Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန္တလေးရှိ “အောင်သပြေ”ရွှေဆိုင်နှင့်“ထိပ်တန်း”ရွှေဆိုင်တို့အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိဟု နစကထုတ်ပြန်

Pearl (NP News) -  မေ ၆

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ “အောင်သပြေ”ရွှေဆိုင်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ “ထိပ်တန်း” ရွှေဆိုင်တို့အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၂)ရက်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နာရီစင်အနီးရှိ “အောင်သပြေ” ရွှေဆိုင်အား အမျိုးသားလေးဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်လာပြီး ပစ္စတိုအားမိုးပေါ်သို့ပစ်ဖောက်ကာ ရွှေဆိုင်အား ဓားပြဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဧပြီလ ၁၉ ရက်တွင် အမျိုးသား(၄)ဦးသည် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “ထိပ်တန်း” ရွှေဆိုင်အား ဓားပြတိုက်လုယက်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

အဆိုပါ ဖြစ်စဥ်များအား သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် မေလ(၂)ရက်တွင် ဓားပြတိုက်ရာ၌ပါဝင်ခဲ့သည့် ကိုမျိုးနိုင်ဝင်းအား “အောင်သပြေ”ရွှေဆိုင်မှ ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း၊ စုစုပေါင်း ကာလတန်ဖိုး (၁၈)သိန်းခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

၎င်း၏ထွက်ဆိုချက်အရ မေလ (၃) ရက်တွင် ဓားပြတိုက်လုယက်ရာတွင် ခေါင်းဆောင်ခဲ့သူ ကိုပိုင်လင်းခန့်အား ဝမ်းတွင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့ဝင်ဘီးခွန်ကောက်ခံသောနေရာတွင်လည်းကောင်း၊ ဓားပြတိုက်လုယက်မှုများကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် ကိုဇော်မင်းထက်နှင့် ကိုခန့်ညီညီတို့အား မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ R1 KTV အနီး၌ “အောင်သပြေ”ရွှေဆိုင်မှ ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၄ ရံ၊ ရွှေလက်စွပ် ၂ ကွင်း၊ ငွေကျပ် (၆ဝ) သိန်းတို့နှင့်လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသူ ကိုပိုင်လင်းခန့်၏ ထွက်ဆိုချက်အရ မေလ (၄) ရက်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဒေါ်တင့်တင့်ထွေးနှင့်အတူ ကိုပိုင်လင်းခန့်နှင့် တရားမဝင်ပေါင်းသင်းနေထိုင်သူ မမေရီတို့အား ဓားပြတိုက်လုယက်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈ဝ ကျည် ၂ တောင့်၊ ငွေကျပ် ၂ဝဝ သိန်း၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၆ ခု (ကာလတန်ဖိုး ၆၁ သိန်း ၉ သောင်းကျပ်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဖမ်းဆီးရမိသူ ဒေါ်တင့်တင့်ထွေး၏ထွက်ဆိုချက်အရ ရွှေထည်ပစ္စည်းများအား “စိန်မြင့်မိုရ်” ရွှေဆိုင်နှင့် “မန္တလာရွှေစင်” ရွှေသန့်စင်ဆိုင်များသို့ သွားရောက်ရောင်းချခဲ့ကြောင်းဖော်ထုတ်သိရှိရသဖြင့် မေလ ၄ ရက် နေ့လယ်ပိုင်းတွင် “စိန်မြင့်မိုရ်” ပိုင်ရှင် ကိုချစ်ဦး နှင့် “မန္တလာရွှေစင်” ဆိုင်ပိုင်ရှင် ကိုထွန်းဝင်းတို့အား “ထိပ်တန်း”ရွှေဆိုင်မှ ဓားပြတိုက်လုယက်ယူဆောင်သွားသောရွှေထည်ပစ္စည်းများအား ပုံစံဖျက်ထားသည့် ရွှေအလေးချိန် ၁၈ ကျပ်သားခန့် (ကာလတန်ဖိုး ငွေကျပ် ၅၃၂ သိန်းခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ကိုခန့်ညီညီ၏ ထွက်ဆိုချက်အရ ၎င်းတို့ဓားပြတိုက်ရာမှ ရရှိလာသည့် ရွှေထည်ပစ္စည်းများအား “ဝင့်ထည်ဝါ” ၊ “စိန်ရွှေမြ” နှင့် “အောင်ပြည့်ဖြိုး” ရွှေကောက်လုပ်ငန်းများထံ သွားရောက်ရောင်း ချခဲ့ကြောင်းသိရှိရသဖြင့် မေလ ၄ ရက် ညနေပိုင်းတွင် “ဝင့်ထည်ဝါ” ပိုင်ရှင် ကိုအောင်ရဲနိုင်ဝင်း ၊ “စိန်ရွှေမြ” ပိုင်ရှင် မမြသဉ္ဇာနှင့် “အောင်ပြည့်ဖြိုး” ပိုင်ရှင်ကိုဝင်းနိုင်တို့အား ငွေကျပ်သိန်း ၅ဝ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၁  ဦးတို့အား ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈ဝ ကျည် ၂ တောင့်၊ ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ(ကာလတန်ဖိုး ငွေကျပ် သိန်း ၆၅ဝ နီးပါး)၊ ငွေကျပ် ၂၆ဝ သိန်း၊ စုစုပေါင်း ငွေကျပ်သိန်း (၉ဝဝ)ကျော်တို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓားပြတိုက်လုယက်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် ဖမ်းဆီးရန်ကျန် (၂) ဦးကိုလည်း ဆက်လက်ဖော်ထုတ်၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အလားတူ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ထုခွဲရောင်းချရာ၌ တရားမဝင်လက်ခံဝယ်ယူခဲ့သည့် “စိန်မြင့်မိုရ်” ရွှေဆိုင်၊ “မန္တလာရွှေစင်” ရွှေသန့်စင်ဆိုင်၊ “ဝင့်ထည်ဝါ” ရွှေကောက်လုပ်ငန်း၊ “စိန်ရွှေမြ” ရွှေကောက်လုပ်ငန်းနှင့် “အောင်ပြည့်ဖြိုး” ရွှေကောက်လုပ်ငန်းတို့ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version

မႏၲေလးရွိ “ေအာင္သေျပ”ေ႐ႊဆိုင္ႏွင့္“ထိပ္တန္း”ေ႐ႊဆိုင္တို႔အား ဓားျပတိုက္လုယက္မႈက်ဴးလြန္ခဲ့သူမ်ားအား ဖမ္းဆီးရမိဟု နစကထုတ္ျပန္

Pearl (NP News) -  ေမ ၆

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ရွိ “ေအာင္သေျပ”ေ႐ႊဆိုင္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ “ထိပ္တန္း” ေ႐ႊဆိုင္တို႔အား ဓားျပတိုက္လုယက္မႈက်ဴးလြန္ခဲ့သူမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ 

ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၂)ရက္တြင္ မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ နာရီစင္အနီးရွိ “ေအာင္သေျပ” ေ႐ႊဆိုင္အား အမ်ိဳးသားေလးဦးက ဆိုင္ကယ္(၂)စီးျဖင့္ေရာက္လာၿပီး ပစၥတိုအားမိုးေပၚသို႔ပစ္ေဖာက္ကာ ေ႐ႊဆိုင္အား ဓားျပဝင္တိုက္ခဲ့ျခင္းျဖစ္သည္။

အလားတူ ဧၿပီလ ၁၉ ရက္တြင္ အမ်ိဳးသား(၄)ဦးသည္ မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ “ထိပ္တန္း” ေ႐ႊဆိုင္အား ဓားျပတိုက္လုယက္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ 

အဆိုပါ ျဖစ္စဥ္မ်ားအား သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးရွာေဖြမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ၿပီးခဲ့သည့္ ေမလ(၂)ရက္တြင္ ဓားျပတိုက္ရာ၌ပါဝင္ခဲ့သည့္ ကိုမ်ိဳးႏိုင္ဝင္းအား “ေအာင္သေျပ”ေ႐ႊဆိုင္မွ ဓားျပတိုက္လုယက္ယူေဆာင္ခဲ့သည့္ ေ႐ႊဆြဲႀကိဳး ၁ ကုံး၊ ေ႐ႊနားကပ္ ၁ ရံ၊ ေ႐ႊလက္စြပ္ ၁ ကြင္း၊ စုစုေပါင္း ကာလတန္ဖိုး (၁၈)သိန္းခန႔္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

၎၏ထြက္ဆိုခ်က္အရ ေမလ (၃) ရက္တြင္ ဓားျပတိုက္လုယက္ရာတြင္ ေခါင္းေဆာင္ခဲ့သူ ကိုပိုင္လင္းခန႔္အား ဝမ္းတြင္းၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံေသာေနရာတြင္လည္းေကာင္း၊ ဓားျပတိုက္လုယက္မႈမ်ားက်ဴးလြန္ရာတြင္ပါဝင္ခဲ့သည့္ ကိုေဇာ္မင္းထက္ႏွင့္ ကိုခန႔္ညီညီတို႔အား မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္ရွိ R1 KTV အနီး၌ “ေအာင္သေျပ”ေ႐ႊဆိုင္မွ ဓားျပတိုက္လုယက္ယူေဆာင္ခဲ့သည့္ ေ႐ႊဆြဲႀကိဳး ၁ ကုံး၊ ေ႐ႊနားကပ္ ၄ ရံ၊ ေ႐ႊလက္စြပ္ ၂ ကြင္း၊ ေငြက်ပ္ (၆ဝ) သိန္းတို႔ႏွင့္လည္းေကာင္း အသီးသီးထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

ဖမ္းဆီးရမိသူ ကိုပိုင္လင္းခန႔္၏ ထြက္ဆိုခ်က္အရ ေမလ (၄) ရက္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ စိန္ပန္းရပ္ကြက္ရွိ ၎၏ေနအိမ္တြင္ ေဒၚတင့္တင့္ေထြးႏွင့္အတူ ကိုပိုင္လင္းခန႔္ႏွင့္ တရားမဝင္ေပါင္းသင္းေနထိုင္သူ မေမရီတို႔အား ဓားျပတိုက္လုယက္ရာတြင္ အသုံးျပဳခဲ့သည့္ ပစၥတို ၂ လက္၊ က်ည္အိမ္ ၂ ခု၊ ပြိဳင့္-၃၈ဝ က်ည္ ၂ ေတာင့္၊ ေငြက်ပ္ ၂ဝဝ သိန္း၊ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ ၁၆ ခု (ကာလတန္ဖိုး ၆၁ သိန္း ၉ ေသာင္းက်ပ္)တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

ထို႔ေနာက္ ဖမ္းဆီးရမိသူ ေဒၚတင့္တင့္ေထြး၏ထြက္ဆိုခ်က္အရ ေ႐ႊထည္ပစၥည္းမ်ားအား “စိန္ျမင့္မိုရ္” ေ႐ႊဆိုင္ႏွင့္ “မႏၲလာေ႐ႊစင္” ေ႐ႊသန႔္စင္ဆိုင္မ်ားသို႔ သြားေရာက္ေရာင္းခ်ခဲ့ေၾကာင္းေဖာ္ထုတ္သိရွိရသျဖင့္ ေမလ ၄ ရက္ ေန႔လယ္ပိုင္းတြင္ “စိန္ျမင့္မိုရ္” ပိုင္ရွင္ ကိုခ်စ္ဦး ႏွင့္ “မႏၲလာေ႐ႊစင္” ဆိုင္ပိုင္ရွင္ ကိုထြန္းဝင္းတို႔အား “ထိပ္တန္း”ေ႐ႊဆိုင္မွ ဓားျပတိုက္လုယက္ယူေဆာင္သြားေသာေ႐ႊထည္ပစၥည္းမ်ားအား ပုံစံဖ်က္ထားသည့္ ေ႐ႊအေလးခ်ိန္ ၁၈ က်ပ္သားခန႔္ (ကာလတန္ဖိုး ေငြက်ပ္ ၅၃၂ သိန္းခန႔္)တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အလားတူ ကိုခန႔္ညီညီ၏ ထြက္ဆိုခ်က္အရ ၎တို႔ဓားျပတိုက္ရာမွ ရရွိလာသည့္ ေ႐ႊထည္ပစၥည္းမ်ားအား “ဝင့္ထည္ဝါ” ၊ “စိန္ေ႐ႊျမ” ႏွင့္ “ေအာင္ျပည့္ၿဖိဳး” ေ႐ႊေကာက္လုပ္ငန္းမ်ားထံ သြားေရာက္ေရာင္း ခ်ခဲ့ေၾကာင္းသိရွိရသျဖင့္ ေမလ ၄ ရက္ ညေနပိုင္းတြင္ “ဝင့္ထည္ဝါ” ပိုင္ရွင္ ကိုေအာင္ရဲႏိုင္ဝင္း ၊ “စိန္ေ႐ႊျမ” ပိုင္ရွင္ မျမသၪၨာႏွင့္ “ေအာင္ျပည့္ၿဖိဳး” ပိုင္ရွင္ကိုဝင္းႏိုင္တို႔အား ေငြက်ပ္သိန္း ၅ဝ ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ပါသည္။

ျဖစ္စဥ္တြင္ ဓားျပတိုက္လုယက္မႈက်ဴးလြန္ခဲ့သည့္ အမ်ိဳးသား ၈ ဦး၊ အမ်ိဳးသမီး ၃ ဦး၊ စုစုေပါင္း ၁၁  ဦးတို႔အား ပစၥတို ၂ လက္၊ က်ည္အိမ္ ၂ ခု၊ ပြိဳင့္-၃၈ဝ က်ည္ ၂ ေတာင့္၊ ဓားျပတိုက္ လုယက္ယူေဆာင္ခဲ့သည့္ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ(ကာလတန္ဖိုး ေငြက်ပ္ သိန္း ၆၅ဝ နီးပါး)၊ ေငြက်ပ္ ၂၆ဝ သိန္း၊ စုစုေပါင္း ေငြက်ပ္သိန္း (၉ဝဝ)ေက်ာ္တို႔ႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဓားျပတိုက္လုယက္မႈတြင္ ပါဝင္က်ဴးလြန္ခဲ့သည့္ ဖမ္းဆီးရန္က်န္ (၂) ဦးကိုလည္း ဆက္လက္ေဖာ္ထုတ္၍ အျမန္ဆုံးဖမ္းဆီးႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

အလားတူ ဓားျပတိုက္လုယက္ယူေဆာင္သြားသည့္ ေ႐ႊထည္ပစၥည္းမ်ားအား ထုခြဲေရာင္းခ်ရာ၌ တရားမဝင္လက္ခံဝယ္ယူခဲ့သည့္ “စိန္ျမင့္မိုရ္” ေ႐ႊဆိုင္၊ “မႏၲလာေ႐ႊစင္” ေ႐ႊသန႔္စင္ဆိုင္၊ “ဝင့္ထည္ဝါ” ေ႐ႊေကာက္လုပ္ငန္း၊ “စိန္ေ႐ႊျမ” ေ႐ႊေကာက္လုပ္ငန္းႏွင့္ “ေအာင္ျပည့္ၿဖိဳး” ေ႐ႊေကာက္လုပ္ငန္းတို႔ကိုလည္း တရားဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်၍ ရရှိထားသည့်ရလဒ်များကို ကျေနပ်မနေရန် နစကဥက္ကဋ္ဌ တိုက်တွန်း

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved