Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ စာရင်းသွင်းထားသူ (၈)သိန်းကျော်ရှိနေ
Htay Oung (NP News) - မေ ၇
မေလ (၁၄) ရက်မှာ ပြုလုပ်မယ့် ပါလီမန်ရွေးကောက်ပွဲများမတိုင်မီ ကြိုတင်မဲပေးဖို့အတွက် ထိုင်းနိုင်ငံသား အများအပြားတို့ဟာ တနင်္ဂနွေနေ့ (မေလ ၇ ရက်)မှာ တန်းစီစောင့်ဆိုင်းနေကြတယ်လို့ Reuters က ယနေ့ (မေလ ၇ ရက်)မှာရေးသားပါတယ်။
အသက် (၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူ ၅၂ သန်းအနက် ကြိုတင်မဲပေးဖို့ မှတ်ပုံတင်ထားသူ ထိုင်းနိုင်ငံသား (၂)သန်းကျော်ရှိကြောင်း နိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ကြိုတင်မဲပေးဖို့အတွက် ဘန်ကောက်မြို့မှာ တစ်ရက်ကြိုတင် စာရင်းပေးသွင်းထားသူ (၈)သိန်းရှိပြီး "စီမံခန့်ခွဲမှုမှာ အပြောင်းအလဲနဲ့ တိုးတက်မှုကို မြင်ချင်ပါတယ်" လို့ အသက် ၅၁ နှစ်အရွယ် မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။ 
“ယခင်အစိုးရဘာတွေလုပ်ခဲ့လဲဆိုတာမြင်ပြီး အခုလာမဲ့ အုပ်ချုပ်ရေးအသစ်က ပိုပြီး ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ မျှော်လင့်နေကြသလိုပါပဲ။ အပြောင်းအလဲအတွက် မဲပေးကြပါမယ်” လို့ အသက် ၃၄ နှစ်အရွယ် အခြားအမျိုးသမီး မဲဆန္ဒရှင်တစ်ဦးက Reuters ကို ပြောပြပါတယ်။
စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ချန်အိုချာဦးဆောင် ရှေးရိုးဆန်တဲ့ စစ်တပ်လိုလားသူ အစိုးရရဲ့  ရှစ်နှစ်ကျော်ကြာ အုပ်ချုပ်ပြီးနောက် လက်ရှိ ရွေးကောက်ပွဲ အနေအထားက ကယောက်ကယက် ဖြစ်သွားစေနိုင်ပါတယ်။
အသက် ၆၉ နှစ်အရွယ် ပရာယွတ်ဟာ ၂ဝ၁၄ ခုနှစ်မှာ ပထမဆုံး အာဏာသိမ်းယူခဲ့ပါတယ်။ “တည် ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ" ဥက္ကဋ္ဌ စစ်အစိုးရခေါင်းဆောင် အသာစီးရအောင် အကြံအဖန်ပြုလုပ်ထားတယ်လို့ စွပ်စွဲကြတဲ့ ၂ဝ၁၉ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ယနေ့တိုင်အောင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။  အစိုးရက အဲဒီစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး မကြာသေးမီက ကောက်ယူရရှိခဲ့တဲ့ ရွေးကောက်ပွဲ ခန်မှန်းချက်စစ်တမ်းများအရ သူ့အပေါ် လူကြိုက်များမှုဟာ အတိုက်အခံပါတီများနောက်မှာ ပြတ်ကျန်နေခဲ့တယ်လို့ ဝေဖန်သူများက ထောက်ပြကြပါတယ်။
ယရာယွတ်ရဲ့ ထိုင်းအစိုးရဟာ ၂ဝ၂ဝ ခုနှစ် ဇူလိုင်လမှစတင်ပြီး ကန့်ကွက်ဆန္ဒပြမှုများနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပေးရန် တောင်းဆိုကြပြီး ပရာယွတ် ရာထူးမှ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဖိအားပေးမှုများကြားမှ ပရာယွတ်ဟာ ရာထူးမှနှုတ် ထွက်ရန်ငြင်းဆိုခဲ့ပြီး အဲဒီအစား အရေးပေါ်အခြေအနေကြေညာခြင်း၊ ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီးခြင်းတို့လို တင်းမာတဲ့ အစီအမံများကိုသာ အားကိုးခဲ့ပါတယ်။ လက်ရှိ နိုင်ငံရေး လိပ်ခဲတင်း လင်းဖြစ်မှုများဟာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုများကို ပိုမိုဆိုးရွားလာနိုင်ခြေရှိတဲ့အတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ပရာယွတ်အစိုးရရဲ့ COVID-19 ကပ်ရောဂါအပေါ် ကိုင်တွယ်ဖြေရှင်းရာမှာလည်း ကာကွယ်ဆေး ဝယ်ယူရေး၊ စီမံခန့်ခွဲမှု အမှားအယွင်းများနဲ့ အဂတိလိုက်စားမှုတို့ကြောင့် ဝေဖန်ခံနေရပါတယ်။
၂ဝ၁၉ ခုနှစ်မတိုင်မီ အထွေထွေရွေးကောက်ပွဲများမှာ (၅)ကြိမ်အနိုင်ရရှိခဲ့ပြီး အာဏာသိမ်းမှုနဲ့ ပရာယွတ်ကဖြုတ်ချခံခဲ့ရသူအတိုက်အခံ "ဖြူထိုင်းပါတီ” ဟာ မဲရုံအများစုမှာ ဦးဆောင်နေပြီး တိုးတက်သော Move Forward ပါတီက သူ့ရဲ့နောက်မှာ ရှိနေပါတယ်။
ယခုရွေးကောက်ပွဲဟာ အမတ်နေရာ ၅ဝဝ ရှိတဲ့ အောက်လွှတ်တော်အတွက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအမျိုးသား လွှတ်တော်မှာ အထက်နဲ့ အောက်ရယ်လို့ နှစ်ရပ်ရှိနေပြီး အထက်လွှတ်တော်အမတ် ၂၅ဝ လုံးကို ထိုင်းဘုရင့် တပ်မတော်က တိုက်ရိုက်ခန့်အပ်ပါတယ်။
(Reuters., 07 May 2023,” Thai voters cast early ballots one week before election” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
Htay Oung (NP News) - မေ ၇
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
MSME လုပ်ငန်းများ အမှန်တကယ်ဖွံ့ဖြိုးရေးအတွက် လုပ်သာကိုင်သာရှိသည့် ကောင်းမွန်သော မူဝါဒများမရှိမဖြစ်လိုအပ်ဟုဆို
RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US
Copyright © News Services Station | All Right Reserved