Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတော်အလံကို ပြောင်းပြန်ဇောက်ထိုးထားမိခဲ့တဲ့အတွက် မြန်မာအပါအဝင် အာဆီယံသုံးနိုင်ငံကို ကမ္ဘောဒီးယား ဆီးဂိမ်းကျင်းပရေးအဖွဲ့ ပြန်တောင်းပန်

ဂျန်ဇက် (NP News) - မေ ၇

ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများဟာ မေလ ၅ ရက်က Morodok Techo အမျိုးသားဘောလုံးကွင်းအတွင်းပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာမရည်ရွယ်ဘဲ မြန်မာ၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့နိုင်ငံအလံကို ပြောင်းပြန်ဇောက်ထိုးဖြစ်အောင်လုပ်ဆောင်မိခဲ့တဲ့အတွက် ပြန်လည်တောင်းပန်လိုက်ကြောင်းသိရပါတယ်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးအဖွဲ့က ဖွင့်ပွဲအခမ်းအနားအတွင်း နိုင်ငံအချို့ရဲ့အလံတွေကို မှားယွင်းပြီး ပြောင်းပြန်လုပ်မိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ လေးစားမှုမရှိတဲ့အမှားအယွင်းများလုပ်မိခဲ့တဲ့အတွက် အလွန်ပင်နောင်တရမိကြောင်း ဆိုပါတယ်။ 

ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးအဖွဲ့က "နိုင်ငံအချို့ရဲ့အလံတွေကို ပြောင်းပြန်ဇောက် ထိုးလုပ်မိခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာအပြည့်အဝတာဝန်ရှိပါတယ်။အဲဒီအတွက်လည်းခွင့်လွှတ်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဒီအမှားတွေဟာအခြားသူတွေအတွက် သတိထားစရာအဖြစ်ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ဟာအနာ ဂတ်မှာ ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်သွားပါမယ်။ ဒီလိုအမှားမျိုး နောက်ထပ်ဘယ်တော့မှ မဖြစ်အောင်လုပ်ဆောင်သွားပါမယ်" လို့ပြောပါတယ်။ 

ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးအဖွဲ့ဟာ ဖွင့်ပွဲအခမ်းအနားအတွင်း အလံပြောင်းပြန်လုပ်ခဲ့မိတဲ့ အာဆီယံဒေသအတွင်းရှိ နိုင်ငံသုံးနိုင်ငံရဲ့ သံရုံးတွေကို တရားဝင်တောင်းပန်စာပို့ထားတယ်လို့ ကမ္ဘောဒီးယားအခြေစိုက် Town Production မီဒီယာကဖော်ပြပါတယ်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားအတွင်း ကမ္ဘောဒီးယား အဆိုတော်များနဲ့  dancers များကပြဖော်ပြချိန်အတွင်း ဆီးဂိမ်းပြိုင်ပွဲဝင် နိုင်ငံများရဲ့အလံများနဲ့အတူ  performance လုပ်ဆောင်ရာမှာ မြန်မာ၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားနိုင်ငံများရဲ့ အလံများကို ပြောင်းပြန်ဇောက်ထိုးပုံစံမျိုး ဖြစ်အောင်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း နိုင်ငံအလံများ ပြောင်းပြန်ဖြစ်တဲ့အဖြစ်အပျက်များ ယခင်ကလည်းရှိခဲ့ဖူးပြီး မလေးရှားနိုင်ငံမှာ ၂ဝ၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံအလံ ပြောင်းပြန်ဖြစ်ခဲ့ဖူးရာ ပြန်တောင်းပန်ခဲ့ရကြောင်းသိရပါတယ်။

zawgyi version

ႏိုင္ငံေတာ္အလံကို ေျပာင္းျပန္ေဇာက္ထိုးထားမိခဲ့တဲ့အတြက္ ျမန္မာအပါအဝင္ အာဆီယံသုံးႏိုင္ငံကို ကေမာၻဒီးယား ဆီးဂိမ္းက်င္းပေရးအဖြဲ႕ ျပန္ေတာင္းပန္

ဂ်န္ဇက္ (NP News) - ေမ ၇

ကေမာၻဒီးယား ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရး တာဝန္ရွိသူမ်ားဟာ ေမလ ၅ ရက္က Morodok Techo အမ်ိဳးသားေဘာလုံးကြင္းအတြင္းျပဳလုပ္ခဲ့တဲ့ ဆီးဂိမ္းၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနားမွာမရည္႐ြယ္ဘဲ ျမန္မာ၊ အင္ဒိုနီးရွား နဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ရဲ႕ႏိုင္ငံအလံကို ေျပာင္းျပန္ေဇာက္ထိုးျဖစ္ေအာင္လုပ္ေဆာင္မိခဲ့တဲ့အတြက္ ျပန္လည္ေတာင္းပန္လိုက္ေၾကာင္းသိရပါတယ္။

ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရးအဖြဲ႕က ဖြင့္ပြဲအခမ္းအနားအတြင္း ႏိုင္ငံအခ်ိဳ႕ရဲ႕အလံေတြကို မွားယြင္းၿပီး ေျပာင္းျပန္လုပ္မိခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ေလးစားမႈမရွိတဲ့အမွားအယြင္းမ်ားလုပ္မိခဲ့တဲ့အတြက္ အလြန္ပင္ေနာင္တရမိေၾကာင္း ဆိုပါတယ္။ 

ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရးအဖြဲ႕က "ႏိုင္ငံအခ်ိဳ႕ရဲ႕အလံေတြကို ေျပာင္းျပန္ေဇာက္ ထိုးလုပ္မိခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔မွာအျပည့္အဝတာဝန္ရွိပါတယ္။အဲဒီအတြက္လည္းခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုလိုပါတယ္။ ဒီအမွားေတြဟာအျခားသူေတြအတြက္ သတိထားစရာအျဖစ္ရွိေနပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ဟာအနာ ဂတ္မွာ ပိုမိုတိုးတက္ေကာင္းမြန္ေအာင္လုပ္ေဆာင္သြားပါမယ္။ ဒီလိုအမွားမ်ိဳး ေနာက္ထပ္ဘယ္ေတာ့မွ မျဖစ္ေအာင္လုပ္ေဆာင္သြားပါမယ္" လို႔ေျပာပါတယ္။ 

ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရးအဖြဲ႕ဟာ ဖြင့္ပြဲအခမ္းအနားအတြင္း အလံေျပာင္းျပန္လုပ္ခဲ့မိတဲ့ အာဆီယံေဒသအတြင္းရွိ ႏိုင္ငံသုံးႏိုင္ငံရဲ႕ သံ႐ုံးေတြကို တရားဝင္ေတာင္းပန္စာပို႔ထားတယ္လို႔ ကေမာၻဒီးယားအေျခစိုက္ Town Production မီဒီယာကေဖာ္ျပပါတယ္။

အဆိုပါ ဖြင့္ပြဲ အခမ္းအနားအတြင္း ကေမာၻဒီးယား အဆိုေတာ္မ်ားနဲ႔  dancers မ်ားကျပေဖာ္ျပခ်ိန္အတြင္း ဆီးဂိမ္းၿပိဳင္ပြဲဝင္ ႏိုင္ငံမ်ားရဲ႕အလံမ်ားနဲ႔အတူ  performance လုပ္ေဆာင္ရာမွာ ျမန္မာ၊ ဗီယက္နမ္ နဲ႔ အင္ဒိုနီးရွားႏိုင္ငံမ်ားရဲ႕ အလံမ်ားကို ေျပာင္းျပန္ေဇာက္ထိုးပုံစံမ်ိဳး ျဖစ္ေအာင္လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ ဆီးဂိမ္းၿပိဳင္ပြဲအတြင္း ႏိုင္ငံအလံမ်ား ေျပာင္းျပန္ျဖစ္တဲ့အျဖစ္အပ်က္မ်ား ယခင္ကလည္းရွိခဲ့ဖူးၿပီး မေလးရွားႏိုင္ငံမွာ ၂ဝ၁၇ ခုႏွစ္က က်င္းပခဲ့တဲ့ ဆီးဂိမ္းၿပိဳင္ပြဲမွာ အင္ဒိုနီးရွားႏိုင္ငံအလံ ေျပာင္းျပန္ျဖစ္ခဲ့ဖူးရာ ျပန္ေတာင္းပန္ခဲ့ရေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီးယူရဲ့ထိပ်တန်း သံတမန်ဟာ "ကိုလိုနီနယ်ချဲ့ အတွေးအခေါ်" ရှိတယ်လို့ မော်စကို စွပ်စွဲ

RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved