Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ညောင်လေးပင်-မဒေါက်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်နေ

NP News - မေ ၁

ပဲခူးတိုင်း၊ ညောင်လေးပင်-မဒေါက်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ရေကြည်ချောင်းကျေးရွာအနီး ညောင်လေး ပင်-မဒေါက်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့(မေလ ၁ ရက်) နံနက်အစောပိုင်းတွင် မိုင်းထောင်ဖောက်ခွဲကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက် ၃ နာရီနဲ့ ၄ နာရီကြားလောက်မှာ ဖြစ်သွားတာပေါ့။ သွားရေး၊ လာရေးကတော့ ဖြစ်ဖြစ်ချင်းမှာ ကားတွေသွားလို့ လာလို့မရဘူး။ အခုတော့ မြေသားလမ်းကနေ ဆိုင်ကယ်တွေ၊ ကားအသေးလေးတွေ ဖြတ်သန်းသွားလာခွင့် ပြုထားတယ်လို့တော့ ကြားတယ်။ ညောင်လေးပင်ဘက်ကနေ မဒေါက်၊ ရွှေကျင်ကို သွားတဲ့လမ်းမှာ ဖြစ်တာပေါ့” ဟု ညောင်လေးပင်မြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် သံကူကွန်ကရစ်တံတားသည် အရှည် ၁၂၅ ပေရှိပြီး အကျယ်မှာ ၂၄ ပေရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖျက်ဆီးခြင်းခံခဲ့ရသည့်အတွက် ကုန်ကားအများစုမှာ ဖြတ်သန်းသွားလာ၍ မရတော့သည့်အတွက် လမ်းပန်းဆက်သွယ်မှုမှာ ပြတ်တောက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

သို့သော် ဆိုင်ကယ်များနှင့် ကားအသေးများသည် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်တံတားအား ရှောင်ရှားကာ မြေသားလမ်းမှတစ်ဆင့် ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။

ပြီးခဲ့သော လပိုင်းများအတွင်းကလည်း ညောင်လေးပင်မြို့နယ်အတွင်း ကားလမ်းများပေါ်ရှိ တံတားများအား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း ဖြစ်စဉ်များအရ သိရသည်။

zawgyi version


NP News - မေ ၁








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆိုးလ်မြို့ရှိ အနုပညာပြတိုက်တစ်ခုမှာ ပြသထားတဲ့ ဒေါ်လာ (၁၆ဝဝဝဝ)တန် ငှက်ပျောသီးကို ကျောင်းသားတစ်ဦးက ယူစားမှုဖြစ်ပွား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved