Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှား၏ နျူကလီးယားစွမ်းအင်လုပ်ငန်းအပေါ် ပိတ်ဆို့အရေးယူမှုများကို ကာကွယ်မည်ဟု ဥရောပသမဂ္ဂကြုံးဝါး

Htay Oung (NP News) - မေ ၆ 

အီးယူက ပြောတဲ့အတိုင်း ရုရှားရဲ့ နျူကလီးယားစွမ်းအင်လုပ်ငန်းအပေါ် ပိတ်ဆို့အရေးယူပေးဖို့ အစီအစဉ်ကို သူတို့နိုင်ငံက မလိုက်နာနိုင်ကြောင်း ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့  ဥရောပသမဂ္ဂဝန်ကြီးများအဆင့် အစည်းအဝေးအပြီး ကြာသပတေးနေ့ (မေလ ၄ ရက်)မှာ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီယာတိုက သတင်းထောက်များကို ပြောပြတယ် လို့ RT က မေလ ၄ ရက်ကရေးသားပါတယ်။

ပြင်းထန်တဲ့ ဖိအားပေးမှုတွေ ရှိနေပေမဲ့ ဟန်ဂေရီနိုင်ငံအနေနဲ့ အနိမ့်ဆုံးအဆင့် ကန့်သတ်ပေးဖို့တောင် လက်မခံနိုင်ကြောင်း၊ နိုင်ငံတော်ရဲ့ ရပ်တည်ချက်မှာ ပြောင်းလဲစရာ မရှိဘူးလို့ ဆီယာတိုက မှတ်ချက်ပေးပါတယ်။

“ ဒီကိစ္စ အခု ကျွန်တော် ထပ်ပြောချင်ပါတယ်၊ ဒါက လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။ နျူကလီးယား (စက်မှုလုပ်ငန်း) ကို တားဆီးပိတ်ဆို့ဖို့အတွက် ဟန်ဂေရီက သဘောတူမှာ မဟုတ်ဘူး” လို့ နိုင်ငံ ခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။

ဟန်ဂေရီနိုင်ငံ “ပါ့က်စ်“ဓာတ်အားပေးစက်ရုံ တိုးချဲ့မှုဟာ နိုင်ငံတော် စွမ်းအင်လုံခြုံရေးအတွက် အရေးကြီးကြောင်း ဝန်ကြီးက ထောက်ပြခဲ့ပါတယ်။ စောစောပိုင်း ဟန်ဂေရီဟာ စက်ရုံကို တိုးချဲ့ဖို့အတွက် မော်စကိုနဲ့ သဘောတူညီခဲ့ပါတယ်။ ဟန်ဂေရီရဲ့ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်ပြီး ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် တားဆီးကန့်သတ်မယ့် ဘယ်လိုအဆိုပြုချက်မျိုးကိုမဆို ကန့်ကွက်ရလိမ့်မယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ နျူကလီယားကဏ္ဍအပေါ်ကန့်သတ်ချက်တွေဟာ အီးယူရဲ့ လက်ရှိအကောင်အထည်ဖော်နေတဲ့ ၁၁ ခုမြောက် ပိတ်ဆို့အရေးယူမှုအစီအစဉ်မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေကြောင်း၊ ဒါပေမဲ့ နျူကလီယာစွမ်းအင်ကို (မလွှဲမရှောင်သာ) အသုံးပြုနေရတဲ့ အခြား အီးယူအဖွဲ့၀င်နိုင်ငံတွေကလည်း အဲဒီ အယူအဆကို ဆန့်ကျင်ကြောင်း ဝန်ကြီးက ရှင်းပြပါတယ်။

ယူကရိန်း ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အီးယူရဲ့ ၁ဝ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှု အစီအစဉ်ကို ပြဋ္ဌာန်းချိန်တုန်းကလည်း ဟန်ဂေရီက အလားတူ ကန့်ကွက်ခဲ့ပါတယ်။ အဲ့ဒီ ပြဋ္ဌာန်းချက်ဟာ ဟန်ဂေရီနိုင်ငံရဲ့ နျူကလီယားစွမ်းအင်ကဏ္ဍနဲ့ ဖီလာကန့်လန့်ဖြစ်နေတယ်လို့ အဲဒီအချိန် ယခုနိုင်ငံရေးဝန်ကြီး ပီတာဆီယာတိုကပဲ  ပြောခဲ့ဖူးပါတယ်။

(၂ဝ၁၄-ခုနှစ် ဖေဖော်ရီလမှာ ရုရှားတို့က ခရိုင်မီးယားကျွန်းဆွယ်ကို ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန် အီးယူက ရုရှားအပေါ် ပြဋ္ဌာန်းတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများမှာ နျူကလီယာကဏ္ဍ ပါဝင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ရုရှားရဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့တင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူရာမှာ ဟန်ဂေရီက ခြွင်းချက်မရှိ လိုက်နာခြင်း မရှိပဲ သီးခြားရပ်တည်ခဲ့ပါတယ်) 

မော်စကိုနှင့် ဘူဒါပက်စ်တို့အကြား “ပါ့က်စ်နျူကလီယာ“ တိုးချဲ့မှုသဘောတူညီချက်ကို ၂၀၁၄- ခုနှစ် ဒီဇင်ဘာလမှာ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပါတယ်။ စီမံကိန်း စာချုပ်အရ အမြင့်မားဆုံး ခေတ်မီ ဘေးကင်းရေး စံချိန် စံညွှန်းများနဲ့အညီ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ခေတ်မီ VVER-1200 ဖိအားပေး “ ရေ” အသုံးပြု ဓာတ်ပေါင်းဖိုယူနစ် အသစ်နှစ်ခုကို ရုရှားက ထပ်မံ တည်ဆောက်ပေးရမှာဖြစ်ပါတယ်။

ဟန်ဂေရီနိုင်ငံ “ဒင်းညုမြစ်“ ကမ်းဘေးရှိ “ ပါ့က်စ်_၀မ်း” နျူကလီယာဓါတ်အားပေးစက်ရုံနဲ့ ဘူဒါပက်စ်မှ တစ်နာရီခန့် ကုန်းလမ်းခရီးအကွာမှာရှိတဲ့ နျူကလီယာဓါတ်အားပေးစက်ရုံတို့ဟာ ၁၉၇၄ ခုနှစ်ကမ္ဘာ့စွမ်းအင်အကျပ်အတည်းအလွန်ကာလ ၁၉၈ဝ ပြည့်လွန်နှစ်များမှာ ဆိုဗီယက်ယူနီယံ အကူအညီနဲ့ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဟန်ဂေရီသမိုင်းမှာ အမေရိကန်ဒေါ်လာ သန်း ၉ဝဝ ကျော်အထိ အကြီးမားဆုံးရင်းနှီးမြှုပ်နှံဖြစ်ခဲ့တဲ့ စီမံကိန်းဟာ အဲဒီအချိန် နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက် ၄ဝ ခန့်ဖြစ်တဲ့ မီဂ္ဂါဝပ် ၂ဝဝဝ ခန့်ကို ထုတ်လုပ်ပေးနေပြီး ယနေ့တိုင် အသုံးပြုနေဆဲဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ် စက်ရုံတိုးချဲ့ရေး “ပါ့က်စ်တူး“သဘောတူညီချက်ဟာ ခွင့်ပြုချက်ကိစ္စနဲ့ နှောင့်နှေးနေခဲ့ပြီး ဟန်ဂေရီက နျူစက်ရုံတိုးချဲ့ဖို့ စီစဉ်နေမှာပဲ ယူကရိန်းကျူးကျော်မှုကြောင့် ဖင်လန်နိုင်ငံက သူ့ရဲ့ ရုရှားအကူအညီ နျူကလီယာစီမံကိန်းကို ဖျက်သိမ်းလိုက်ပါတယ်။ စစ်ပွဲအစောပိုင်းကာလ ချာနိုဘိုင်းလ်ဒေသရှိ ယူကရိန်းရဲ့ ယခင်နျူ ကလီယားစက်ရုံတစ်ဝိုက်နဲ့ ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ ဇာပိုရီဇီရှားနျူစက်ရုံအနီး အမြောက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခံရခြင်းဟာ ဥရောပရဲ့ နျူကလီယာစီမံကိန်းများအပေါ် မှောင်ရိပ်ထိုးခဲ့ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လမှာ ပါ့က်စ်တူး စက်ရုံအတွက် မြေညှိခြင်းလုပ်ငန်းများကို ပြန်လည်စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီစက်ရုံဟာ ဟန်ဂေရီနိုင်ငံ သုံးစွဲဖို့အတွက် လျှပ်စစ်စွမ်းအင်အများစုကို ထုတ်လုပ်ပေးနိုင်ပြီး နိုင်ငံစွမ်းအင် စုစုပေါင်းထုတ်လုပ်မှုမှာ ယခုတိုးချဲ့မှုဟာ နှစ်ဆအထိ ပါဝင်နေမှာဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် “အာရ်အိုင်အေနိုဗော့စ်တီ“ သတင်းအေဂျင်စီက ရေးသားပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ရာမှာ ရုရှားစီးပွားရေးရဲ့ နယ်ပယ်သစ်များကို ရှာဖွေဖို့ ရုန်းကန်နေရတဲ့ ဥရောပသမဂ္ဂအတွက် ဖေဖော်ဝါရီလ ပြဋ္ဌာန်းချက်ဟောင်းများအပေါ် အငြင်းပွားတဲ့ ယခုကိစ္စဟာ ပြဿနာတစ်ရပ်ဖြစ်လာတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ ချာလီမိုက်ကယ်က ဝန်ခံပါတယ်။

ပဋိပက္ခစတင်ကတည်းက အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်များက ရုရှားအပေါ်ထားရှိတဲ့ ကန့်သတ်ချက်တွေဟာ မျှော်လင့်ထားတာထက် ပိုမိုတင်းမာခဲ့တယ်လို့ မော်စကိုက ပြောပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အားထုတ်မှုတွေဟာ စီးပွားရေးမှာ မော်စကိုက ဒူးထောက်အညံ့ခံလာတဲ့အထိ လုပ်ဆောင်နိုင်ခြင်း မရှိပဲ ရုရှားနိုင်ငံရဲ့ စီးပွားရေးမျှော်မှန်းချက်တွေသာ တိုးတက်လာခဲ့ကြောင်း ရုရှားဗဟိုဘဏ်နဲ့ ကမ္ဘာ့ဘဏ်နှစ်ခုလုံးက မှတ်ချက်ပေးပါတယ်။

(RT., 04 May 2023,” EU state vows to prevent sanctions on Russian nuclear energy industry” ကို လျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

႐ုရွား၏ န်ဴကလီးယားစြမ္းအင္လုပ္ငန္းအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို ကာကြယ္မည္ဟု ဥေရာပသမဂၢႀကဳံးဝါး

Htay Oung (NP News) - ေမ ၆ 

အီးယူက ေျပာတဲ့အတိုင္း ႐ုရွားရဲ႕ န်ဴကလီးယားစြမ္းအင္လုပ္ငန္းအေပၚ ပိတ္ဆို႔အေရးယူေပးဖို႔ အစီအစဥ္ကို သူတို႔ႏိုင္ငံက မလိုက္နာႏိုင္ေၾကာင္း ဘယ္လ္ဂ်ီယန္ႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕  ဥေရာပသမဂၢဝန္ႀကီးမ်ားအဆင့္ အစည္းအေဝးအၿပီး ၾကာသပေတးေန႔ (ေမလ ၄ ရက္)မွာ ဟန္ေဂရီႏိုင္ငံျခားေရးဝန္ႀကီး ပီတာဆီယာတိုက သတင္းေထာက္မ်ားကို ေျပာျပတယ္ လို႔ RT က ေမလ ၄ ရက္ကေရးသားပါတယ္။

ျပင္းထန္တဲ့ ဖိအားေပးမႈေတြ ရွိေနေပမဲ့ ဟန္ေဂရီႏိုင္ငံအေနနဲ႔ အနိမ့္ဆုံးအဆင့္ ကန္႔သတ္ေပးဖို႔ေတာင္ လက္မခံႏိုင္ေၾကာင္း၊ ႏိုင္ငံေတာ္ရဲ႕ ရပ္တည္ခ်က္မွာ ေျပာင္းလဲစရာ မရွိဘူးလို႔ ဆီယာတိုက မွတ္ခ်က္ေပးပါတယ္။

“ ဒီကိစၥ အခု ကြၽန္ေတာ္ ထပ္ေျပာခ်င္ပါတယ္၊ ဒါက လုံးဝျဖစ္လာမွာ မဟုတ္ပါဘူး။ န်ဴကလီးယား (စက္မႈလုပ္ငန္း) ကို တားဆီးပိတ္ဆို႔ဖို႔အတြက္ ဟန္ေဂရီက သေဘာတူမွာ မဟုတ္ဘူး” လို႔ ႏိုင္ငံ ျခားေရးဝန္ႀကီးက ဆက္လက္ေျပာဆိုပါတယ္။

ဟန္ေဂရီႏိုင္ငံ “ပါ့က္စ္“ဓာတ္အားေပးစက္႐ုံ တိုးခ်ဲ႕မႈဟာ ႏိုင္ငံေတာ္ စြမ္းအင္လုံၿခဳံေရးအတြက္ အေရးႀကီးေၾကာင္း ဝန္ႀကီးက ေထာက္ျပခဲ့ပါတယ္။ ေစာေစာပိုင္း ဟန္ေဂရီဟာ စက္႐ုံကို တိုးခ်ဲ႕ဖို႔အတြက္ ေမာ္စကိုနဲ႔ သေဘာတူညီခဲ့ပါတယ္။ ဟန္ေဂရီရဲ႕ န်ဴကလီးယားစြမ္းအင္နဲ႔ ပတ္သက္ၿပီး ႐ုရွားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈအေပၚ တားဆီးကန႔္သတ္မယ့္ ဘယ္လိုအဆိုျပဳခ်က္မ်ိဳးကိုမဆို ကန္႔ကြက္ရလိမ့္မယ္လို႔ ဆိုပါတယ္။

႐ုရွားရဲ႕ န်ဴကလီယားက႑အေပၚကန႔္သတ္ခ်က္ေတြဟာ အီးယူရဲ႕ လက္ရွိအေကာင္အထည္ေဖာ္ေနတဲ့ ၁၁ ခုေျမာက္ ပိတ္ဆို႔အေရးယူမႈအစီအစဥ္မွာ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ေနေၾကာင္း၊ ဒါေပမဲ့ န်ဴကလီယာစြမ္းအင္ကို (မလႊဲမေရွာင္သာ) အသုံးျပဳေနရတဲ့ အျခား အီးယူအဖြဲ႕၀င္ႏိုင္ငံေတြကလည္း အဲဒီ အယူအဆကို ဆန႔္က်င္ေၾကာင္း ဝန္ႀကီးက ရွင္းျပပါတယ္။

ယူကရိန္း က်ဴးေက်ာ္မႈနဲ႔ ပတ္သက္ၿပီး ႐ုရွားအေပၚ အီးယူရဲ႕ ၁ဝ ႀကိမ္ေျမာက္ ဒဏ္ခတ္အေရးယူမႈ အစီအစဥ္ကို ျပ႒ာန္းခ်ိန္တုန္းကလည္း ဟန္ေဂရီက အလားတူ ကန္႔ကြက္ခဲ့ပါတယ္။ အဲ့ဒီ ျပ႒ာန္းခ်က္ဟာ ဟန္ေဂရီႏိုင္ငံရဲ႕ န်ဴကလီယားစြမ္းအင္က႑နဲ႔ ဖီလာကန္႔လန္႔ျဖစ္ေနတယ္လို႔ အဲဒီအခ်ိန္ ယခုႏိုင္ငံေရးဝန္ႀကီး ပီတာဆီယာတိုကပဲ  ေျပာခဲ့ဖူးပါတယ္။

(၂ဝ၁၄-ခုႏွစ္ ေဖေဖာ္ရီလမွာ ႐ုရွားတို႔က ခ႐ိုင္မီးယားကြၽန္းဆြယ္ကို က်ဴးေက်ာ္ သိမ္းပိုက္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ အီးယူက ႐ုရွားအေပၚ ျပ႒ာန္းတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားမွာ န်ဴကလီယာက႑ ပါဝင္ျခင္း မရွိေသးပါဘူး။ ဒါေပမဲ့ ႐ုရွားရဲ႕ ေရနံနဲ႔ သဘာ၀ဓါတ္ေငြ႕တင္ပို႔မႈအေပၚ ပိတ္ဆို႔အေရးယူရာမွာ ဟန္ေဂရီက ႁခြင္းခ်က္မရွိ လိုက္နာျခင္း မရွိပဲ သီးျခားရပ္တည္ခဲ့ပါတယ္) 

ေမာ္စကိုႏွင့္ ဘူဒါပက္စ္တို႔အၾကား “ပါ့က္စ္န်ဴကလီယာ“ တိုးခ်ဲ႕မႈသေဘာတူညီခ်က္ကို ၂၀၁၄- ခုႏွစ္ ဒီဇင္ဘာလမွာ လက္မွတ္ ေရးထိုးခဲ့ျခင္း ျဖစ္ပါတယ္။ စီမံကိန္း စာခ်ဳပ္အရ အျမင့္မားဆုံး ေခတ္မီ ေဘးကင္းေရး စံခ်ိန္ စံၫႊန္းမ်ားနဲ႔အညီ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္တဲ့ ေခတ္မီ VVER-1200 ဖိအားေပး “ ေရ” အသုံးျပဳ ဓာတ္ေပါင္းဖိုယူနစ္ အသစ္ႏွစ္ခုကို ႐ုရွားက ထပ္မံ တည္ေဆာက္ေပးရမွာျဖစ္ပါတယ္။

ဟန္ေဂရီႏိုင္ငံ “ဒင္းညဳျမစ္“ ကမ္းေဘးရွိ “ ပါ့က္စ္_၀မ္း” န်ဴကလီယာဓါတ္အားေပးစက္႐ုံနဲ႔ ဘူဒါပက္စ္မွ တစ္နာရီခန္႔ ကုန္းလမ္းခရီးအကြာမွာရွိတဲ့ န်ဴကလီယာဓါတ္အားေပးစက္႐ုံတို႔ဟာ ၁၉၇၄ ခုႏွစ္ကမာၻ႔စြမ္းအင္အက်ပ္အတည္းအလြန္ကာလ ၁၉၈ဝ ျပည့္လြန္ႏွစ္မ်ားမွာ ဆိုဗီယက္ယူနီယံ အကူအညီနဲ႔ တည္ေဆာက္ခဲ့ျခင္း ျဖစ္ပါတယ္။

ဟန္ေဂရီသမိုင္းမွာ အေမရိကန္ေဒၚလာ သန္း ၉ဝဝ ေက်ာ္အထိ အႀကီးမားဆုံးရင္းႏွီးျမႇဳပ္ႏွံျဖစ္ခဲ့တဲ့ စီမံကိန္းဟာ အဲဒီအခ်ိန္ ႏိုင္ငံရဲ႕ လွ်ပ္စစ္လိုအပ္ခ်က္ ၄ဝ ခန္႔ျဖစ္တဲ့ မီဂၢါဝပ္ ၂ဝဝဝ ခန္႔ကို ထုတ္လုပ္ေပးေနၿပီး ယေန႔တိုင္ အသုံးျပဳေနဆဲျဖစ္ပါတယ္။

၂ဝ၁၄ ခုႏွစ္ စက္႐ုံတိုးခ်ဲ႕ေရး “ပါ့က္စ္တူး“သေဘာတူညီခ်က္ဟာ ခြင့္ျပဳခ်က္ကိစၥနဲ႔ ေႏွာင့္ေႏွးေနခဲ့ၿပီး ဟန္ေဂရီက န်ဴစက္႐ုံတိုးခ်ဲ႕ဖို႔ စီစဥ္ေနမွာပဲ ယူကရိန္းက်ဴးေက်ာ္မႈေၾကာင့္ ဖင္လန္ႏိုင္ငံက သူ႔ရဲ႕ ႐ုရွားအကူအညီ န်ဴကလီယာစီမံကိန္းကို ဖ်က္သိမ္းလိုက္ပါတယ္။ စစ္ပြဲအေစာပိုင္းကာလ ခ်ာႏိုဘိုင္းလ္ေဒသရွိ ယူကရိန္းရဲ႕ ယခင္န်ဴ ကလီယားစက္႐ုံတစ္ဝိုက္နဲ႔ ဥေရာပမွာ အႀကီးဆုံးျဖစ္တဲ့ ဇာပိုရီဇီရွားန်ဴစက္႐ုံအနီး အေျမာက္ႀကီးမ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္ခံရျခင္းဟာ ဥေရာပရဲ႕ န်ဴကလီယာစီမံကိန္းမ်ားအေပၚ ေမွာင္ရိပ္ထိုးခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၾသဂုတ္လမွာ ပါ့က္စ္တူး စက္႐ုံအတြက္ ေျမညႇိျခင္းလုပ္ငန္းမ်ားကို ျပန္လည္စတင္ခဲ့ျခင္း ျဖစ္ပါတယ္။ အဲဒီစက္႐ုံဟာ ဟန္ေဂရီႏိုင္ငံ သုံးစြဲဖို႔အတြက္ လွ်ပ္စစ္စြမ္းအင္အမ်ားစုကို ထုတ္လုပ္ေပးႏိုင္ၿပီး ႏိုင္ငံစြမ္းအင္ စုစုေပါင္းထုတ္လုပ္မႈမွာ ယခုတိုးခ်ဲ႕မႈဟာ ႏွစ္ဆအထိ ပါဝင္ေနမွာျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံပိုင္ “အာရ္အိုင္ေအႏိုေဗာ့စ္တီ“ သတင္းေအဂ်င္စီက ေရးသားပါတယ္။

ဒဏ္ခတ္ပိတ္ဆို႔ရာမွာ ႐ုရွားစီးပြားေရးရဲ႕ နယ္ပယ္သစ္မ်ားကို ရွာေဖြဖို႔ ႐ုန္းကန္ေနရတဲ့ ဥေရာပသမဂၢအတြက္ ေဖေဖာ္ဝါရီလ ျပ႒ာန္းခ်က္ေဟာင္းမ်ားအေပၚ အျငင္းပြားတဲ့ ယခုကိစၥဟာ ျပႆနာတစ္ရပ္ျဖစ္လာတယ္လို႔ ဥေရာပေကာင္စီဥကၠ႒ ခ်ာလီမိုက္ကယ္က ဝန္ခံပါတယ္။

ပဋိပကၡစတင္ကတည္းက အေမရိကန္နဲ႔ သူ႔ရဲ႕မဟာမိတ္မ်ားက ႐ုရွားအေပၚထားရွိတဲ့ ကန႔္သတ္ခ်က္ေတြဟာ ေမွ်ာ္လင့္ထားတာထက္ ပိုမိုတင္းမာခဲ့တယ္လို႔ ေမာ္စကိုက ေျပာပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ အားထုတ္မႈေတြဟာ စီးပြားေရးမွာ ေမာ္စကိုက ဒူးေထာက္အညံ့ခံလာတဲ့အထိ လုပ္ေဆာင္ႏိုင္ျခင္း မရွိပဲ ႐ုရွားႏိုင္ငံရဲ႕ စီးပြားေရးေမွ်ာ္မွန္းခ်က္ေတြသာ တိုးတက္လာခဲ့ေၾကာင္း ႐ုရွားဗဟိုဘဏ္နဲ႔ ကမာၻ႔ဘဏ္ႏွစ္ခုလုံးက မွတ္ခ်က္ေပးပါတယ္။

(RT., 04 May 2023,” EU state vows to prevent sanctions on Russian nuclear energy industry” ကို ေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ ဘာကိုမှဂရုစိုက်နေမှာမဟုတ်ကြောင်း အောင်လအန်ဆန်ပြော

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved