Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံအဖွဲ့အနေနဲ့ မြန်မာအရေးနဲ့ပတ်သက်ပြီး စုစည်းညီညွတ်ကြောင်း ပြသရမယ်လို့ အင်ဒိုနီးရှား သမ္မတပြော

ဂျန်ဇက် (NP News) - မေ ၁၁

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ဖို့ ထပ်မံလုပ်ဆောင်မယ့် ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး စုစည်းညီညွတ်ကြောင်းပြသရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းဖို့ လုပ်ဆောင်ထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက် အ ကောင်အထည်ဖော်ရေးဟာ လက်ရှိအချိန်အထိသိသာတဲ့တိုးတက်မှုမျိုးမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတဟာ အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်းအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ သမ္မတ ဝီဒိုဒိုက "ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရေးအခြေနေနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေ ပွင့်ပွင့်လင်းလင်းပြောရမယ်။ အာဆီယံသဘောတူညီချက်ငါးချက်က သိသာတဲ့တိုးတက်မှုမျိုးမရှိသေးဘူး၊ ဒါကြောင့် မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး နောက်ထပ်လုပ်ဆောင်မယ့်အဆင့်တွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အာဆီယံအဖွဲ့ဟာ စုစည်းညီညွတ်မှုရှိတာကို ပြသဖို့လိုအပ်တယ်" လို့ပြောပါတယ်။

အာဆီယံခေါင်းဆောင်များဟာ မြန်မာနိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး နစက ခေါင်း ဆောင်နဲ့တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ပေမယ့် နှစ်နှစ်ကျော်ကြာချိန်အထိ သဘောတူညီချက်များ တိုးတက်မှုမရှိသေးကြောင်းသိရပါတယ်။ အဆိုပါ အာဆီယံသဘောတူညီချက်ငါးချက်တိုးတက်မှုမရှိတဲ့အတွက် နစကအဖွဲ့ခေါင်းဆောင်နဲ့တာဝန်ရှိသူများကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ဖိတ်ကြားခြင်းမျိုးမရှိကြောင်းသိရပါတယ်။

အာဆီယံအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်ဒေါက်တာ Kao Kim Hourn က အာဆီယံသဘောတူညီချက်ငါးချက်ထဲမှာပါဝင်တဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး နဲ့ မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးတွေ့ဆုံဆွေးနွေးရေးအတွက် နစက နဲ့ စေ့စပ်ဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ကြောင်းပြောပါတယ်။

၎င်းက "မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်တန့်တာမျိုးတွေ့မြင်လိုပါတယ်" လို့ပြောပါတယ်။

zawgyi version
အာဆီယံအဖြဲ႕အေနနဲ႔ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး စုစည္းညီၫြတ္ေၾကာင္း ျပသရမယ္လို႔ အင္ဒိုနီးရွား သမၼတေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၁

အင္ဒိုနီးရွား သမၼတ ဂ်ိဳကိုဝီဒိုဒိုက အာဆီယံအဖြဲ႕ဟာ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကို ေျဖရွင္းႏိုင္ဖို႔ ထပ္မံလုပ္ေဆာင္မယ့္ ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး စုစည္းညီၫြတ္ေၾကာင္းျပသရမွာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံေရးအခက္အခဲကိုေျဖရွင္းဖို႔ လုပ္ေဆာင္ထားတဲ့ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ အ ေကာင္အထည္ေဖာ္ေရးဟာ လက္ရွိအခ်ိန္အထိသိသာတဲ့တိုးတက္မႈမ်ိဳးမရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူထားေသာ အင္ဒိုနီးရွားႏိုင္ငံရဲ႕သမၼတဟာ အင္ဒိုနီးရွားႏိုင္ငံ Labuan Bajo ၿမိဳ႕မွာက်င္းပတဲ့ အာဆီယံထိပ္သီးအစည္းအေဝးအတြင္းအခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ပါတယ္။ သမၼတ ဝီဒိုဒိုက "ဒီအစည္းအေဝးမွာ ျမန္မာႏိုင္ငံေရးအေျခေနနဲ႔ပတ္သက္ၿပီး အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြ ပြင့္ပြင့္လင္းလင္းေျပာရမယ္။ အာဆီယံသေဘာတူညီခ်က္ငါးခ်က္က သိသာတဲ့တိုးတက္မႈမ်ိဳးမရွိေသးဘူး၊ ဒါေၾကာင့္ ျမန္မာႏိုင္ငံေရးအေျခအေနနဲ႔ပတ္သက္ၿပီး ေနာက္ထပ္လုပ္ေဆာင္မယ့္အဆင့္ေတြနဲ႔ပတ္သက္လို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ရာမွာ အာဆီယံအဖြဲ႕ဟာ စုစည္းညီၫြတ္မႈရွိတာကို ျပသဖို႔လိုအပ္တယ္" လို႔ေျပာပါတယ္။

အာဆီယံေခါင္းေဆာင္မ်ားဟာ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကိုေျဖရွင္းႏိုင္ဖို႔ ရည္႐ြယ္ၿပီး နစက ေခါင္း ေဆာင္နဲ႔ေတြ႕ဆုံေဆြးေႏြးကာ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို ရယူႏိုင္ခဲ့ေပမယ့္ ႏွစ္ႏွစ္ေက်ာ္ၾကာခ်ိန္အထိ သေဘာတူညီခ်က္မ်ား တိုးတက္မႈမရွိေသးေၾကာင္းသိရပါတယ္။ အဆိုပါ အာဆီယံသေဘာတူညီခ်က္ငါးခ်က္တိုးတက္မႈမရွိတဲ့အတြက္ နစကအဖြဲ႕ေခါင္းေဆာင္နဲ႔တာဝန္ရွိသူမ်ားကို အာဆီယံထိပ္သီးအစည္းအေဝးတက္ေရာက္ဖို႔ဖိတ္ၾကားျခင္းမ်ိဳးမရွိေၾကာင္းသိရပါတယ္။

အာဆီယံအဖြဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္ေဒါက္တာ Kao Kim Hourn က အာဆီယံသေဘာတူညီခ်က္ငါးခ်က္ထဲမွာပါဝင္တဲ့ အၾကမ္းဖက္မႈမ်ားရပ္တန႔္ေရး၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရး နဲ႔ ျမန္မာႏိုင္ငံေရးမွာပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံးေတြ႕ဆုံေဆြးေႏြးေရးအတြက္ နစက နဲ႔ ေစ့စပ္ေဆြးေႏြးမႈေတြဆက္လက္လုပ္ေဆာင္သြားရမွာျဖစ္ေၾကာင္းေျပာပါတယ္။

၎က "ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့အၾကမ္းဖက္မႈေတြကို အျမန္ဆုံး ရပ္တန႔္တာမ်ိဳးေတြ႕ျမင္လိုပါတယ္" လို႔ေျပာပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနှင့်တရုတ်နိုင်ငံကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပါအဝင် ကဏ္ဍ(၃)ခုတွင် ပူးပေါင်းဆောင်ရွက်ရန် CECCM ဥက္ကဋ္ဌ ဆန္ဒရှိနေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved