Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကလေးအလုပ်သမားများကို ထိရောက်စွာ ကာကွယ်ပေးရန် ဆောင်ရွက်နေဟု နစကဥက္ကဋ္ဌပြော

ယွန်း (NP News) - မေ ၁

အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများကို သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(မေလ ၁ ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။

ကလေးအလုပ်သမားများအဖြစ် ခိုင်းစေမှု အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရေးနှင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ် သမားများကို ထိရောက်စွာကာကွယ်‌‌ပေးရန် ဆောင်ရွက်နေကြာင်း နစကဥက္ကဋ္ဌမှ ဆိုသည်။

အလားတူ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများကိုလည်း သင့်တော်ကောင်းမွန်သည့် အလုပ်ရရှိရန် နှင့် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရန် လုပ်ငန်းစဥ်များ ချမှတ်ထားကြောင်း သိရသည်။

နိုင်ငံတော်အတွင်း လုပ်သားအခြေပြုဆောင်ရွက်ရသည့် အထည်ချုပ်လုပ်ငန်း အပါအဝင် စက်ရုံ၊ အလုပ်ရုံများ စဥ်ဆက်မပြတ်လုပ်ငန်းလည်ပတ်နိုင်ရေးကို ဆောင်ရွက်လျက်‌ရှိကြောင်း သိရသည်။

ပြည်တွင်းရှိ အလုပ်သမားများ အလုပ်အကိုင်ရရှိရေးအတွက်လည်း ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များကို ဆောင်ရွက်ခွင့်ပြုထားကြောင်း နစကဥက္ကဋ္ဌမှ ဆိုသည်။

အလားတူ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများကိုလည်း သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ ရရှိနိုင်ရန် မြန်မာအလုပ်သမားများ အများဆုံးသွားရောက် အလုပ်လုပ်သည့် ထိုင်း၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အ‌ထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး အလုပ်သမားဆေးရုံကြီး(၃)ခု၊ လူမှုဖူလုံရေးဆေး ခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၈)ခန်း၊ တိုင်းရင်းသားဆေးခန်း (၁)ခန်း၊ ပုဂ္ဂလိက ဆေး ရုံဆေးခန်း (၃၆)ခန်း၊ ရွေ့လျားဆေးကုသယာဥ် (၂)စီး တို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

zawgyi version

ကေလးအလုပ္သမားမ်ားကို ထိေရာက္စြာ ကာကြယ္ေပးရန္ ေဆာင္႐ြက္ေနဟု နစကဥကၠ႒ေျပာ

ယြန္း (NP News) - ေမ ၁

အႏၲရာယ္ရွိသည့္ လုပ္ငန္းခြင္မ်ားတြင္ လုပ္ကိုင္ေနရသည့္ ကေလးအလုပ္သမားမ်ားကို သင့္ေတာ္ေကာင္းမြန္သည့္ အလုပ္အကိုင္ရရွိရန္ ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔(ေမလ ၁ ရက္)တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔ အခမ္းအနားသို႔ သဝဏ္လႊာေပးပို႔ရာတြင္ အထက္ပါကဲ့သို႔ ေျပာဆိုထားျခင္းျဖစ္သည္။

ကေလးအလုပ္သမားမ်ားအျဖစ္ ခိုင္းေစမႈ အထူးသျဖင့္ အဆိုး႐ြားဆုံးပုံစံျဖင့္ ခိုင္းေစမႈမ်ား ေလ်ာ့နည္းပေပ်ာက္ေစေရးႏွင့္ တရားဝင္ အလုပ္လုပ္ကိုင္ခြင့္ရွိသည့္ ကေလးအလုပ္ သမားမ်ားကို ထိေရာက္စြာကာကြယ္‌‌ေပးရန္ ေဆာင္႐ြက္ေနၾကာင္း နစကဥကၠ႒မွ ဆိုသည္။

အလားတူ အႏၲရာယ္ရွိသည့္ လုပ္ငန္းခြင္မ်ားတြင္ လုပ္ကိုင္ေနရသည့္ ကေလးအလုပ္သမားမ်ားကိုလည္း သင့္ေတာ္ေကာင္းမြန္သည့္ အလုပ္ရရွိရန္ ႏွင့္ သက္ေမြးပညာသင္တန္းမ်ား တက္ေရာက္ႏိုင္ရန္ လုပ္ငန္းစဥ္မ်ား ခ်မွတ္ထားေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အတြင္း လုပ္သားအေျချပဳေဆာင္႐ြက္ရသည့္ အထည္ခ်ဳပ္လုပ္ငန္း အပါအဝင္ စက္႐ုံ၊ အလုပ္႐ုံမ်ား စဥ္ဆက္မျပတ္လုပ္ငန္းလည္ပတ္ႏိုင္ေရးကို ေဆာင္႐ြက္လ်က္‌ရွိေၾကာင္း သိရသည္။

ျပည္တြင္းရွိ အလုပ္သမားမ်ား အလုပ္အကိုင္ရရွိေရးအတြက္လည္း ကုန္ၾကမ္းယူ ကုန္ေခ်ာေပး လက္ခစားလုပ္ငန္းမ်ားကို ႏိုင္ငံျခားကုမၸဏီမ်ားႏွင့္ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားကို ေဆာင္႐ြက္ခြင့္ျပဳထားေၾကာင္း နစကဥကၠ႒မွ ဆိုသည္။

အလားတူ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္ သမားမ်ားကိုလည္း သက္ဆိုင္ရာႏိုင္ငံမ်ား၏ ဥပေဒႏွင့္အညီ ရပိုင္ခြင့္မ်ား ရရွိႏိုင္ရန္ ျမန္မာအလုပ္သမားမ်ား အမ်ားဆုံးသြားေရာက္ အလုပ္လုပ္သည့္ ထိုင္း၊ မေလးရွားႏွင့္ ကိုရီးယားႏိုင္ငံမ်ားတြင္ အလုပ္သမားသံအရာရွိမ်ား ခန႔္အပ္ထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံရွိ အလုပ္သမားမ်ား၏ လူမႈဘဝလုံၿခဳံေရးႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးကို အ‌ေထာက္အကူျဖစ္ေစရန္ ရည္႐ြယ္ၿပီး အလုပ္သမားေဆး႐ုံႀကီး(၃)ခု၊ လူမႈဖူလုံေရးေဆး ခန္း (၉၆)ခန္း၊ ဌာနႀကီးေဆးခန္း (၅၈)ခန္း၊ တိုင္းရင္းသားေဆးခန္း (၁)ခန္း၊ ပုဂၢလိက ေဆး ႐ုံေဆးခန္း (၃၆)ခန္း၊ ေ႐ြ႕လ်ားေဆးကုသယာဥ္ (၂)စီး တို႔ျဖင့္ အာမခံအလုပ္သမားမ်ားအား ေဆးကုေပးျခင္းႏွင့္ ေငြေၾကးအက်ိဳးခံစားခြင့္မ်ား ထုတ္ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးလ်က္ရွိသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ညောင်လေးပင်-မဒေါက်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်နေ

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved