အီတလီလက်ဝှေ့မယ်ကို အနိုင်ယူပြီး ဥရောပမှာ သမိုင်းစာမျက်နှာအသစ်တွေ ရေးထိုးလိုက်တဲ့ ကယန်းလက်ဝှေ့မယ့် ဘရော်နီကာ
ဂျန်ဇက် (NP News) - ဧပြီ ၂၃
ကယန်းကျားသစ်လို့ချစ်စနိုးအခေါ်ခံရတဲ့ ဘရော်နီကာဟာ ဧပြီလ ၂၂ရက်ညပိုင်းက အီတလီနိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ thai fight rome 2023 ပွဲစဉ်မှာ အီတလီ အမျိုးသမီးလက်ဝှေ့သမားကို အနိုင်ရရှိသွားခဲ့ကြောင်းသိရပါတယ်။
ဘရော်နီကာနဲ့ အီတလီအမျိုးသမီးလက်ဝှေ့သမား အက်စတာဗွိုင်အိုလာတို့ဟာ အကြိတ်အနယ်ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြပြီး သုံးချီပြည့်ချိန်အထိ အနိုင်အရှုံးမပေါ်တဲ့အတွက် ဒိုင်လူကြီးများရဲ့အဆုံးအဖြတ်ခံယူခဲ့ရာ ဒိုင်လူကြီးတွေက ဘရော်နီကာကိုအနိုင်ပေးခဲ့ကြောင်းသိရပါတယ်။ ဘရော်နီကာဟာ ထိုင်းဘုရင်ဖလား ပြိုင်ပွဲ ဆုဖလားအပြင် @thaifight_official Kard Chuek ချန်ပီယံခါးပတ်တို့ကို မနှစ်က ဒီဇင်ဘာလအတွင်းက အနိုင်ရယူနိုင်ခဲ့ကြောင်းသိရပါတယ်။
ဘရော်နီကာဟာ ကမ္ဘာ့မွေထိုင်း ဘန်တန်ဝိတ်တန်းမှာ ကမ္ဘာ့အဆင့်(၁)နေရာရပ်တည်နေသူဖြစ်ပြီး ၂ဝ၂၃ ခုနှစ်မှာ အောင်မြင်မှုတွေ ပိုမိုရယူနိုင်ဖို့ ပစ်မှတ်ထားနေသူဖြစ်ပါတယ်။ ဘရော်နီကာဟာ သူမရဲ့ပထမဆုံးဥရောပပွဲစဉ်ကို ယှဉ်ပြိုင်ဖို့ အီတလီလက်ဝှေ့သမား အက်စတာဗွိုင်အိုလာကို အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ဘရော်နီကာဟာ အသက် ၁၆ နှစ်အရွယ်ကတည်းက လက်ဝှေ့သမားဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းပွဲစဉ်များကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးနောက် ၂ဝ၂၂ ခုနှစ်မှာ ထိုင်းမွေထိုင်းပွဲစဉ်များကို ပြောင်းရွှေ့ယှဉ်ပြိုင်ဖို့ ထိုင်းမွေထိုင်းကလပ်ကိုပြောင်း ရွှေ့ထိုးသတ်ဖို့ စာချုပ်လက်မှတ်ရေးထိုးခဲ့သူဖြစ်ကြောင်းသိရပါတယ်။ ဘရော်နီကာဟာ ၂ဝ၁၈ ခုနှစ်ကကျင်းပတဲ့ Myanmar Idol ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ကြောင်းသိရပါတယ်။
zawgyi version
အီတလီလက္ေဝွ႔မယ္ကို အႏိုင္ယူၿပီး ဥေရာပမွာ သမိုင္းစာမ်က္ႏွာအသစ္ေတြ ေရးထိုးလိုက္တဲ့ ကယန္းလက္ေဝွ႔မယ့္ ဘေရာ္နီကာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၃
ကယန္းက်ားသစ္လို႔ခ်စ္စႏိုးအေခၚခံရတဲ့ ဘေရာ္နီကာဟာ ဧၿပီလ ၂၂ရက္ညပိုင္းက အီတလီႏိုင္ငံမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ thai fight rome 2023 ပြဲစဥ္မွာ အီတလီ အမ်ိဳးသမီးလက္ေဝွ႔သမားကို အႏိုင္ရရွိသြားခဲ့ေၾကာင္းသိရပါတယ္။
ဘေရာ္နီကာနဲ႔ အီတလီအမ်ိဳးသမီးလက္ေဝွ႔သမား အက္စတာဗြိဳင္အိုလာတို႔ဟာ အႀကိတ္အနယ္ယွဥ္ၿပိဳင္ ထိုးသတ္ခဲ့ၾကၿပီး သုံးခ်ီျပည့္ခ်ိန္အထိ အႏိုင္အရႈံးမေပၚတဲ့အတြက္ ဒိုင္လူႀကီးမ်ားရဲ႕အဆုံးအျဖတ္ခံယူခဲ့ရာ ဒိုင္လူႀကီးေတြက ဘေရာ္နီကာကိုအႏိုင္ေပးခဲ့ေၾကာင္းသိရပါတယ္။ ဘေရာ္နီကာဟာ ထိုင္းဘုရင္ဖလား ၿပိဳင္ပြဲ ဆုဖလားအျပင္ @thaifight_official Kard Chuek ခ်န္ပီယံခါးပတ္တို႔ကို မႏွစ္က ဒီဇင္ဘာလအတြင္းက အႏိုင္ရယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။
ဘေရာ္နီကာဟာ ကမာၻ႔ေမြထိုင္း ဘန္တန္ဝိတ္တန္းမွာ ကမာၻ႔အဆင့္(၁)ေနရာရပ္တည္ေနသူျဖစ္ၿပီး ၂ဝ၂၃ ခုႏွစ္မွာ ေအာင္ျမင္မႈေတြ ပိုမိုရယူႏိုင္ဖို႔ ပစ္မွတ္ထားေနသူျဖစ္ပါတယ္။ ဘေရာ္နီကာဟာ သူမရဲ႕ပထမဆုံးဥေရာပပြဲစဥ္ကို ယွဥ္ၿပိဳင္ဖို႔ အီတလီလက္ေဝွ႔သမား အက္စတာဗြိဳင္အိုလာကို အႏိုင္ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ ဘေရာ္နီကာဟာ အသက္ ၁၆ ႏွစ္အ႐ြယ္ကတည္းက လက္ေဝွ႔သမားျဖစ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ျမန္မာႏိုင္ငံအတြင္း ျပည္တြင္းပြဲစဥ္မ်ားကို ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီးေနာက္ ၂ဝ၂၂ ခုႏွစ္မွာ ထိုင္းေမြထိုင္းပြဲစဥ္မ်ားကို ေျပာင္းေ႐ႊ႕ယွဥ္ၿပိဳင္ဖို႔ ထိုင္းေမြထိုင္းကလပ္ကိုေျပာင္း ေ႐ႊ႕ထိုးသတ္ဖို႔ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့သူျဖစ္ေၾကာင္းသိရပါတယ္။ ဘေရာ္နီကာဟာ ၂ဝ၁၈ ခုႏွစ္ကက်င္းပတဲ့ Myanmar Idol ၿပိဳင္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ဖူးသူျဖစ္ေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် တာဝါတိုင်(၃)တိုင်အား ဓာတ်အားပြည့်ဝစွာ ပြန်လည်သုံးနိုင်ရန် ပြုပြင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်မည်