Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စင်ကာပူမှာ ဘိန်းဖြူ (၃ ဒသမ ၂) ကီလိုဂရမ်နီးပါး သိမ်းဆည်းရမိပြီး လူ (၁ဝ) ဦးကို ဖမ်းဆီးနိုင်ခဲ့

ရောင်နီ (NP News) - ဧပြီ ၂၈

       စင်ကာပူမှာ မကြာသေးမီက မူးယစ်ဆေးဝါး စစ်ဆင်ရေးနှစ်ခုမှာ  စင်ကာပူဒေါ်လာ ၂၃၉,၃ဝဝ (အမေရိကန်ဒေါ်လာ ၁၇၉,၂၅ဝ) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီး လူ(၁ဝ)ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။       

စစ်ဆင်ရေးမှာ ဘိန်းဖြူ ၃၁၇၂ ဂရမ်၊ အိုက်စ် ၈၁ ဂရမ်၊ ကီတာမင်း ၃ဝ ဂရမ်နှင့် Erimin-5 ဆေးပြား ၄ ပြားသိမ်းဆည်းရမိခဲ့ကြေင်း ဗဟိုမူးယစ်ဗျူရို (CNB) မှ ဧပြီလ ၂၈ ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Jalan Bukit Merah ဧရိယာမှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက အသက် ၄၅ နှစ်မှ ၅၇ နှစ်ကြားရှိ သံသယရှိသူ အမျိုးသားသုံးဦးကို မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ဘိန်းဖြူ ၄၇၇ ဂရမ်၊ ငွေသား စင်ကာပူဒေါ်လာ ၃၆,၅၅ဝ နဲ့ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ပိုင်းမှာ မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိတယ်လို့ သတင်းရရှိတဲ့ အနီးနားရှိ လူနေအိမ်ခန်းတစ်ခုသို့ အသက် ၄၅ နှစ်အရွယ် အမျိုးသားကို ဘိန်းဖြူ ၇၄ ဂရမ်နဲ့ အိုက်စ် ၂၆ ဂရမ်နဲ့ ဖမ်းဆီးခဲ့ပါတယ်။ 

နောက်တစ်ရက်အကြာမှာ CNB အရာရှိများက မူးယစ်ဆေးဝါးမှု ကျူးလွန်တယ်လို့ သံသယရှိသူ အသက် ၄၃ နှစ်မှ ၆ဝ နှစ်ကြားရှိ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က အခြားသော စစ်ဆင်ရေးတစ်ခုမှာလည်း Tampines Street 22 ရှိ လူနေခန်းတစ်ခုကို ဝင်ရောက်စီးနင်းမှုတစ်ခု ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု သံသယရှိသူ အသက် ၄ဝ နဲ့ ၄၁ နှစ်အရွယ် အမျိုး သားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်ဆီးခဲ့ပြီး စုစုပေါင်း အိုက်စ် ၃၂ ဂရမ်၊ ကီတာမင်း ၃ဝ ဂရမ်၊ Erimin-5 ပြား ၄ ပြားနဲ့ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ 

CNB ထောက်လှမ်းရေး စစ်ဆင်ရေး၏ အကြီးတန်း လက်ထောက်ညွှန်ကြားရေးမှူး ဝီလီယံတန်က “မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အလွဲသုံးမှုတွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်စေပါတယ်၊ မကြာသေးမီက ထိန်းချုပ်ထားတဲ့ မူးယစ်ဆေးဝါးများ၊ အန္တရာယ်ရှိသော လက်နက်များနဲ့ ငွေသား အများအပြား သိမ်းဆည်းရမိမှုဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အချိန်နဲ့ တစ်ပြေးညီ သတိရှိသင့်ကြောင်း ညွှန်ပြနေပါတယ်"လို့  ပြောကြားခဲ့ပါတယ်။ 

       ဘိန်းဖြူစစ်စစ် (diamorphine) 15g ထက်ပို မှောင်ခိုကူးမှုမှာအပြစ်ရှိကြောင်းတွေ့ရှိရပါက မည်သူမဆို သေဒဏ်ကျခံရနိုင်တယ်လို့ သိရပါတယ်။

zawgyi version

စင္ကာပူမွာ ဘိန္းျဖဴ (၃ ဒသမ ၂) ကီလိုဂရမ္နီးပါး သိမ္းဆည္းရမိၿပီး လူ (၁ဝ) ဦးကို ဖမ္းဆီးႏိုင္ခဲ့

ေရာင္နီ (NP News) - ဧၿပီ ၂၈

       စင္ကာပူမွာ မၾကာေသးမီက မူးယစ္ေဆးဝါး စစ္ဆင္ေရးႏွစ္ခုမွာ  စင္ကာပူေဒၚလာ ၂၃၉,၃ဝဝ (အေမရိကန္ေဒၚလာ ၁၇၉,၂၅ဝ) တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိခဲ့ၿပီး လူ(၁ဝ)ဦးကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။ 

      စစ္ဆင္ေရးမွာ ဘိန္းျဖဴ ၃၁၇၂ ဂရမ္၊ အိုက္စ္ ၈၁ ဂရမ္၊ ကီတာမင္း ၃ဝ ဂရမ္ႏွင့္ Erimin-5 ေဆးျပား ၄ ျပားသိမ္းဆည္းရမိခဲ့ေၾကင္း ဗဟိုမူးယစ္ဗ်ဴ႐ို (CNB) မွ ဧၿပီလ ၂၈ ရက္ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ Jalan Bukit Merah ဧရိယာမွာ ဗုဒၶဟူးေန႔မြန္းလြဲပိုင္းက အသက္ ၄၅ ႏွစ္မွ ၅၇ ႏွစ္ၾကားရွိ သံသယရွိသူ အမ်ိဳးသားသုံးဦးကို မူးယစ္ေဆးဝါးမႈနဲ႔ ဖမ္းဆီးအေရးယူခဲ့ၿပီး စုစုေပါင္း ဘိန္းျဖဴ ၄၇၇ ဂရမ္၊ ေငြသား စင္ကာပူေဒၚလာ ၃၆,၅၅ဝ နဲ႔ မူးယစ္ေဆးဝါး ဆက္စပ္ပစၥည္းမ်ိဳးစုံတို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။ ေနာက္ပိုင္းမွာ မူးယစ္ေဆးဝါးမ်ား ထပ္မံေတြ႕ရွိတယ္လို႔ သတင္းရရွိတဲ့ အနီးနားရွိ လူေနအိမ္ခန္းတစ္ခုသို႔ အသက္ ၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသားကို ဘိန္းျဖဴ ၇၄ ဂရမ္နဲ႔ အိုက္စ္ ၂၆ ဂရမ္နဲ႔ ဖမ္းဆီးခဲ့ပါတယ္။ 

ေနာက္တစ္ရက္အၾကာမွာ CNB အရာရွိမ်ားက မူးယစ္ေဆးဝါးမႈ က်ဴးလြန္တယ္လို႔ သံသယရွိသူ အသက္ ၄၃ ႏွစ္မွ ၆ဝ ႏွစ္ၾကားရွိ အမ်ိဳးသားသုံးဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးခဲ့ပါတယ္။ ဗုဒၶဟူးေန႔က အျခားေသာ စစ္ဆင္ေရးတစ္ခုမွာလည္း Tampines Street 22 ရွိ လူေနခန္းတစ္ခုကို ဝင္ေရာက္စီးနင္းမႈတစ္ခု ျပဳလုပ္ခဲ့ရာ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ သံသယရွိသူ အသက္ ၄ဝ နဲ႔ ၄၁ ႏွစ္အ႐ြယ္ အမ်ိဳး သားႏွစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္ဆီးခဲ့ၿပီး စုစုေပါင္း အိုက္စ္ ၃၂ ဂရမ္၊ ကီတာမင္း ၃ဝ ဂရမ္၊ Erimin-5 ျပား ၄ ျပားနဲ႔ မူးယစ္ေဆးဝါး ဆက္စပ္ပစၥည္းမ်ားကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။ 

CNB ေထာက္လွမ္းေရး စစ္ဆင္ေရး၏ အႀကီးတန္း လက္ေထာက္ၫႊန္ၾကားေရးမႉး ဝီလီယံတန္က “မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈနဲ႔ အလြဲသုံးမႈေတြဟာ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းကို ဆိုး႐ြားတဲ့ ၿခိမ္းေျခာက္မႈေတြ ျဖစ္ေစပါတယ္၊ မၾကာေသးမီက ထိန္းခ်ဳပ္ထားတဲ့ မူးယစ္ေဆးဝါးမ်ား၊ အႏၲရာယ္ရွိေသာ လက္နက္မ်ားနဲ႔ ေငြသား အမ်ားအျပား သိမ္းဆည္းရမိမႈဟာ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအတြက္ အခ်ိန္နဲ႔ တစ္ေျပးညီ သတိရွိသင့္ေၾကာင္း ၫႊန္ျပေနပါတယ္"လို႔  ေျပာၾကားခဲ့ပါတယ္။ 

       ဘိန္းျဖဴစစ္စစ္ (diamorphine) 15g ထက္ပို ေမွာင္ခိုကူးမႈမွာအျပစ္ရွိေၾကာင္းေတြ႕ရွိရပါက မည္သူမဆို ေသဒဏ္က်ခံရႏိုင္တယ္လို႔ သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ မိုးကြိုးပစ်ခြင်းကြောင့် အနည်းဆုံး လူပေါင်း (၁၅) ဦးသေဆုံး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved