Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်နိုင်ငံတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် သေဆုံးသူဦး‌ရေမှာ အနည်းဆုံး (၁၇)ဦးအထိ မြင့်တက်လာ

Pika (NP News) - ဒီဇင်ဘာလ ၂၆

ဂျပန်နိုင်ငံ၏ နေရာအနှံ့အပြားတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် အနည်းဆုံးလူ(၁၇) ဦး သေဆုံးခဲ့ပြီး လူပေါင်း(၉ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်းရာနှင့်ချီ လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ကြုံတွေ့ခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ရှိသူများက ဒီဇင်ဘာ(၂၆)ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက နှင်းမုန်တိုင်းများတိုက်ခတ်ခဲ့ပြီး ဒီဇင်ဘာ(၂၄) ရက်တွင် ယာဥ်ကြောပိတ်ဆို့ခြင်းများ၊ ကုန်ပစ္စည်းပေးပို့ခြင်းများ နှောင့်နှေးခြင်းများနှင့် လူ(၁၁) ဦး သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခရစ္စမတ်သီတင်းပတ်တွင် နှင်းမုန်တိုင်းများတိုက်ခတ်ကာ ဆီးနှင်းများပိုမိုကျဆင်းမှုကြောင့် ဒီဇင်ဘာ(၂၆) ရက် တွင် သေဆုံးသူဦးရေမှာ (၁၇)ဦးအထိ မြင့်တက်လာခဲ့ပြီး လူပေါင်း(၉၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ က ပြောကြားခဲ့သည်။အဆိုပါ သေဆုံးသူ(၁၇)ဦးထဲမှ အများစုမှာ ၎င်းတို့နေအိမ်ပေါ်မှ နှင်းထုများကို ဖယ်ရှားရန်ကြိုးပမ်းနေစဥ် ပြုတ်ကျ ခဲ့ခြင်း (သို့မဟုတ်) နှင်းထုများအောက်တွင် ပိခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှင်းမုန်တိုင်း ထူထပ်စွာ အကျဆင်းဆုံးဒေသများမှ စည်ပင်သာယာရေးရုံးများမှ နှင်းထုများဖယ်ရှားရာတွင် သတိထား လုပ်ဆောင်ရန်နှင့်တစ်ယောက်တည်းမလုပ်ကြရန် ဒေသခံများကို တိုက်တွန်းတောင်းဆိုထားကြောင်းလည်း သိရသည်။ယာမာဂါတာစီရင်စုရှိ Nagai မြို့မှာ ‌ခေါင်မိုးပေါ်ရှိ နှင်းထုအောက်တွင် နစ်မြုပ်နေသော အသက်(၇ဝ)အရွယ် အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားခဲ့ သည်။ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ နေရာအတော်များများတွင် ဆောင်းရာသီအတွင်း ပုံမှန်ကျဆင်းနေသော ဆီးနှင်း များထက် သုံးဆပိုမိုကျဆင်းလျက်ရှိနေကြောင်း သိရသည်။

ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် ဂျပန်နိုင်ငံ မြောက်ဘက်စွန်းပင်မကျွန်းရှိ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးမျှော်စင်သည် နှင်းထုများဖြင့် ဖုံးလွှမ်းခဲ့ပြီး ခရစ္စမတ်နေ့ နံနက်ပိုင်းတွင် နေအိမ်ပေါင်း(၂ဝဝဝဝ) ခန့် လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ကြုံတွေ့ခဲ့ရသော်လည်း အဆိုပါနေ့ နှောင်းပိုင်းတွင် နေရာအများစုမှာ လျှပ်စစ်မီးများ ပြန်လည်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်စက်မှုဝန်ကြီးဌာန က ပြောကြားခဲ့သည်။ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ဒီဇင်ဘာ(၂၅)ရက်အထိ ရထားနှင့်လေယာဥ်ခရီးစဥ်ဒါဇင်ပေါင်းများစွာကို ဆိုင်းငံ့ထားခဲ့ သော်လည်း ပြေးဆွဲမှုအများစုကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း သယ်ယူပို့‌ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။


Zawgyi Version;

ဂ်ပန္ႏိုင္ငံတြင္ ဆီးႏွင္းမ်ား ထူထပ္စြာက်ဆင္းမႈေၾကာင့္ ေသဆုံးသူဦး‌ေရမွာ အနည္းဆုံး (၁၇)ဦးအထိ ျမင့္တက္လာ

Pika (NP News) - ဒီဇင္ဘာလ ၂၆

ဂ်ပန္ႏိုင္ငံ၏ ေနရာအႏွံ႔အျပားတြင္ ဆီးႏွင္းမ်ား ထူထပ္စြာက်ဆင္းမႈေၾကာင့္ အနည္းဆုံးလူ(၁၇) ဦး ေသဆုံးခဲ့ၿပီး လူေပါင္း(၉ဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ကာ ေနအိမ္ေပါင္းရာႏွင့္ခ်ီ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရ ေၾကာင္း သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးတာဝန္ရွိသူမ်ားက ဒီဇင္ဘာ(၂၆)ရက္တြင္ ေျပာၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံ ေျမာက္ပိုင္းေဒသတြင္ ၿပီးခဲ့သည့္သီတင္းပတ္ကတည္းက ႏွင္းမုန္တိုင္းမ်ားတိုက္ခတ္ခဲ့ၿပီး ဒီဇင္ဘာ(၂၄) ရက္တြင္ ယာဥ္ေၾကာပိတ္ဆို႔ျခင္းမ်ား၊ ကုန္ပစၥည္းေပးပို႔ျခင္းမ်ား ေႏွာင့္ေႏွးျခင္းမ်ားႏွင့္ လူ(၁၁) ဦး ေသဆုံးျခင္းတို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ခရစၥမတ္သီတင္းပတ္တြင္ ႏွင္းမုန္တိုင္းမ်ားတိုက္ခတ္ကာ ဆီးႏွင္းမ်ားပိုမိုက်ဆင္းမႈေၾကာင့္ ဒီဇင္ဘာ(၂၆) ရက္ တြင္ ေသဆုံးသူဦးေရမွာ (၁၇)ဦးအထိ ျမင့္တက္လာခဲ့ၿပီး လူေပါင္း(၉၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း မီးသတ္ႏွင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေအဂ်င္စီ က ေျပာၾကားခဲ့သည္။

အဆိုပါ ေသဆုံးသူ(၁၇)ဦးထဲမွ အမ်ားစုမွာ ၎တို႔ေနအိမ္ေပၚမွ ႏွင္းထုမ်ားကို ဖယ္ရွားရန္ႀကိဳးပမ္းေနစဥ္ ျပဳတ္က် ခဲ့ျခင္း (သို႔မဟုတ္) ႏွင္းထုမ်ားေအာက္တြင္ ပိခဲ့ျခင္းေၾကာင့္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႏွင္းမုန္တိုင္း ထူထပ္စြာ အက်ဆင္းဆုံးေဒသမ်ားမွ စည္ပင္သာယာေရး႐ုံးမ်ားမွ ႏွင္းထုမ်ားဖယ္ရွားရာတြင္ သတိထား လုပ္ေဆာင္ရန္ႏွင့္တစ္ေယာက္တည္းမလုပ္ၾကရန္ ေဒသခံမ်ားကို တိုက္တြန္းေတာင္းဆိုထားေၾကာင္းလည္း သိရသည္။

ယာမာဂါတာစီရင္စုရွိ Nagai ၿမိဳ႕မွာ ‌ေခါင္မိုးေပၚရွိ ႏွင္းထုေအာက္တြင္ နစ္ျမဳပ္ေနေသာ အသက္(၇ဝ)အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရး ေအဂ်င္စီက ေျပာၾကားခဲ့ သည္။ ဂ်ပန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ေနရာအေတာ္မ်ားမ်ားတြင္ ေဆာင္းရာသီအတြင္း ပုံမွန္က်ဆင္းေနေသာ ဆီးႏွင္း မ်ားထက္ သုံးဆပိုမိုက်ဆင္းလ်က္ရွိေနေၾကာင္း သိရသည္။ ဆီးႏွင္းမ်ား ထူထပ္စြာက်ဆင္းမႈေၾကာင့္ ဂ်ပန္ႏိုင္ငံ ေျမာက္ဘက္စြန္းပင္မကြၽန္းရွိ လွ်ပ္စစ္ဓါတ္အားပို႔လႊတ္ေရးေမွ်ာ္စင္သည္ ႏွင္းထုမ်ားျဖင့္ ဖုံးလႊမ္းခဲ့ၿပီး ခရစၥမတ္ေန႔ နံနက္ပိုင္းတြင္ ေနအိမ္ေပါင္း(၂ဝဝဝဝ) ခန႔္ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရေသာ္လည္း အဆိုပါေန႔ ေႏွာင္းပိုင္းတြင္ ေနရာအမ်ားစုမွာ လွ်ပ္စစ္မီးမ်ား ျပန္လည္ရရွိခဲ့ေၾကာင္း စီးပြားေရးႏွင့္စက္မႈဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံေျမာက္ပိုင္းတြင္ ဒီဇင္ဘာ(၂၅)ရက္အထိ ရထားႏွင့္ေလယာဥ္ခရီးစဥ္ဒါဇင္ေပါင္းမ်ားစြာကို ဆိုင္းငံ့ထားခဲ့ ေသာ္လည္း ေျပးဆြဲမႈအမ်ားစုကို ျပန္လည္စတင္ေနၿပီျဖစ္ေၾကာင္း သယ္ယူပို႔‌ေဆာင္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖိလစ်ပိုင်နိုင်ငံတွင် ရေကြီးမှုများကြောင့် လူ(၆)ဦးသေဆုံးပြီး (၂ဝ)နီးပါး ပျောက်ဆုံး

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved