Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆူဒန်မှာ အပစ်အခတ်ရပ်စဲထားပေမယ့် အမေရိကန်နိုင်ငံသားတွေကို (၂)ရက်အတွင်း အပြီးထွက်ခွာဖို့ အမေရိကန်အစိုးရ တောင်းဆို

ဂျန်ဇက် (NP News) - ဧပြီ ၂၈

ဆူဒန် စစ်တပ် နဲ့  ထောက်ပံ့ရေးတပ်ဖွဲ့ Rapid Support Forces များကြား အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် သုံးရက်ကြာ သက်တမ်းတိုးဖို့ သဘောတူညီခဲ့ပေမယ့်လည်း အမေရိကန်အစိုးရကတော့ ဆူဒန်နိုင်ငံအတွင်းရှိ အမေရိကန် နိုင်ငံသားအားလုံးကို လာမယ့် နှစ်ရက်အတွင်း  ဆူဒန်နိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာဖို့ သတိပေးတောင်းဆိုလိုက်ပါတယ်။

ဆူဒန် စစ်တပ် နဲ့ ဆူဒန်ထောက်ပံ့ရေးတပ်ဖွဲ့တွေဟာ ဧပြီလ ၁၅ ရက်မှာ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့စည်းများရဲ့ကြားဝင်စေ့စပ်မှုကြောင့် အပစ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး အဲဒီအပစ်ခတ်ရပ်စဲရေးကို နောက်ထပ် သုံးရက်ကြာသက်တမ်းတိုးဖို့ သဘောတူညီထားကြောင်းသိရပါတယ်။သုံးရက်ကြာအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်က ဧပြီလ ၂၈ ရက်နေ့ ညပိုင်းမှာ စတင်သက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ 

သို့ပေမယ့် အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Karine Jean-Pierre ကတော့ ဆူဒန်နိုင်ငံရဲ့လက်ရှိအခြေအနေတွေက ဆိုးရွားဖွယ်ရှိနေတဲ့အတွက် နိုင်ငံသားအားလုံးဟာ ဆူဒန်နိုင်ငံအတွင်းက ထွက်ခွာရမှာဖြစ်ကြောင်းပြောပါတယ်။ အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဆူဒန်နိုင်ငံမှာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရရှိပေမယ့်လည်း ချိုးဖောက်မှုတွေရှိနေတဲ့အပေါ် စိုးရိမ်ရကြောင်း ပြောပါတယ်။

၎င်းက "ဆူဒန်နိုင်ငံရဲ့ လက်ရှိအခြေအနေတွေက ပိုမိုဆိုးလာဖို့ရှိနေတယ်။ အမေရိကန်နိုင်ငံသားတွေကို ဆူဒန်နိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာစေလိုတယ်"လို့ပြောပါတယ်။ အမေရိကန်အစိုးရဟာ ဆူဒန်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ပြန်ခေါ်ယူရာမှာ ဘေးကင်းစိတ်ချရေးအတွက်သတင်း ထောက်လှမ်းနိုင်ဖို့ ထောက်လှမ်းရေးအဖွဲ့များ၊ ထောက်လှမ်းရေးပစ္စည်းများ ဖြန့်ကြတ်ချထားမှာဖြစ် ကြောင်းသိရပါတယ်။ ဆူဒန်စစ်ရေးပဋိပက္ခတွေက လူနေပတ်ဝန်းကျင်များကို စစ်ပွဲဇုန်ဖြစ်အောင်လုပ် ဆောင်နေကြောင်း အမေရိကန် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အမေရိကန်အပါအဝင်  ကမ္ဘာ့နိုင်ငံတွေဟာ ၎င်းတို့နိုင်ငံသားတွေကို ဆူဒန်နိုင်ငံအတွင်းက ပြန်လည်ခေါ်ယူလျက်ရှိနေကြောင်းသိရပါတယ်။

zawgyi version

ဆူဒန္မွာ အပစ္အခတ္ရပ္စဲထားေပမယ့္ အေမရိကန္ႏိုင္ငံသားေတြကို (၂)ရက္အတြင္း အၿပီးထြက္ခြာဖို႔ အေမရိကန္အစိုးရ ေတာင္းဆို 

ဂ်န္ဇက္ (NP News) - ဧၿပီ ၂၈

ဆူဒန္ စစ္တပ္ နဲ႔  ေထာက္ပံ့ေရးတပ္ဖြဲ႕ Rapid Support Forces မ်ားၾကား အပစ္အခတ္ရပ္စဲေရးကို ေနာက္ထပ္ သုံးရက္ၾကာ သက္တမ္းတိုးဖို႔ သေဘာတူညီခဲ့ေပမယ့္လည္း အေမရိကန္အစိုးရကေတာ့ ဆူဒန္ႏိုင္ငံအတြင္းရွိ အေမရိကန္ ႏိုင္ငံသားအားလုံးကို လာမယ့္ ႏွစ္ရက္အတြင္း  ဆူဒန္ႏိုင္ငံအတြင္းက အျမန္ဆုံးထြက္ခြာဖို႔ သတိေပးေတာင္းဆိုလိုက္ပါတယ္။

ဆူဒန္ စစ္တပ္ နဲ႔ ဆူဒန္ေထာက္ပံ့ေရးတပ္ဖြဲ႕ေတြဟာ ဧၿပီလ ၁၅ ရက္မွာ တိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံတကာအဖြဲ႕စည္းမ်ားရဲ႕ၾကားဝင္ေစ့စပ္မႈေၾကာင့္ အပစ္ရပ္စဲေရးရယူႏိုင္ခဲ့ၿပီး အဲဒီအပစ္ခတ္ရပ္စဲေရးကို ေနာက္ထပ္ သုံးရက္ၾကာသက္တမ္းတိုးဖို႔ သေဘာတူညီထားေၾကာင္းသိရပါတယ္။သုံးရက္ၾကာအပစ္ခတ္ရပ္စဲေရး သေဘာတူညီခ်က္က ဧၿပီလ ၂၈ ရက္ေန႔ ညပိုင္းမွာ စတင္သက္ေရာက္မွာျဖစ္ေၾကာင္း သိရပါတယ္။ 

သို႔ေပမယ့္ အေမရိကန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Karine Jean-Pierre ကေတာ့ ဆူဒန္ႏိုင္ငံရဲ႕လက္ရွိအေျခအေနေတြက ဆိုး႐ြားဖြယ္ရွိေနတဲ့အတြက္ ႏိုင္ငံသားအားလုံးဟာ ဆူဒန္ႏိုင္ငံအတြင္းက ထြက္ခြာရမွာျဖစ္ေၾကာင္းေျပာပါတယ္။ အေမရိကန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ဆူဒန္ႏိုင္ငံမွာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ေတြရရွိေပမယ့္လည္း ခ်ိဳးေဖာက္မႈေတြရွိေနတဲ့အေပၚ စိုးရိမ္ရေၾကာင္း ေျပာပါတယ္။

၎က "ဆူဒန္ႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြက ပိုမိုဆိုးလာဖို႔ရွိေနတယ္။ အေမရိကန္ႏိုင္ငံသားေတြကို ဆူဒန္ႏိုင္ငံအတြင္းက အျမန္ဆုံးထြက္ခြာေစလိုတယ္"လို႔ေျပာပါတယ္။ အေမရိကန္အစိုးရဟာ ဆူဒန္ႏိုင္ငံကိုေရာက္ရွိေနတဲ့ အေမရိကန္ႏိုင္ငံသားေတြကို ျပန္ေခၚယူရာမွာ ေဘးကင္းစိတ္ခ်ေရးအတြက္သတင္း ေထာက္လွမ္းႏိုင္ဖို႔ ေထာက္လွမ္းေရးအဖြဲ႕မ်ား၊ ေထာက္လွမ္းေရးပစၥည္းမ်ား ျဖန႔္ၾကတ္ခ်ထားမွာျဖစ္ ေၾကာင္းသိရပါတယ္။ ဆူဒန္စစ္ေရးပဋိပကၡေတြက လူေနပတ္ဝန္းက်င္မ်ားကို စစ္ပြဲဇုန္ျဖစ္ေအာင္လုပ္ ေဆာင္ေနေၾကာင္း အေမရိကန္ အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူကေျပာပါတယ္။

အေမရိကန္အပါအဝင္  ကမာၻ႔ႏိုင္ငံေတြဟာ ၎တို႔ႏိုင္ငံသားေတြကို ဆူဒန္ႏိုင္ငံအတြင္းက ျပန္လည္ေခၚယူလ်က္ရွိေနေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စင်ကာပူမှာ ဘိန်းဖြူ (၃ ဒသမ ၂) ကီလိုဂရမ်နီးပါး သိမ်းဆည်းရမိပြီး လူ (၁ဝ) ဦးကို ဖမ်းဆီးနိုင်ခဲ့

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved