Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ အာလူးများ ဂျပန်သို့ တင်ပို့မည်
Htay Oung (NP News) - ဧပြီ ၂၈
ဘင်္ဂလားဒေ့ရ်ှနိုင်ငံထွက် အာလူးကို တင်သွင်းဖို့ စိတ်ဝင်စားကြောင်း ဂျပန်ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလာတာကြောင့် ဗယ်လင်စီယာမျိုးကွဲ ထွက်နှုန်းမြင့် အာလူးမျိုးစုံကို ဂျပန်နိုင်ငံထံ တင်ပို့တော့မှာဖြစ်ပါတယ်လို့ ဒါကာအခြေစိုက် Dhaka Tribune က ဧပြီလ ၂၇ ရက်ကရေးသားပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့်အတူ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးထံ ဂျပန် “ဆိုင်ယာ_ဟာဒို" ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိတစ်ဦးက လာရောက်တွေ့ဆုံစဉ် ယခုလို စိတ်ပါဝင်စားကြောင်း ထုတ်ဖော်ပြောကြားခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။   
အဲဒီလို တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ACI စိုက်ပျိုးရေးလုပ်ငန်း ဥက္ကဋ္ဌလည်း အတူရှိနေပါတယ်။ ACI ကုမ္ပဏီဟာ နယ်သာလန်နိုင်ငံမှ စက်မှုအဆင့် ဗယ်လင်စီယာမျိုးကွဲအာလူးမျိုးစေ့များကို တင်သွင်းစိုက် ပျိုးပြီး ပြည်ပစျေးကွက်များအထိ တင်ပို့နေသူဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ အာလူးတန်ချိန် (၁ဝ) သန်းကျော် နှစ်စဉ်ထုတ်လုပ်လျက်ရှိပြီး စျေးကွက်လိုအပ်ချက် တန်ချိန် (၆)သန်း မှ (၇)သန်းရှိနေတယ်လို့ ဂျပန်အရာရှိနဲ့တွေ့ဆုံစဉ် ဒါကာစိုက်ပျိုးရေး၀န်ကြီးက ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လက်ရှိ ထုတ်လုပ်နေတဲ့ အာလူးမျိုးကွဲတွေအတွက် ပြည်ပတင်ပို့နိုင်မှုမှာ  အလွန်နည်းပါးနေကြောင်း၊ အဲ့ဒါကြောင့် ပြည်ပစျေးကွက်တင်ပို့နိုင်တဲ့ စက်မှုအဆင့် အာလူးမျိုးကွဲတွေကို တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်ဖို့ အရေးကြီးတယ်လို့ Dhaka Tribune နဲ့ အဆက်အသွယ်ရရှိစဉ် ဝန်ကြီးက မှတ်ချက်ပေးပါတယ်။
ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း(BADC)မှတစ်ဆင့် အထွက်နှုန်းမြင့် အာလူးမျိုးကွဲအများအပြားကို အစိုးရက တင်သွင်းထားပြီးဖြစ်ကြောင်း၊ အောက်ခြေတောင်သူများအဆင့်အထိ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့ပြင် အာလူးကို စည်းကြပ်မဲ့ ကင်းလွတ်သီးနှံအဖြစ် သတ်မှတ်ခြင်း သို့မဟုတ် ထွက်နှုန်းမြင့် သီနှံမျိုးကောင်းတွေကို သီးသန့်တင်သွင်းရာမှာ လွယ်ကူချောမွေ့စေဖို့ စီစဉ်ပေး ခဲ့ကြောင်း၊ အဲဒီနောက်ပိုင်း တိုးတက် ရရှိလာတဲ့ အာလူးမျိုးကွဲတွေကို သီးသန့် တင်သွင်းပြီး မှတ်ပုံတင် ထားကြောင်း၊ အဲ့ဒီလို မျိုးကွဲအာလူးများကို စိုက်ပျိုးခြင်းဟာ ပို့ကုန်အတွက် အခွင့်အလမ်းကြီးမားစေတယ်လို့ စိုက်ပျိုးရေး၀န်ကြီးထံမှ သိရှိရပါတယ်။ 
ဘင်္ဂလားဒေ့ရ်ှကိုယ်စားလှယ်အဖွဲ့ ယူဆောင်လာတဲ့ ဗယ်လင်စီယာမျိုးကွဲအာလူးများကို ဂျပန်ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ကြောင်း၊  အရည်အသွေး ကောင်းမွန် အရသာရှိတယ်လို့ တွေ့ရှိရကြောင်း စိုက်ပျိုးရေးဝန်ကြီးကို တိုကျိုဆိုင်ယာဟာဒိုကုမ္ပဏီက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၅ ရက်မှစပြီး ဂျပန်နိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်ခရီးရောက်ရှိနေတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရ်ှကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အခြား အစိုးရဝန်ကြီးများ၊ ကုန်သည် စီးပွားရေးလုပ်ငန်းရှင်လည်း အတူလိုက်ပါသွားခဲ့ပါတယ်။ လေးရက်ကြာ ခရီးစဉ် ပြီးဆုံးတဲ့အခါ ဘင်္ဂလားဒေ့ရှ် နှင့် WB ကမ္ဘာ့ဘဏ်တို့ မိတ်ဖက်ဖြစ်ခြင်း နှစ် ၅ဝ-ပြည့်" အခမ်းအနားတက်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကို ဆက်လက်ထွက်ခွာရန် ရှိကြောင်း၊ မေလ ၄ ရက်မှာ ယူကေနိုင်ငံကို ဆက်လက်ထွက်ခွာပြီး ဗြိတိသျှ ဓနသဟာယနိုင်ငံများ ဖိုရမ်ကို တက်ရောက်ဖို့ ရှိကြောင်း Dhaka Tribune ရဲ့ ယမန်နေ့ အခြားသတင်းများမှာ တွေရှိရပါတယ်။  
(Dhaka Tribune., 27 April 2023,” Bangladesh to export potatoes to Japan” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အာလူးများ ဂျပန်သို့ တင်ပို့မည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံထွက် အာလူးကို တင်သွင်းဖို့ စိတ်ဝင်စားကြောင်း ဂျပန်ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလာတာကြောင့် ဗယ်လင်စီယာမျိုးကွဲ ထွက်နှုန်းမြင့် အာလူးမျိုးစုံကို ဂျပန်နိုင်ငံထံ တင်ပို့တော့မှာဖြစ်ပါတယ်လို့ ဒါကာအခြေစိုက် Dhaka Tribune က ဧပြီလ ၂၇ ရက်ကရေးသားပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ACI စိုက်ပျိုးရေးလုပ်ငန်း ဥက္ကဋ္ဌလည်း အတူရှိနေပါတယ်။ ACI ကုမ္ပဏီဟာ နယ်သာလန်နိုင်ငံမှ စက်မှုအဆင့် ဗယ်လင်စီယာမျိုးကွဲအာလူးမျိုးစေ့များကို တင်သွင်းစိုက် ပျိုးပြီး ပြည်ပဈေးကွက်များအထိ တင်ပို့နေသူဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာလူးတန်ချိန် (၁ဝ) သန်းကျော် နှစ်စဉ်ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်လိုအပ်ချက် တန်ချိန် (၆)သန်း မှ (၇)သန်းရှိနေတယ်လို့ ဂျပန်အရာရှိနဲ့တွေ့ဆုံစဉ် ဒါကာစိုက်ပျိုးရေးဝန်ကြီးက ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လက်ရှိ ထုတ်လုပ်နေတဲ့ အာလူးမျိုးကွဲတွေအတွက် ပြည်ပတင်ပို့နိုင်မှုမှာ  အလွန်နည်းပါးနေကြောင်း၊ အဲ့ဒါကြောင့် ပြည်ပဈေးကွက်တင်ပို့နိုင်တဲ့ စက်မှုအဆင့် အာလူးမျိုးကွဲတွေကို တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်ဖို့ အရေးကြီးတယ်လို့ Dhaka Tribune နဲ့ အဆက်အသွယ်ရရှိစဉ် ဝန်ကြီးက မှတ်ချက်ပေးပါတယ်။
ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ ယူဆောင်လာတဲ့ ဗယ်လင်စီယာမျိုးကွဲအာလူးများကို ဂျပန်ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ကြောင်း၊  အရည်အသွေး ကောင်းမွန် အရသာရှိတယ်လို့ တွေ့ရှိရကြောင်း စိုက်ပျိုးရေးဝန်ကြီးကို တိုကျိုဆိုင်ယာဟာဒိုကုမ္ပဏီက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
ဆူဒန်မှာ အပစ်အခတ်ရပ်စဲထားပေမယ့် အမေရိကန်နိုင်ငံသားတွေကို (၂)ရက်အတွင်း အပြီးထွက်ခွာဖို့ အမေရိကန်အစိုးရ တောင်းဆို
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US
Copyright © News Services Station | All Right Reserved