မိုးကုတ်မြို့၌ ကျောက်ရှာရာမှ ကျောက်တွင်းပြိုကျခဲ့ရာ အမျိုးသားတစ်ဦးသေဆုံး
NP News - ဒီဇင်ဘာ ၂၆
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ကျောက်ရှာရာမှ ကျောက်တွင်းပြိုကျပြီး ပိတ်မိရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်မှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၆ ရက်) ၊ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် မိုးကုတ်မြို့နယ်၊ ကတုတ်ကွက်သစ်ရှိ ရေပူရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ရေပူရပ်ကွက်ရှိ အနက်(၈ဝ)ပေ၊ အကျယ်(၄)ပေခန့်ရှိသော ကျောက်တွင်းဟောင်းအတွင်း ကျောက်ရှာရာမှ အမျိုးသားတစ်ဦး ကျောက်တွင်းပြိုကျ၍ ပိတ်မိခဲ့ကြောင်း မီးသတ်ဌာနမှ ဆိုသည်။
ထို့ကြောင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၁၂)နာရီ (၂ဝ) မိနစ်အချိန်တွင် အဆိုပါ အမျိုးသားအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီး ၎င်းအား မြတ်စေတနာလူမှုကူညီရေးအသင်းမှ မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် လပိုင်းကလည်း မိုးကုတ်မြို့နယ်တွင် ကျောက်တွင်းဟောင်းအတွင်း မျှောတိုက်ရာမှ အမျိုးသားတစ်ဦး ကျောက်တုံးပိမိခဲ့သည်။
zawgyi version
မိုးကုတ္ၿမိဳ႕၌ ေက်ာက္ရွာရာမွ ေက်ာက္တြင္းၿပိဳက်ခဲ့ရာ အမ်ိဳးသားတစ္ဦးေသဆုံး
NP News - ဒီဇင္ဘာ ၂၆
မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕နယ္တြင္ ေက်ာက္ရွာရာမွ ေက်ာက္တြင္းၿပိဳက်ၿပီး ပိတ္မိရာ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနခ်ဳပ္မွ သတင္း ရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၂၆ ရက္) ၊ ေန႔လည္(၁၂)နာရီအခ်ိန္ခန႔္တြင္ မိုးကုတ္ၿမိဳ႕နယ္၊ ကတုတ္ကြက္သစ္ရွိ ေရပူရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း မီးသတ္ဌာနမွ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ေရပူရပ္ကြက္ရွိ အနက္(၈ဝ)ေပ၊ အက်ယ္(၄)ေပခန႔္ရွိေသာ ေက်ာက္တြင္းေဟာင္းအတြင္း ေက်ာက္ရွာရာမွ အမ်ိဳးသားတစ္ဦး ေက်ာက္တြင္းၿပိဳက်၍ ပိတ္မိခဲ့ေၾကာင္း မီးသတ္ဌာနမွ ဆိုသည္။
ထို႔ေၾကာင့္ လယ္ဦးနယ္ေျမမီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြကယ္ ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ (၁၂)နာရီ (၂ဝ) မိနစ္အခ်ိန္တြင္ အဆိုပါ အမ်ိဳးသားအား ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိခဲ့ၿပီး ၎အား ျမတ္ေစတနာလူမႈကူညီေရးအသင္းမွ မိုးကုတ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ လပိုင္းကလည္း မိုးကုတ္ၿမိဳ႕နယ္တြင္ ေက်ာက္တြင္းေဟာင္းအ တြင္း ေမွ်ာတိုက္ရာမွ အမ်ိဳးသားတစ္ဦး ေက်ာက္တုံးပိမိခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံ ဆောင်ခလာဘူရီဒေသရှိ ဒုက္ခသည်စခန်းတစ်ခု မီးလောင်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း