ကမ္ဘောဒီးယားနိုင်ငံက ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် သီတင်းနှစ်ပတ်ကြာ ကျင်းပသွားမည်
Pika (NP News) - ဧပြီ ၂၂
ကမ္ဘောဒီးယားနိုင်ငံသည် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းသွားမည်ဖြစ်ကြောင်းသိရသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို (၂ဝ၂၃)ခုနှစ် မေလ(၅)ရက်မှ (၁၇)ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း(၁၁)နိုင်ငံမှ အားကစားသမားများပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကာ ပွဲပေါင်း (၅၈၁)ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့်နိုင်ငံများသည် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမော၊အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်တို့ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဆီးဂိမ်းတွင် PUBG၊ MLBBနှင့် Wild Rift တို့ကဲ့သို့ ဂိမ်းပြိုင်ပွဲများကိုလည်း ထည့်သွင်းကစားသွားမည်ဖြစ်ကြောင်းသိရသည်။
ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို မေလ(၅)ရက်တွင် ဖနွမ်းပင်မြို့၌ ကျင်းပရန်စီစဥ်ထားသော်လည်း အချို့သော အားကစားပြိုင်ပွဲများကို ဧပြီလ(၂၉)ရက်ကတည်းက စတင်ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံး၊ ဘတ်စ်ကတ်ဘော၊ ဘော်လီဘော၊ လက်ဝှေ့၊ ကာရာတေး၊ ရေကူးပြိုင်ပွဲ၊ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဂေါက်ရိုက်ပြိုင်ပွဲများအပါအဝင် အားကစားနည်း(၃၇)မျိုးအထိ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ဆီးဂိမ်းပြိုင်ပွဲကို အဓိက လက်ခံကျင်းပမည့်နေရာသည် Morodok Techo အားကစားကွင်းဖြစ်ကြောင်းလည်းသိရသည်။ ဆီးဂိမ်းပြိုင်ပွဲများကို ဖနွမ်းပင်မြို့၊ Chroy Changvar မြို့၊ Sihanoukville မြို၊ Siem Reap မြို့၊ Kempot မြို့တို့တွင် အဓိကထားကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
zawgyi version
ကေမာၻဒီးယားႏိုင္ငံက ဆီးဂိမ္းၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ သီတင္းႏွစ္ပတ္ၾကာ က်င္းပသြားမည္
Pika (NP News) - ဧၿပီ ၂၂
ကေမာၻဒီးယားႏိုင္ငံသည္ (၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲကို ပထမဆုံးအႀကိမ္ အိမ္ရွင္အျဖစ္လက္ခံက်င္းသြားမည္ျဖစ္ေၾကာင္းသိရသည္။
ကေမာၻဒီးယားႏိုင္ငံတြင္ (၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲကို (၂ဝ၂၃)ခုႏွစ္ ေမလ(၅)ရက္မွ (၁၇)ရက္အထိ က်င္းပမည္ျဖစ္ၿပီး ႏိုင္ငံေပါင္း(၁၁)ႏိုင္ငံမွ အားကစားသမားမ်ားပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ကာ ပြဲေပါင္း (၅၈၁)ပြဲ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရသည္။
(၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ႏိုင္ငံမ်ားသည္ ကေမာၻဒီးယား၊ ဘ႐ူႏိုင္း၊ တီေမာ၊အင္ဒိုနီးရွား၊ လာအို၊ မေလးရွား၊ ျမန္မာ၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ ထိုင္း ႏွင့္ ဗီယက္နမ္တို႔ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ဆီးဂိမ္းတြင္ PUBG၊ MLBBႏွင့္ Wild Rift တို႔ကဲ့သို႔ ဂိမ္းၿပိဳင္ပြဲမ်ားကိုလည္း ထည့္သြင္းကစားသြားမည္ျဖစ္ေၾကာင္းသိရသည္။
ဆီးဂိမ္းဖြင့္ပြဲအခမ္းအနားကို ေမလ(၅)ရက္တြင္ ဖႏြမ္းပင္ၿမိဳ႕၌ က်င္းပရန္စီစဥ္ထားေသာ္လည္း အခ်ိဳ႕ေသာ အားကစားၿပိဳင္ပြဲမ်ားကို ဧၿပီလ(၂၉)ရက္ကတည္းက စတင္က်င္းပသြားမည္ျဖစ္သည္။ ထို႔ျပင္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ေဘာလုံး၊ ဘတ္စ္ကတ္ေဘာ၊ ေဘာ္လီေဘာ၊ လက္ေဝွ႔၊ ကာရာေတး၊ ေရကူးၿပိဳင္ပြဲ၊ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲ၊ ေဂါက္႐ိုက္ၿပိဳင္ပြဲမ်ားအပါအဝင္ အားကစားနည္း(၃၇)မ်ိဳးအထိ ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။
ဆီးဂိမ္းၿပိဳင္ပြဲကို အဓိက လက္ခံက်င္းပမည့္ေနရာသည္ Morodok Techo အားကစားကြင္းျဖစ္ေၾကာင္းလည္းသိရသည္။ ဆီးဂိမ္းၿပိဳင္ပြဲမ်ားကို ဖႏြမ္းပင္ၿမိဳ႕၊ Chroy Changvar ၿမိဳ႕၊ Sihanoukville ၿမိဳ၊ Siem Reap ၿမိဳ႕၊ Kempot ၿမိဳ႕တို႔တြင္ အဓိကထားက်င္းပသြားမည္ျဖစ္ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS ယာဥ်နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိရာ ကလေး (၃)ဦးအပါအဝင် (၆)ဦး ဒဏ်ရာရရှိ