Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အသက်မပြည့်သေးသော ကျောင်းသားများအကြား မူးယစ်ဆေးသုံးစွဲမှု တိုးပွားလာသည့်အတွက် အထူးကြပ်မတ် စောင့်ကြည့်ရန် လိုအပ်လာ

သုတကျော် (NSS) - စက်တင်ဘာ ၁၃

အသက်မပြည့်သေးသော ကျောင်းသားများအကြား မူးယစ်ဆေးသုံးစွဲမှု တိုးပွားလာသည့်အတွက် အထူးကြပ်မတ် စောင့်ကြည့်ရန် လိုအပ်လာကြောင်း NSS က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။  


ရန်ကုန်တိုင်းဒေသကြီးအတွင်းက အခြေခံပညာ ကျောင်းအချို့ရှိ ကျောင်းသားများလက်တွင်း တရားမဝင် မူးယစ်ဆေးများ ပျံ့နှံ့နေကြောင်း NP News က စုံစမ်းသိရှိရကာ နောက်ပိုင်းကာလများတွင် ပိုမိုတွင်ကျယ်လာနေခြင်းဖြစ်သည်။ တရားမဝင် မူးယစ်ဆေးဝါး ဈေးကွက်အတွင်း “ K ”  ဟု ခေါ်နေကြသော ကတ်တမင်း၊ “E” ဟု ခေါ်နေကြသော အတ်စ်တစီ၊ “ ရာဘ” မှ အစပြုကာ Happy Water ၊ သကြားလုံးများ၊ ဘီစကစ်မုန့်များ၊ အသွင်ပြောင်းလဲဖန်တီးထားသော မူးယစ်ဆေး ရောစပ်ထားသော ပစ္စည်းများစသည်ဖြင့် အများအပြားတွင်ကျယ်လာခြင်းဖြစ်သည်။ 

ထိုသို့ ကျောင်းသားများထံ မူးယစ်ဆေးများ စတင်ထိတွေ့စေသော အကြောင်းအရာများအနက် အရေးကြီးသော အချက်တစ်ချက်မှာ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းအရ ပေါ်ပေါက်လာသော အရာများကြောင့်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်နေသူ တစ်ဦးက ဆို သည်။ 

“(၂၀၂၃-၂၄) ထဲမှာ ပိုဆိုးလာတယ်။  Day Club တွေ ပေါ်လာတယ်။ Day Club တွေမှာ ကျောင်းတက်တဲ့ ရက်တွေပေါ့နော်။ တနင်္လာကနေ သောကြာနေ့အထိ  Day ကလပ်တွေက (၁၁) နာရီလောက်ကနေ ညနေ (၅)နာရီအထိ ပက်ကေ့ချ်တစ်ခုနဲ့ရောင်းတယ်။ အွန်လိုင်းကနေ အပေါင်း အသင်းတွေနဲ့ချိတ်ပြီးတော့ လာကြတယ်။ စနေ၊ တနင်္ဂနွေတွေမှာဆို မနက် (၁၀)နာရီကနေ ည(၉)နာရီအထိ အဲဒီအချိန်အထိ သီးသန့်ဖွင့်တယ်ဗျ။ အရက်ရတယ်။ အရက်မသောက်ဘူး အိမ်တွေကပြောတယ်ဆိုရင် မူးယစ်ဆေးဝါးပေါ့။ အစမ်းသဘောမျိုး အီးတို့၊ ကေ တို့ရကြတယ်။ တချို့က ဟိုင်းခန်းလို သီးသန့်ပေးတယ်။ ဘာယူမလဲ ပေးတယ်။ နောက်တစ်မျိုးက KTV လိုလုပ်ထားပြီး သီချင်းဆိုခါနီး ယူမလားလို့ မေးလို့ယူမယ်ဆို အဲဒီလိုပစ္စည်းတွေ ရောက်လာတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုသို့ အသက်မပြည့်သေးသူများ မူးယစ်ဆေး၏ သားကောင်ဖြစ်သွားပါက ငွေလိုလာသောအခါ ကျားချောင်း ချောင်းသော ကာမဘီလူးများ၏ လက်တွင်း ငွေကြေးအတွက် သက်ဆင်းသွားရခြင်းများ လည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ “ အဓိကတော့ ငွေလိုလာတယ်။ အဲဒီကလပ်မှာက သူတို့အရွယ်ချည်းပဲ မဟုတ်ဘူး။ သူတို့ခွင်ကို သိနေတဲ့သူတွေကလည်း လာကြတာပဲလေ။ အသက်ကြီးပိုင်းတွေလာတော့ ခရီးသွားတယ်လို့ ပြောလိုက်ဘာညာဆိုပြီး ညာခေါ်သွားတယ်။ ပွဲစားလုပ်ပေးတဲ့သူလည်း ပိုက်ဆံရတယ်။ အဲဒါတွေလည်း ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။ 

ထိုသို့ဖြစ်နေသည့်အတွက် ဆရာများအနေဖြင့်လည်း ယခုနောက်ပိုင်းတွင် ပိုမိုသတိထားလာပြီး ကျောင်း သို့မဟုတ် ကျူရှင်ပျက်သည်ဟုဆိုပါက မိဘများကို ဆက်သွယ်ခြင်းမျိုးဖြင့် ကာကွယ်လာကြကြောင်းလည်း သိရသည်။ ယခင်ကပင် အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးပျံ့နှံ့ခြင်းမျိုးရှိသော် လည်း လက်ရှိအနေအထားကဲ့သို့ မဟုတ်ဘဲ အနည်းစုမျှသာဖြစ်သည်။ ပျံ့နှံ့ခြင်းမရှိသကဲ့သို့ မူးယစ်ဆေးကို တားဆီးရန်အတွက် ရှာဖွေရလည်း လွယ်သည်။ 

“ ၇ တန်းမှာက နည်းနည်းငယ်သေးတယ်။ ၈ တန်း၊ ၉ တန်းမှာက အရမ်းဆိုးတဲ့ အရွယ်ပေါ့။ ဆယ်တန်းရောက်တော့ မဖြစ်မနေအောင်ရမယ်ဆိုတဲ့ ဖိအားရှိတော့ ငြိမ်သွားတယ်လေ။ ယောကျာ်းလေး တွေကလည်း လူပျိုဖော်ဝင်ခါစဆိုတော့ လူကြီးပုံ ဖြစ်နေပြီပေါ့။ ယောကျာ်းလေးတွေက ဝယ်ပေးတာပါ။ ဆေးပုံစံက အဖြူရှိတယ်။ ပြီးတော့ ပန်းရောင်ပုံစံရှိ တယ်။ အဲဒီဟာက သောက်လိုက်ရင် နာရီပိုင်း အတွင်း အရမ်းလန်းဆန်းတယ်။ ပြီးရင်တော့ အရမ်းအိပ်တာ” ဟု (၂၀ဝ၈) ခုနှစ်ကာလများက အခြေခံ ပညာ အထက်တန်းတက်ရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက ၎င်းစမ်းသပ်သုံးစွဲခဲ့ဖူးသော မူးယစ်ဆေးနှင့်ပတ်သက်၍ ရှင်းပြသည်။ 

ယခုနောက်ပိုင်း အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးများ တွင်တွင်ကျယ်ကျယ် ရောက်ရှိ သွားခြင်းမှာမူ အင်တာနက်ဆက်သွယ်ရေးကွန်ရက် ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်ကြောင်း အထက်ပါ မူး ယစ်ဆေးတိုက်ဖျက်သူက ဆိုသည်။ “ ကလေးတွေက အင်တာနက်မှာတင် အပေါင်းအသင်းတွေရလာတယ်။ ကလေးတွေကို မက်လုံးပေးပြီး ဆေးရောင်းသူတွေ စပေါ်လာတယ်။ ဒီကျောင်းသား တစ်ယောက် ကို အလကားပေးလိုက်ပြီး မင်းသူငယ်ချင်းတွေကို ဆွယ်နိုင်ရင် အလကားပေးမယ်ဆိုပြီး ထပ်လုပ်လာ တယ်ဗျာ။ အဲဒီမှာတင် ကလေးကအထဲမှာ ဖောက်သည်ချသလို ဖြစ်လာတယ်” ဟု ကျောင်းများတွင် မူးယစ်ဆေးပျံ့နှံ့လာခြင်း၏ အကြောင်းအရင်း တစ်ခုကို ပြောပြသည်။ 

အသက်မပြည့်သေးသူများအနေဖြင့် အရက် သို့မဟုတ် ဘီယာကို သောက်သုံးပါက အိမ်ပြန် ရောက်သည့်အခါ အနံ့ထွက်လျှင် မိဘများက ရိပ်မိမည် စိုးသောကြောင့် မူးယစ်ဆေးကို အလွယ်ထိတွေ့ နိုင်ပါက သုံးစွဲခြင်းမျိုးဖြစ်လာနိုင်ကြောင်းလည်း ၎င်းက စိုးရိမ်တကြီး သတိပေးစကားပြောကြားသည်။ 

“ အခုက ဘာတွေပါတွေ့လာသလဲဆိုတော့ မင်းမှာ ပါလား၊ ပါတယ်ဆိုရင် အုပ်စုလိုက်လေး အသာလေးထွက်သွားပြီး ဟိုတယ်တို့၊ တည်းခိုခန်းတို့မှာ စုပြီး သုံးတာမျိုးလည်း ရှိနေတယ်။ မိန်းကလေး တွေက ဟိုတယ်တွေမှာ သုံးတယ်လို့လည်း ကျွန်တော် သိရတယ်” ဟု ၎င်းက ဆိုသည်။  မူးယစ်စိတ်ကြွဆေးများအနက် အသက်မပြည့်သူ ကလေးငယ်များအကြား အများဆုံး တွေ့နေရ သော မူးယစ်ဆေးမှာ Happy Water ဖြစ်ပြီး မသိသာကြောင့် ဖမ်းရခက်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ ပျော်ရွှင်စေတဲ့ ရေဆိုပြီး သောက်တာနဲ့ ဖြည်းဖြည်းချင်း တက်လာတာ။ ရေဘူးထဲမှာ ရော ထည့်သွားရင် မသိသာဘူး။ ရေဘူးဆို ဆရာမတွေလည်း မစစ်တော့ဘူးဗျာ။ ဆရာမ ကြည့်ရင် ရေဆာလို့ ရေသောက်နေတယ်ပေါ့။ သူက အရောင်အဆင်း မရှိတော့ မသိသာဘူး။ အဓိက သကြားလုံးထက် လူ ငယ်တွေကြားထဲ ပျံ့နှံ့ရောက်နေတာ  Happy Water ပဲ” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ကုန်ဈေးနှုန်းမြင့်တက်နေသည် ဆိုသော်လည်း မူးယစ်ဆေးဝါးဈေးမှာမူ ယခင်ထက် ပိုမို ကျဆင်းလာပြီး ပုံပြောင်းထုတ် လုပ်မှုများလည်း ရှိနေသည့်အတွက် အဆိုပါအချက်မှာ ပေါပေါ များများ ဖြစ်သွားစေသည့် အကြောင်းအရင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။  

“ဆရာ၊ ဆရာမတွေ အနေနဲ့လည်း အရင်ကလိုစာသင်တာထက် စာရင် အွန်လိုင်းကနေ စောင့်ကြည့်တာမျိုး လုပ်လာသင့် တယ်။ ကျွန်တော့်သူငယ်ချင်းတွေဆို အကောင့်တုတွေ ဖွင့်ထားပြီး ပြန်လိုက်တယ်။ အကုန်လုံး မဟုတ် ရင်တောင်  ကလေးတစ်ယောက်က ရှစ်တန်း၊ ကိုးတန်းမှာ အများကြီး မလုပ်နိုင်ဘူး။ သေချာလိုက်ရင် သုံးလနဲ့ ခြောက် လလောက်မှာ ပေါ်တယ်ပေါ့။ ဘာတွေ လျော့နေလဲ ဘာညာဆိုပြီး လိုက်ရင်တော့ ပေါ်တာပဲလို့ ကျွန်တော့်သူငယ်ချင်း ကျူရှင်ဆရာတွေက ပြောတယ်” ဟု ၎င်းက ဆိုသည်။ 

တားဆီးနိုင်မှုစွမ်းရည် နှင့် ထိုးဖောက်နိုင်မှုသည် ဝန်နှင့်အား မမျှသောကြောင့် ယခုမူးယစ်ဆေး သံသရာဆိုးကြီးမှာ ကျယ်ပြန်သကဲ့သို့ဖြစ်လာခြင်း ဖြစ်ကြောင်း အငြိမ်းစား ရဲမှူးကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။ “လွန်ခဲ့သော ဆယ်နှစ်လောက်က တရားစခန်းဝင်တော့ အဲဒီကလေးက ဆေးကျောင်း ဒုတိယနှစ် ကနေ တရားစခန်းလာဝင်တာ။ သူ့ကို တီးခေါက်ကြည့်တော့ သူဆေးပြတ်ပြီးတော့ တရားစခန်းလာဝင်တာ။ အန်ကယ်တို့ စပ်စုတာပေါ့။ မူးယစ်ဆေးဝါး အဲဒီလောက် လွယ်လွယ်ရသလားဆိုတော့ State ကျောင်းမှာတောင်ရတယ်တဲ့။ ရောက်လာတာကို မရောက်လာအောင်တားဖို့ ဥပဒေစိုးမိုးရေးမှာ တာဝန်ရှိတယ်။ အခုက မြန်မာပြည်ရဲ့အင်အားနဲ့ လူတွေနဲ့ ရဲတပ်ဖွဲ့က မမျှမတဖြစ်နေတော့ မိဘ၊ ဆရာ၊ ဒီလိုမျိုး အသိအမြင်ရှိသူတွေက ဝိုင်းတားဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် မူးယစ်ဆေးဝါးတားဆီးရေးကို ကိုယ်တိုင် မလုပ်နိုင်ပါက သတင်းပေးရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။ 

“ သတင်းတွေ၊ အချက်အလက်တွေရခဲ့ရင် သက်ဆိုင်ရာ တားဆီးနှိမ်နင်းရေးအဖွဲ့တွေက လုပ် ကြမယ်ဆိုရင် သုံးစွဲသူလက်ထဲကို မရောက်တော့ဘူး။ မရောက်ရင် ဒါကြီးက လုံးဝပပျောက်သွားခြင်း မရှိ တောင် လျော့နည်း၊ ကျဆင်းသွားအောင် လုပ်လို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ပြေးမီဒီယာ (၈) ခု၏ အကြမ်းဖက် လှုံ့ဆော် အားပေးမှုဆိုင်ရာ လစဉ်စစ်တမ်း

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved