Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသော အင်ဒိုနီးရှားနိုင်ငံသားအယောက်(၂ဝ)ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရပြော

Pika (NP News) - မေ ၇

အရှေ့တောင်အာရှတွင် လူကုန်ကူးမှုများတိုးမြင့်လာချိန်တွင် ဆိုက်ဘာလိမ်လည်မှုတစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသော အင်ဒိုနီးရှားနိုင်ငံ သား အယောက်(၂ဝ)ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူများက မေလ(၇)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးသည် မြန်မာနိုင်ငံအတွင်းရှိ ကွန်ရက်များအကူ အညီဖြင့် မြဝတီမြို့တွင် လူကုန်ကူးဂိုဏ်းများ၏ ဖမ်းဆီးခြင်းခံထားရသော အင်ဒိုနီးရှားနိုင်ငံသားအယောက်(၂ဝ)ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး မေလ(၆)ရက်တွင် ထိုင်းနယ်စပ်သို့ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

လူကုန်ကူးခံရသူများကို အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် ဘန်ကောက်မြို့ရှိ အင်ဒိုနီးရှားသံရုံးသည် ထိုင်းအာဏာပိုင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

မြဝတီမြို့သည် ထိုင်းနယ်စပ်တစ်လျှောက်ထိစပ်နေသော ကရင် ပြည်နယ်အရှေ့ပိုင်းတွင်ရှိပြီး မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များကြား ပဋိပက္ခများ မကြာခဏဖြစ်ပွားရာနေရာတစ်ခုလည်းဖြစ်သည်။ လူကုန်ကူးသူများသည် အင်ဒိုနီးရှားနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် လစာမြင့်မားသည့် အလုပ်အကိုင်များရမည်ဟု ကမ်းလှမ်းကာ မြန်မာနိုင်ငံ မြဝတီမြို့ရှိ လူကုန်ကူးဂိုဏ်းများထံ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ Judha Nugraha ကပြောကြားခဲ့သည်။ 

လူကုန်ကူးသည့်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံသားများကို crypto ဝဘ်ဆိုဒ်များ သို့မဟုတ် အပ်ပ်များအတွက် ဆိုက်ဘာလိမ်လည်မှုများပြုလုပ်ရန် လူကုန်ကူးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ လူကုန်ကူးခံရသူများထဲမှ တစ်ဦးရိုက်ထားသော ဗီဒီယိုသည် ပြီးခဲ့သည့်လတွင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အင်ဒိုနီးရှားတစ်နိုင်ငံလုံး စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်းသိရသည်။ အဆိုပါဗီဒီယိုထဲတွင် ဒါဇင်နှင့်ချီသော အင်ဒိုနီးရှားအလုပ်သမားများကို အိပ်ခန်းဆောင်တစ်ခုထဲတွင် တွေ့ရှိခဲ့ရပြီး အကြမ်းဖက်မှုကို နေ့တိုင်းမြင်တွေ့နေရသော နေရာမှ ကယ်ထုတ်ပေးရန် ၎င်းတို့၏အစိုးရကို တောင်းဆိုထားသည်ကိုလည်းတွေ့မြင်ခဲ့ရသည်။

လူကုန်ကူးခံရသူထဲမှတစ်ဦးက"ကျွန်တော်တို့ အင်ဒိုနီးရှားနိုင်ငံကို ပြန်နိုင်အောင်ကူညီပေးပါ။ ဒီမှာကျွန်တော်တို့ဘဝက အရမ်းဆင်းရဲပြီး ခြိမ်းခြောက်ခံနေရတာပါ၊"ဟု ဗီဒီယိုဖိုင်ထဲတွင် ပြောဆိုခဲ့သည်။

၎င်းတို့သည် အလုပ်ကို target တစ်ခုသို့ရောက်အောင် မလုပ်နိုင်လျှင် ရိုက်နှက်ခံရခြင်း၊ လျှပ်စစ်ဖြင့်အတို့ခံရခြင်း၊ ကိုယ်ထိလက်ရောက် အပြစ်ပေးခြင်းများကို ခံရကြောင်း ဗီဒီယိုဖိုင်ထဲတွင် ပြောကြားထားသည်။ မြန်မာနိုင်ငံရှိ လူဝင်မှုကြီး ကြပ်ရေးဌာနတွင် အင်ဒိုနီးရှားနိုင်ငံသားများရောက်ရှိလာသည့်မှတ်တမ်းများကို မတွေ့ရှိရသောကြောင့် ၎င်းတို့အားလုံးသည် တရားမဝင်နည်းလမ်းများဖြင့် မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရဖွယ်ရှိကြောင်း အင်ဒိုနီးရှားအာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လူကုန်ကူးခံရသူအားလုံးကိုကယ်ဆယ်ရန်   နိုင်ငံခြားရေးဝန်ကြီးဌာနကို အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက အမိန့်ပေးခဲ့ကြောင်းလည်းသိရသည်။ အင်ဒိုနီးရှားအစိုးရသည် လူကုန်ကူးခံရသူအားလုံး၏ လွတ် မြောက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုထားခြင်းမျိုးမရှိသော်လည်း ၎င်းတို့ကိုအလုပ်ခန့်ထားသည့် ကုမ္ပဏီများ၊ လူကုန်ကူးဂိုဏ်းများနှင့် ညှိနှိုင်းမှုများလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆို ခွင့်ရှိသူ Sandi Nugroho ကပြောကြားခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် မြန်မာ၊ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို နှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ လူကုန်ကူးခံနေရသော အင်ဒိုနီးရှားနိုင်ငံသားများကို ကူညီရန် အစွမ်းကုန်လုပ်ဆောင်နေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကပြောကြားခဲ့သည်။

zawgyi version

ျမန္မာႏိုင္ငံသို႔ လူကုန္ကူးခံခဲ့ရေသာ အင္ဒိုနီးရွားႏိုင္ငံသားအေယာက္(၂ဝ)ကို ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း အင္ဒိုနီးရွားအစိုးရေျပာ

Pika (NP News) - ေမ ၇

အေရွ႕ေတာင္အာရွတြင္ လူကုန္ကူးမႈမ်ားတိုးျမင့္လာခ်ိန္တြင္ ဆိုက္ဘာလိမ္လည္မႈတစ္စိတ္တစ္ပိုင္းအျဖစ္ ျမန္မာႏိုင္ငံသို႔ လူကုန္ကူးခံခဲ့ရေသာ အင္ဒိုနီးရွားႏိုင္ငံ သား အေယာက္(၂ဝ)ကို ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အင္ဒိုနီးရွားအစိုးရတာဝန္ရွိသူမ်ားက ေမလ(၇)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

ရန္ကုန္ၿမိဳ႕ရွိ အင္ဒိုနီးရွားသံ႐ုံးသည္ ျမန္မာႏိုင္ငံအတြင္းရွိ ကြန္ရက္မ်ားအကူ အညီျဖင့္ ျမဝတီၿမိဳ႕တြင္ လူကုန္ကူးဂိုဏ္းမ်ား၏ ဖမ္းဆီးျခင္းခံထားရေသာ အင္ဒိုနီးရွားႏိုင္ငံသားအေယာက္(၂ဝ)ကို ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့ၿပီး ေမလ(၆)ရက္တြင္ ထိုင္းနယ္စပ္သို႔ ျပန္လည္ေခၚေဆာင္လာႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ 

လူကုန္ကူးခံရသူမ်ားကို အင္ဒိုနီးရွားႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ရန္အတြက္ ဘန္ေကာက္ၿမိဳ႕ရွိ အင္ဒိုနီးရွားသံ႐ုံးသည္ ထိုင္းအာဏာပိုင္မ်ားႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ 

ျမဝတီၿမိဳ႕သည္ ထိုင္းနယ္စပ္တစ္ေလွ်ာက္ထိစပ္ေနေသာ ကရင္ ျပည္နယ္အေရွ႕ပိုင္းတြင္ရွိၿပီး ျမန္မာစစ္တပ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားၾကား ပဋိပကၡမ်ား မၾကာခဏျဖစ္ပြားရာေနရာတစ္ခုလည္းျဖစ္သည္။ လူကုန္ကူးသူမ်ားသည္ အင္ဒိုနီးရွားႏိုင္ငံသားမ်ားကို ထိုင္းႏိုင္ငံတြင္ လစာျမင့္မားသည့္ အလုပ္အကိုင္မ်ားရမည္ဟု ကမ္းလွမ္းကာ ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕ရွိ လူကုန္ကူးဂိုဏ္းမ်ားထံ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိ Judha Nugraha ကေျပာၾကားခဲ့သည္။ 

လူကုန္ကူးသည့္အဖြဲ႕သည္ အင္ဒိုနီးရွားႏိုင္ငံသားမ်ားကို crypto ဝဘ္ဆိုဒ္မ်ား သို႔မဟုတ္ အပ္ပ္မ်ားအတြက္ ဆိုက္ဘာလိမ္လည္မႈမ်ားျပဳလုပ္ရန္ လူကုန္ကူးခဲ့ျခင္းျဖစ္ေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။ လူကုန္ကူးခံရသူမ်ားထဲမွ တစ္ဦး႐ိုက္ထားေသာ ဗီဒီယိုသည္ ၿပီးခဲ့သည့္လတြင္ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အင္ဒိုနီးရွားတစ္ႏိုင္ငံလုံး စိတ္ဆိုးေဒါသျဖစ္ခဲ့ေၾကာင္းသိရသည္။ အဆိုပါဗီဒီယိုထဲတြင္ ဒါဇင္ႏွင့္ခ်ီေသာ အင္ဒိုနီးရွားအလုပ္သမားမ်ားကို အိပ္ခန္းေဆာင္တစ္ခုထဲတြင္ ေတြ႕ရွိခဲ့ရၿပီး အၾကမ္းဖက္မႈကို ေန႔တိုင္းျမင္ေတြ႕ေနရေသာ ေနရာမွ ကယ္ထုတ္ေပးရန္ ၎တို႔၏အစိုးရကို ေတာင္းဆိုထားသည္ကိုလည္းေတြ႕ျမင္ခဲ့ရသည္။

လူကုန္ကူးခံရသူထဲမွတစ္ဦးက"ကြၽန္ေတာ္တို႔ အင္ဒိုနီးရွားႏိုင္ငံကို ျပန္ႏိုင္ေအာင္ကူညီေပးပါ။ ဒီမွာကြၽန္ေတာ္တို႔ဘဝက အရမ္းဆင္းရဲၿပီး ၿခိမ္းေျခာက္ခံေနရတာပါ၊"ဟု ဗီဒီယိုဖိုင္ထဲတြင္ ေျပာဆိုခဲ့သည္။

၎တို႔သည္ အလုပ္ကို target တစ္ခုသို႔ေရာက္ေအာင္ မလုပ္ႏိုင္လွ်င္ ႐ိုက္ႏွက္ခံရျခင္း၊ လွ်ပ္စစ္ျဖင့္အတို႔ခံရျခင္း၊ ကိုယ္ထိလက္ေရာက္ အျပစ္ေပးျခင္းမ်ားကို ခံရေၾကာင္း ဗီဒီယိုဖိုင္ထဲတြင္ ေျပာၾကားထားသည္။ ျမန္မာႏိုင္ငံရွိ လူဝင္မႈႀကီး ၾကပ္ေရးဌာနတြင္ အင္ဒိုနီးရွားႏိုင္ငံသားမ်ားေရာက္ရွိလာသည့္မွတ္တမ္းမ်ားကို မေတြ႕ရွိရေသာေၾကာင့္ ၎တို႔အားလုံးသည္ တရားမဝင္နည္းလမ္းမ်ားျဖင့္ ျမန္မာႏိုင္ငံသို႔ လူကုန္ကူးခံခဲ့ရဖြယ္ရွိေၾကာင္း အင္ဒိုနီးရွားအာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး လူကုန္ကူးခံရသူအားလုံးကိုကယ္ဆယ္ရန္   ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို အင္ဒိုနီးရွားသမၼတဂ်ိဳကိုဝီဒိုဒိုက အမိန႔္ေပးခဲ့ေၾကာင္းလည္းသိရသည္။ အင္ဒိုနီးရွားအစိုးရသည္ လူကုန္ကူးခံရသူအားလုံး၏ လြတ္ ေျမာက္မႈႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆိုထားျခင္းမ်ိဳးမရွိေသာ္လည္း ၎တို႔ကိုအလုပ္ခန႔္ထားသည့္ ကုမၸဏီမ်ား၊ လူကုန္ကူးဂိုဏ္းမ်ားႏွင့္ ညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ရဲတပ္ဖြဲ႕ ေျပာေရးဆို ခြင့္ရွိသူ Sandi Nugroho ကေျပာၾကားခဲ့သည္။ အင္ဒိုနီးရွားအစိုးရသည္ ျမန္မာ၊ကေမာၻဒီးယား၊ ထိုင္း၊ ဗီယက္နမ္၊ လာအို ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔သို႔ လူကုန္ကူးခံေနရေသာ အင္ဒိုနီးရွားႏိုင္ငံသားမ်ားကို ကူညီရန္ အစြမ္းကုန္လုပ္ေဆာင္ေနေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီကေျပာၾကားခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ စာရင်းသွင်းထားသူ (၈)သိန်းကျော်ရှိနေ

RELATED POSTS
RECENT POSTS
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved