Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ ဘာကိုမှဂရုစိုက်နေမှာမဟုတ်ကြောင်း အောင်လအန်ဆန်ပြော

ဂျန်ဇက် (NP News) - မေ ၆

မြန်မာ စပါးအုံးမြွေလို့ချစ်စနိုးအခေါ်ခံရတဲ့ အောင်လအန်ဆန်က စွန့်လွှတ်လိုက်ရတဲ့ ONE Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ဘာကိုမှ ဂရုစိုက်မှာမဟုတ်ဘဲ ပွဲစဉ်များ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောင်လအန်ဆန်ဟာ ယနေ့ (မေလ ၆ ရက်)၊ နံနက်ပိုင်းက အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ ONE Fight Night 10 ပွဲစဉ်အတွင်း တရုတ်နိုင်ငံသား ဖန်ယောင်ကို ဒုတိယအချီမှာ ချုပ်ကွက်နဲ့အနိုင်ရခဲ့ပြီးနောက် နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရယူနိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ အဆိုပါပွဲစဉ်အ တွင်း အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယအချီမှာ တရုတ်တိုက်ရိုက်ရေးသမား ဖန်ယောင်ရဲ့အမှားကို အမိအရအသုံးချကာ ချုပ်ကွက်နဲ့အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဖန်ယောင်ဟာ အောင်လအန်ဆန်ရဲ့ချုပ်ကွက်မိသွားခဲ့ပြီး အသက်ရှူကြပ်ခဲ့တဲ့အတွက် အရှုံးပေးခဲ့ရကြောင်းသိရပါတယ်။ အောင်လအန်ဆန်ဟာ ONE Championship  မစ်ဒယ်ဝိတ်တန်း နဲ့ လိုက်ဟဲဗီးဝိတ်တန်းပြိုင်ပွဲတွေမှာ ကမ္ဘာချန်ပီယံဆု ရယူနိုင်ခဲ့ပေမယ့် နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါကို အရေးနိမ့်ခဲ့တဲ့အတွက် ချန်ပီယံခါးပတ်များ စွန့်လွှတ်ခဲ့ရသူဖြစ်ပါတယ်။

အသက် ၃၇နှစ်အရွယ်ရှိ အောင်လအန်ဆန်ဟာ စွန့်လွှတ်လိုက်ရတဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေသူလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်က " ONE Championship နဲ့ ဥက္ကဋ္ဌဖြစ်သူ ချာထရီဆစ်ယက်တောင်က ကျွန်တော်ကို ချန်ပီယံလုပွဲ ထိုးသတ်ခွင့် မပေးမချင်း ဂိတ်စောင့်တစ်ဦး ပုံစံမျိုးနဲ့ ပြိုင်ဘက်တိုင်းကို အနိုင်ရယူသွားလိုပါတယ်။ အဲဒီအတွက်လည်း ဘာကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူး၊ ကျွန်တော်ဟာ ချန်ပီယံခါးပတ်ရယူနိုင်ဖို့ တက်ကြွစွာ နဲ့ ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်" လို့ပြောပါတယ်။

အောင်လအန်ဆန်ဟာ ပရော်ဖက်ရှင်နယ်တိုက်ခိုက်ရေး ကစားသမားဘဝအတွင်း ပွဲပေါင်း (၄၃)ပွဲယှဉ်ပြိုင်ခဲ့ရာ ပွဲပေါင်း ၃ဝ နိုင်၊ ၁၃ပွဲ ရှုံးနိမ့်ပြီးနောက်ဆုံး (၃)ပွဲဆက်တိုက် အနိုင်ရယူနိုင်ခဲ့တဲ့အတွက်ချန်ပီယံကို စိန်ခေါ်ဖို့ အလားလာကောင်းနေပါတယ်။ ဒါ့ပြင် အောင်လအန်ဆန်ကို အနိုင်ရယူကာ ချန်ပီယံခါးပတ်တွေရယူနိုင်ခဲ့ဖူးတဲ့ ဒီရစ်ဒါဟာ မေလ ၆ ရက်မှာကျင်းပတဲ့ ONE Fight Night 10  ပွဲစဉ်မှာ အမေရိကန်တိုက်ခိုက်ရေးသမား Tye Ruotolo ကို ဒိုင်အဆုံးအဖြတ်အမှတ် နဲ့ ရှုံးနိမ့်သွားခဲ့ကြောင်းသိရပါတယ်။

zawgyi version

ခ်န္ပီယံခါးပတ္ကို ျပန္လည္ရယူႏိုင္ဖို႔ ဘာကိုမွဂ႐ုစိုက္ေနမွာမဟုတ္ေၾကာင္း ေအာင္လအန္ဆန္ေျပာ

ဂ်န္ဇက္ (NP News) - ေမ ၆

ျမန္မာ စပါးအုံးေႁမြလို႔ခ်စ္စႏိုးအေခၚခံရတဲ့ ေအာင္လအန္ဆန္က စြန႔္လႊတ္လိုက္ရတဲ့ ONE Championship မစ္ဒယ္ဝိတ္တန္းကမာၻ႔ခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ဖို႔ ဘာကိုမွ ဂ႐ုစိုက္မွာမဟုတ္ဘဲ ပြဲစဥ္မ်ား ဆက္လက္တိုက္ခိုက္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေအာင္လအန္ဆန္ဟာ ယေန႔ (ေမလ ၆ ရက္)၊ နံနက္ပိုင္းက အေမရိကန္ႏိုင္ငံမွာက်င္းပခဲ့တဲ့ ONE Fight Night 10 ပြဲစဥ္အတြင္း တ႐ုတ္ႏိုင္ငံသား ဖန္ေယာင္ကို ဒုတိယအခ်ီမွာ ခ်ဳပ္ကြက္နဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ေနာက္ဆုံးသုံးပြဲဆက္တိုက္ အႏိုင္ရယူႏိုင္ခဲ့ပါတယ္။ ေအာင္လအန္ဆန္ဟာ အဆိုပါပြဲစဥ္အ တြင္း အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ရၿပီး ဒုတိယအခ်ီမွာ တ႐ုတ္တိုက္႐ိုက္ေရးသမား ဖန္ေယာင္ရဲ႕အမွားကို အမိအရအသုံးခ်ကာ ခ်ဳပ္ကြက္နဲ႔အႏိုင္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ 

ဖန္ေယာင္ဟာ ေအာင္လအန္ဆန္ရဲ႕ခ်ဳပ္ကြက္မိသြားခဲ့ၿပီး အသက္ရႉၾကပ္ခဲ့တဲ့အတြက္ အရႈံးေပးခဲ့ရေၾကာင္းသိရပါတယ္။ ေအာင္လအန္ဆန္ဟာ ONE Championship  မစ္ဒယ္ဝိတ္တန္း နဲ႔ လိုက္ဟဲဗီးဝိတ္တန္းၿပိဳင္ပြဲေတြမွာ ကမာၻခ်န္ပီယံဆု ရယူႏိုင္ခဲ့ေပမယ့္ နယ္သာလန္တိုက္ခိုက္ေရးသမား ဒီရစ္ဒါကို အေရးနိမ့္ခဲ့တဲ့အတြက္ ခ်န္ပီယံခါးပတ္မ်ား စြန႔္လႊတ္ခဲ့ရသူျဖစ္ပါတယ္။

အသက္ ၃၇ႏွစ္အ႐ြယ္ရွိ ေအာင္လအန္ဆန္ဟာ စြန႔္လႊတ္လိုက္ရတဲ့ မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံခါးပတ္ကို ျပန္လည္ရယူႏိုင္ဖို႔ ဆႏၵျပင္းျပေနသူလည္းျဖစ္ပါတယ္။ ေအာင္လအန္ဆန္က " ONE Championship နဲ႔ ဥကၠ႒ျဖစ္သူ ခ်ာထရီဆစ္ယက္ေတာင္က ကြၽန္ေတာ္ကို ခ်န္ပီယံလုပြဲ ထိုးသတ္ခြင့္ မေပးမခ်င္း ဂိတ္ေစာင့္တစ္ဦး ပုံစံမ်ိဳးနဲ႔ ၿပိဳင္ဘက္တိုင္းကို အႏိုင္ရယူသြားလိုပါတယ္။ အဲဒီအတြက္လည္း ဘာကိုမွ ဂ႐ုစိုက္ေနမွာမဟုတ္ဘူး၊ ကြၽန္ေတာ္ဟာ ခ်န္ပီယံခါးပတ္ရယူႏိုင္ဖို႔ တက္ႂကြစြာ နဲ႔ ပြဲစဥ္ေတြကို ဆက္လက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္" လို႔ေျပာပါတယ္။

ေအာင္လအန္ဆန္ဟာ ပေရာ္ဖက္ရွင္နယ္တိုက္ခိုက္ေရး ကစားသမားဘဝအတြင္း ပြဲေပါင္း (၄၃)ပြဲယွဥ္ၿပိဳင္ခဲ့ရာ ပြဲေပါင္း ၃ဝ ႏိုင္၊ ၁၃ပြဲ ရႈံးနိမ့္ၿပီးေနာက္ဆုံး (၃)ပြဲဆက္တိုက္ အႏိုင္ရယူႏိုင္ခဲ့တဲ့အတြက္ခ်န္ပီယံကို စိန္ေခၚဖို႔ အလားလာေကာင္းေနပါတယ္။ ဒါ့ျပင္ ေအာင္လအန္ဆန္ကို အႏိုင္ရယူကာ ခ်န္ပီယံခါးပတ္ေတြရယူႏိုင္ခဲ့ဖူးတဲ့ ဒီရစ္ဒါဟာ ေမလ ၆ ရက္မွာက်င္းပတဲ့ ONE Fight Night 10  ပြဲစဥ္မွာ အေမရိကန္တိုက္ခိုက္ေရးသမား Tye Ruotolo ကို ဒိုင္အဆုံးအျဖတ္အမွတ္ နဲ႔ ရႈံးနိမ့္သြားခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးရှိ “အောင်သပြေ”ရွှေဆိုင်နှင့်“ထိပ်တန်း”ရွှေဆိုင်တို့အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိဟု နစကထုတ်ပြန်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved