Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်သွားမည်ဟု နယ်သာလန်အစိုးရ ပြော

Pika (NSS) - စက်တင်ဘာ ၁ဝ

လုံခြုံရေးခြိမ်းခြောက်မှုအသစ်များနှင့် ရင်ဆိုင် နေရချိန်တွင် တပ်ဖွဲ့များကို ပိုမိုအားကောင်းလာ စေရန်အတွက် လာမည့်နှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို (၁၀)ရာခိုင်နှုန်းကျော် တိုးမြှင့်သွားမည်ဖြစ်ကြောင်း နယ်သာလန်အစိုးရက ပြောကြားခဲ့သည်။အဆိုပါကာကွယ်ရေးအသုံးစရိတ်ကို တင့်ကားအသစ်များ၊ တိုက်လေယာဉ်များ၊ ဖရီးဂိတ်သင်္ဘောများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ် ကြောင်း နယ်သာလန်အစိုးရက ပြောကြားခဲ့သည်။


ကာကွယ်ရေးအသုံးစရိတ်ကို နောက်ထပ် ယူရို(၂ ဒသမ ၄)ဘီလျံတိုးမြှင့်ကာ စုစုပေါင်းယူရို(၂၄)ဘီလျံထိ သုံးစွဲသွားမည်ဖြစ်ကြောင်းလည်း နယ်သာ လန်အစိုးရကပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Ruben Brekelmans  က "ခြိမ်းခြောက်မှု အသစ်တွေကို တုံ့ပြန်ဖို့အတွက် အစီ အစဉ်တွေ လုပ်ဆောင်သွားမှာပါ။ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုက နေတိုးအဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်လာနိုင်တယ်ဆိုတာကို လည်း ပြသနေတာပဲဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။

ထို့ပြင် တရုတ်၊ အီရန်၊ အကြမ်း ဖက်အဖွဲ့များနှင့် ဆိုက်ဘာတိုက် ခိုက်မှုများသည် နယ်သာလန်နိုင်ငံ၏အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် လာနိုင်ကြောင်းလည်း Ruben Brekelmans ကပြောကြားခဲ့သည်။ ၎င်းက "ကျွန် တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေပေမယ့် အဲဒါက ကြာရှည်ခံတော့မယ့် ကိစ္စမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ နေ့တိုင်းတိုက်ခိုက်မှုတွေကို ခံနေရတာပါ။ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်စနစ်တွေ၊ တက္ကသိုလ်တွေ၊ ကုမ္ပဏီတွေ၊ ဆိပ်ကမ်းတွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေက နေ့တိုင်းတိုက်ခိုက်ခံနေရပြီး အဲဒီလိုတိုက်ခိုက်မှုအရေအတွက်ကလည်း တိုးပွားလာနေပါတယ်"ဟု ပြောဆိုခဲ့သည်။

တိုးမြှင့်မည့်ကာကွယ်ရေးအသုံးစရိတ်အသစ်သည် နယ်သာလန်စစ် တပ်ကို ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တင့်ကားများ ထောက်ပံ့ပေးမည်ဖြစ်ပြီး F-35 တိုက်လေယာဉ်များ၊ ဖရီးဂိတ်သင်္ဘောများ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ခဲယမ်းမီးကျည်များဝယ်ယူရန်အတွက်လည်း အသုံးပြုသွားမည်ဖြစ် ကြောင်း နယ်သာလန်အစိုးရကပြောကြားခဲ့သည်။                            

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေကုက္ကိုလ် ဒေသတွင် နာမည်ကြီး ရထိုက်စုပေါင်းရုံး၏ လုပ်ငန်းများ အပြီးတိုင် ဖျက်သိမ်းမည်ဟု ကြေညာ

RECENT POSTS
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
14 Aug 2026
ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ
14 Aug 2026
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
14 Aug 2026
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
14 Aug 2026
လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
14 Aug 2026
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
14 Aug 2026
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
14 Aug 2026
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
14 Aug 2026
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
14 Aug 2026
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
14 Aug 2026
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
14 Aug 2026
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
14 Aug 2026
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
14 Aug 2026
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
14 Aug 2026
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
14 Aug 2026
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
14 Aug 2026
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
14 Aug 2026
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆)
13 Aug 2026
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
13 Aug 2026
ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
13 Aug 2026
FOLLOW US

Copyright © News Services Station | All Right Reserved