Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တမူးမြို့၌ နှစ်ပေါင်း(၄၄)နှစ်အတွင်း အပူချိန်စံချိန်သစ်တင်ခဲ့ပြီး မနက်ဖြန်တွင် မန္တလေး၊ မကွေး၊ စစ်ကိုင်းတို့၌ အမြင့်ဆုံး အပူချိန်များ ဖြစ်ပေါ်မည်

ယွန်း (NP News) -  ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ တမူးမြို့၌ နှစ်ပေါင်း(၄၄)နှစ်အတွင်း အပူချိန်စံချိန်သစ်တင်ခဲ့ပြီး မနက်ဖြန်(ဧပြီလ ၂ဝ ရက်) တွင် မန္တလေး၊ မကွေး၊ စစ်ကိုင်းတို့၌  အမြင့်ဆုံးအပူချိန် ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(ဧပြီလ ၁၉ ရက်) နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ဧပြီလ(၁၈)ရက်၌ အမြင့်ဆုံးအပူချိန် (၄၃ ဒသမ ၈) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း(၄၄)နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

တမူးမြို့၌ ယခင်ကဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းသည် (၄၃ ဒသမ ၂) ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း မိုးဇလမှ ဆိုသည်။

အလားတူ ယနေ့ (ဧပြီလ ၁၉ ရက်)၌ မကွေးတိုင်း၊ ချောက်မြို့တွင် အပူချိန်(၄၅)ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး ကလေးဝ၊ တမူး၊ မြင်းခြံ၊ မင်းကင်း၊ မုံရွာ၊ မြင်းမူ၊ မန္တလေး၊ ညောင်းဦး၊ ဘော်လခဲနှင့် ဖားဆောင်းမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက်ခဲ့ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ထို့ပြင် မနက်ဖြန် (ဧပြီလ ၂ဝ ရက်)တွင်လည်း မန္တလေး၊ စစ်ကိုင်း နှင့် မကွေးတို့တွင် အမြင့်ဆုံးအပူချိန် (၄၄)ဒီဂရီစင်တီဂရိတ်အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးဇလမှ ဆိုသည်။

အလားတူ ရန်ကုန်အပါအဝင် မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တောင်ကြီး၊ ဟားခါး၊ ဟုမ္မလင်း၊ နေပြည်တော်၊  မကွေး၊ စစ်တွေ၊ ပဲခူး၊ ပုသိမ်၊ လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်နှင့် ထားဝယ်တို့တွင် အပူချိန်များ ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးဇလမှ အသိပေးပြောဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမိုမြင့်တက်နိုင်ကြောင်း မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆိုထားသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုအနေအထားအရ ပိုပူလာနိုင်ပါတယ်။ အပူဆုံးနေရာတွေဖြစ်တဲ့ အလယ်ပိုင်း ဒေသတွေမှာဆို လက်ရှိမှာ ၄၂ ဒီဂရီလောက်ကို ပူနေတာပေါ့။ ပုံမှန်အရဆိုရင်တော့ နောက်ထပ် ၂ ဒီဂရီ၊ ၃ ဒီဂရီလောက်ကို ထပ်တိုးလာဦးမှာပါ” ဟု ၎င်းမှ ဆိုသည်။

အပူချိန်မြင့်တက်မှုများသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အပူချိန်မြင့်မားလာမှုနှင့်ပတ်သက်၍ ကျန်းမာရေးဌာနအနေဖြင့်လည်း ကြိုတင်သတိပြုနေထိုင်သင့်သည့် အချက်များကို အသိပေးကြေညာလျက်ရှိသည်။

zawgyi version

တမူးၿမိဳ႕၌ ႏွစ္ေပါင္း(၄၄)ႏွစ္အတြင္း အပူခ်ိန္စံခ်ိန္သစ္တင္ခဲ့ၿပီး မနက္ျဖန္တြင္ မႏၲေလး၊ မေကြး၊ စစ္ကိုင္းတို႔၌  အျမင့္ဆုံး အပူခ်ိန္မ်ား ျဖစ္ေပၚမည္

ယြန္း (NP News) -  ဧၿပီ ၁၉

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕၌ ႏွစ္ေပါင္း(၄၄)ႏွစ္အတြင္း အပူခ်ိန္စံခ်ိန္သစ္တင္ခဲ့ၿပီး မနက္ျဖန္(ဧၿပီလ ၂ဝ ရက္) တြင္ မႏၲေလး၊ မေကြး၊ စစ္ကိုင္းတို႔၌  အျမင့္ဆုံးအပူခ်ိန္ ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(ဧၿပီလ ၁၉ ရက္) ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္း ျဖစ္သည္။

မိုးဇလ၏ ထုတ္ျပန္ခ်က္အရ စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕တြင္ ဧၿပီလ(၁၈)ရက္၌ အျမင့္ဆုံးအပူခ်ိန္ (၄၃ ဒသမ ၈) ဒီဂရီစင္တီဂရိတ္ျဖင့္ လြန္ခဲ့ေသာ ႏွစ္ေပါင္း(၄၄)ႏွစ္အတြင္း အျမင့္ဆုံးအပူခ်ိန္အျဖစ္ စံခ်ိန္သစ္တင္ခဲ့ေၾကာင္း သိရသည္။

တမူးၿမိဳ႕၌ ယခင္ကျဖစ္ေပၚခဲ့ေသာ အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္ေဟာင္းသည္ (၄၃ ဒသမ ၂) ဒီဂရီစင္တီဂရိတ္ျဖစ္ေၾကာင္း မိုးဇလမွ ဆိုသည္။

အလားတူ ယေန႔ (ဧၿပီလ ၁၉ ရက္)၌ မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕တြင္ အပူခ်ိန္(၄၅)ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္ခဲ့ၿပီး ကေလးဝ၊ တမူး၊ ျမင္းၿခံ၊ မင္းကင္း၊ မုံ႐ြာ၊ ျမင္းမူ၊ မႏၲေလး၊ ေညာင္းဦး၊ ေဘာ္လခဲႏွင့္ ဖားေဆာင္းၿမိဳ႕တို႔တြင္ (၄၄)ဒီဂရီစင္တီဂရိတ္အထိ အပူခ်ိန္ျမင့္တက္ခဲ့ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ မနက္ျဖန္ (ဧၿပီလ ၂ဝ ရက္)တြင္လည္း မႏၲေလး၊ စစ္ကိုင္း ႏွင့္ မေကြးတို႔တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၄)ဒီဂရီစင္တီဂရိတ္အထိ ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း မိုးဇလမွ ဆိုသည္။

အလားတူ ရန္ကုန္အပါအဝင္ ျမစ္ႀကီးနား၊ လားရႈိး၊ က်ိဳင္းတုံ၊ ေတာင္ႀကီး၊ ဟားခါး၊ ဟုမၼလင္း၊ ေနျပည္ေတာ္၊  မေကြး၊ စစ္ေတြ၊ ပဲခူး၊ ပုသိမ္၊ လြိဳင္ေကာ္၊ ဘားအံ၊ ေမာ္လၿမိဳင္ႏွင့္ ထားဝယ္တို႔တြင္ အပူခ်ိန္မ်ား ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း မိုးဇလမွ အသိေပးေျပာဆိုထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံတစ္ဝန္းလုံး၌ အပူခ်ိန္ျမင့္တက္မႈမ်ား ျဖစ္ေပၚလ်က္ရွိၿပီး သၾကၤန္ကာလအၿပီးတြင္ အပူခ်ိန္ပိုမိုျမင့္တက္ႏိုင္ေၾကာင္း မိုးဇလမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ဆိုထားသည္။

“လက္ရွိျဖစ္ေပၚေနတဲ့ ရာသီဥတုအေနအထားအရ ပိုပူလာႏိုင္ပါတယ္။ အပူဆုံးေနရာေတြျဖစ္တဲ့ အလယ္ပိုင္း ေဒသေတြမွာဆို လက္ရွိမွာ ၄၂ ဒီဂရီေလာက္ကို ပူေနတာေပါ့။ ပုံမွန္အရဆိုရင္ေတာ့ ေနာက္ထပ္ ၂ ဒီဂရီ၊ ၃ ဒီဂရီေလာက္ကို ထပ္တိုးလာဦးမွာပါ” ဟု ၎မွ ဆိုသည္။

အပူခ်ိန္ျမင့္တက္မႈမ်ားသည္ ကမာၻတစ္ဝန္းလုံးတြင္ ျဖစ္ေပၚေနျခင္းျဖစ္ၿပီး ကမာၻႀကီးပိုမိုပူေႏြးလာျခင္းေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အပူခ်ိန္ျမင့္မားလာမႈႏွင့္ပတ္သက္၍ က်န္းမာေရးဌာနအေနျဖင့္လည္း ႀကိဳတင္သတိျပဳေနထိုင္သင့္သည့္ အခ်က္မ်ားကို အသိေပးေၾကညာလ်က္ရွိသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သင်္ကြန်ကာလတွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်နှင့် ငပလီကမ်းခြေတို့၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၁၅ဝဝဝဝ) နီးပါးဝင်ရောက်ခဲ့ဟု နစကဆို

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved