုင္း လုပ္၍ မရေၾကာင္း မွန္းဆမိပါသည္။

သံတမန္မ်ားကို အျပန္အလွန္ႏွင္ထုတ္ၾကသည့္အထိ တင္းမာမႈ အဆုံးစြန္ ေရာက္ေနေသာ္လည္း တ႐ုတ္အျမင္တြင္ ကေနဒါမွာ ATM ေငြထုတ္စက္ႀကီးျဖစ္ေနသည္။ ကေနဒါအတြက္လည္း တ႐ုတ္မွာ ဧရာမနိဗၺာန္ေစ်း ႀကီးျဖစ္ေနသည္။

ႏိုင္ငံတစ္ႏိုင္ငံအေပၚ အျခားႏိုင္ငံမ်ားက ယခုကဲ့သို႔ “ခံ့ညား“ လာေစေရးမွာ “ဂါထာ႐ြတ္ေန၍ မရပဲ” ကိုယ္ပိုင္ အရည္အခ်င္းႏွင့္ မက္လုံးေကာင္းေကာင္း ပိုင္ဆိုင္သူျဖစ္ရန္ လိုအပ္ပါလိမ့္မည္။ ေရတြင္းထဲက ဖားမ်ားလို ေကာင္းကင္ႀကီးဆိုတာ စေကာေလာက္ က်ယ္သည္ဟု ထင္ေနၿပီး ႏိုင္ငံေရးအာဃာတမ်ားႏွင့္ ေသာက္ေဖာင္းထုသူမ်ား “လူသားရင္းျမစ္“ ျဖစ္ေနသေ႐ြ႕ ဆဲရင္း ဆဲရင္းႏွင့္ ဆင္းရဲေနကာ ဟိုလူက ေခါင္းပုတ္၊ ဒီလူက ဖ်င္ႏႈိက္ “ #လူ႔ေနာက္ဘိတ္ေခ်းတို႔တိုင္းျပည္" ျဖစ္ေနပါလိမ့္မည္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္သည္။)

(Reuters., 10 May 2023,” Canada will not be intimidated by China retaliation, PM Trudeau says” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဆီယံအဖွဲ့အနေနဲ့ မြန်မာအရေးနဲ့ပတ်သက်ပြီး စုစည်းညီညွတ်ကြောင်း ပြသရမယ်လို့ အင်ဒိုနီးရှား သမ္မတပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved