Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘဏ်လုပ်ငန်းများအနေဖြင့် ချေးငွေလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာစနစ်များကို အတုယူဆောင်ရွက်ရန်လိုနေဟုဆို

ယွန်း (NP News) - ဒီဇင်ဘာ ၂၇

ဘဏ်လုပ်ငန်းများအနေဖြင့် ချေးငွေလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာစနစ်များကို အတုယူဆောင်ရွက်ရန်လိုကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးသန်းနိုင်က သုံးသပ်ပြောဆိုထားသည်။

Myanmar Developer Association (MDA) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းနိုင်က ဆောက်လုပ်ရေးလုပ်ငန်းများအကြောင်းကို NP News နှင့် သီးသန့်အင်တာဗျူးစဉ် အထက်ပါကဲ့သို့ သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအခြေအနေများနှင့် တိုက်ခန်းများ ပြန်လည်ရောင်းချမည့်ဈေးကွက် အခြေအနေများကြောင့် လက်ရှိကာလတွင် ဆောက်လုပ်ရေး Project အသစ်များအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ဘဏ်ကြွေးများနှင့် ကင်းရှင်းမနေဘဲ အဆိုပါချေးငွေများကို ပြန်ဆပ်နိုင်ရန်အတွက်လည်း ဘဏ်များမှ သေချာစိစစ်ရန်လိုကြောင်း ဦးသန်းနိုင်မှ အကြံပြုပြောဆိုထားသည်။

“လုပ်ငန်းရှင်မှန်သမျှကတော့ ဘဏ်နဲ့မကင်းဘူးပေါ့။ ဒါပေမယ့် အဲ့ဒီ့ဘဏ်ချေးငွေကို ပြန်ဆပ်နိုင်ဖို့ ဆိုတာကလည်း တကယ်ပြန်ဆပ်နိုင်၏ ၊ မဆပ်နိုင်၏ကို ဘဏ်တွေကလည်း သေချာစိစစ်ဖို့လိုတယ်၊ ခုလက်ရှိက ဒီမှာ Family ဘဏ်တွေများတယ်။ အဲ့အခါကျတော့ ရင်းနှီးရင် ရင်းနှီးသလို ထုတ်ချေးကြတယ်၊ တချို့ဆို ဘာအပေါင်ပစ္စည်းမှ မရှိဘူး။ သူဋ္ဌေးက ချေးဆို ချေးလိုက်ရတာပဲ။ အလွယ်ရရင် ဘယ်သူမဆို လုပ်မှာပဲလေ။ အဲ့ဒါတွေကဘာလဲဆိုတော့ ချေးတဲ့ဆိုဒ်ကနေ သေချာကြည့်ဖို့လိုတာပေါ့။ နိုင်ငံတကာစနစ်တွေကို ယူဖို့လိုတယ်” ဟု ဦးသန်းနိုင်က ဆိုသည်။

နိုင်ငံတကာစနစ်ဖြင့် လုပ်ဆောင်ရာတွင် ချေးငွေများအား ပြန်ရနိုင်ချေရှိ၍ လုပ်ငန်းများကို လွယ်ကူစွာဖြင့် လုပ်ကိုင်နိုင်သည့် စနစ်များကို ဘဏ်များအနေဖြင့် နိုင်ငံတကာနည်းတူ တည်ဆောက်ရန်လိုကြောင်း ၎င်းမှ သုံးသပ်ပြောဆိုထားသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် Financial sector (ငွေရေးကြေးရေးကဏ္ဍ)သည် နံပါတ်(၁)နေရာမှ အရေးကြီးဆုံး ပါဝင်ကြောင်း MDA ၏ဥက္ကဋ္ဌဖြစ်သူ ဦးသန်းနိုင်က အကြံပြု ပြောဆိုထားသည်။


zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

"အလှအပ ခွဲစိတ်ပြုပြင်ရေးဆိုင်ရာ တရုတ်အပလီကေးရှင်းတွေ အင်မတန် လူကြိုက်များနေရတဲ့ အကြောင်းရင်း" (ထူးခြားသုတဆောင်းပါး)

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved