စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်၍ ရရှိထားသည့်ရလဒ်များကို ကျေနပ်မနေရန် နစကဥက္ကဋ္ဌ တိုက်တွန်း
ယွန်း (NP News) - မေ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်၍ ရရှိထားသည့် ရလဒ်များကို ကျေနပ်မနေဘဲ အရေအတွက်ရော အရည်အသွေးပါ ပိုကောင်းသည့် ထုတ်ကုန်များကို ထုတ်လုပ်ရန် နစကဥက္ကဋ္ဌမှ တိုက်တွန်းပြောဆိုထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ(၅)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သော ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး တိုင်းပြည်စားရေရိက္ခာပေါ များရေးနှင့် ဒေသအလိုက်ဝမ်းစာဖူလုံရေးသည် ၎င်းတို့၏ မျှော်မှန်းချက်ဖြစ်ကြောင်း တပ်ချုပ်မှဆို သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးသည် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မျှော်လင့် ပြောဆိုထားသည်။
ထို့ကြောင့် ရရှိထားသည့်ရလဒ်များကို ကျေနပ်မနေဘဲ အရေအတွက်ရော အရည်အသွေးပါ ပိုမိုကောင်းမွန်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်ပစ္စည်းများရရှိအောင် ဆောင်ရွက်ရန် ၎င်းမှ ဆက်လက်တိုက်တွန်းပြောဆိုခဲ့သည်။
စိုက်ပျိုးရေးတွင် ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်အောင် ဆောင်ရွက်ခြင်းသည် သဘာဝပတ် ဝန်းကျင် ထိခိုက်မှုကိုများစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း အစည်းအဝေးမှ သိရသည်။
zawgyi version
ယွန်း (NP News) - မေ ၆
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းဖြတ်မြို့နယ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
07 Nov 2024 | စီးပွားရေး,ပြည်တွင်း