Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေကုက္ကိုလ် ဒေသတွင် နာမည်ကြီး ရထိုက်စုပေါင်းရုံး၏ လုပ်ငန်းများ အပြီးတိုင် ဖျက်သိမ်းမည်ဟု ကြေညာ

မြူနစ် (NSS) - စက်တင်ဘာ ၁ဝ

အွန်လိုင်းလုပ်ငန်းများဖြင့် နာမည်ကျော်သော ရွှေကုက္ကိုလ်ဒေသတွင် နာမည်ကြီး ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံး၏လုပ်ငန်းများ အပြီးတိုင်ဖျက်သိမ်းမည်ဟု ကြေညာထားသည်။


နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏ တောင်းဆိုမှုကြောင့် လက်ရှိလုပ်ကိုင်နေသော ဒေသဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများအားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဖြစ်သည့်အတွက် ရွှေကုက္ကိုလ်နှင့် ရထိုက်အပါအဝင်မြို့အတွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံးအနေဖြင့် စက်တင်ဘာ(၂၀) ရက်နေ့ နောက်ဆုံးထားကာ အပြီးတိုင်ရွှေ့ပြောင်းပေးရမည်ဟု အဆိုပါရုံးက အသိပေးထားသည်။

ထို့ကြောင့် ထွက်ခွာမည့်သူများအားလုံးသည် စက်တင်ဘာ (၈) ရက်နေ့ နောက်ဆုံးထားကာ ရထိုက်စုပေါင်းရုံးတွင် ကျသင့်ငွေ (၃၉၉၉၉)ဘတ် ပေးဆောင်၍ လာရောက်စာရင်းသွင်းပြီးနောက် ရထိုက်စုပေါင်းရုံးက စီစဉ်ပေးသည့် ကားဖြင့် မြဝတီမြို့ကို ထွက်ခွာရမည်ဟု ဆိုသည်။

ထိုကဲ့သို့ လာရောက်စာရင်းမသွင်းဘဲ မိမိအစီအစဉ်ဖြင့် ထွက်ခွာမည့်သူများကို ရထိုက်စုပေါင်းရုံးက နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့များထံသို့ ကိုယ်ရေးအချက်အလက်များ ပေးပို့သွားမည်ဟုလည်း ထည့်သွင်းကြေညာ ထားသည်။

ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံး၏ ကြေညာချက်သည် စက်တင်ဘာ(၁၅)ရက်မှစတင်ကာ အကျုံးဝင်မည် ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များနှင့် ဝန်ထမ်း များအားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ရထိုက်စုပေါင်းရုံးက တိုက်တွန်းထားသည်ကို တွေ့ရသည်။

‘ရထိုက်က အဲဒီမှာအဓိကပဲ။ ရထိုက်က နာမည်ကြီး။ တရုတ်တွေချည်းပဲ။ သူရဲ့ကုမ္ပဏီတွေ၊ အဆောက် အအုံတွေ အများကြီးရှိတယ်။ သူတို့ရဲ့ လုံခြုံရေးဂိတ်တွေ၊ ဘာတွေရှိတယ်။ အဲဒီမှာ ဆိုင်ကယ်နဲ့ဝင်ရင် ဦးထုပ်မဆောင်း တာတို့၊ ပါဆယ်ပို့တဲ့ သူတွေဆိုရင် ပါဆယ်အင်္ကျီတို့ ဘာတို့မဝတ်ရင် ဖမ်းတာတွေ လုပ်တယ်။ စောချစ်သူရဲ့ BGF အဖွဲ့က လည်း ရှိတယ်လေ။ သူတို့က အတူတူပဲလို့ ပြောလို့ရတယ်’ဟု ရွှေကုက္ကိုလ်ဒေသတွင် နေထိုင်အလုပ် လုပ်ကိုင်နေသူ တစ်ဦးက NSS ကိုပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်ဒေသတွင် ရထိုက်စုပေါင်းရုံး၏ လုပ်ငန်းများ ရပ်ဆိုင်းလိုက်မည်ဆိုပါက ဝန်ထမ်းများအပါအဝင် ဒေသခံများအနေဖြင့်လည်း အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အလားတူ ယခု (၂၀၂၄) ခုနှစ်၊ မေလတွင် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF အဖွဲ့က မြဝတီမြို့ နယ်ဒေသ တစ်ဝိုက်တွင် အွန်လိုင်းလုပ်ငန်းများ ဆောင် ရွက်နေသည့် နိုင်ငံခြားသားများအနေဖြင့် အောက်တိုဘာ(၃၁)ရက်နေ့ နောက်ဆုံးထားကာ ထွက်ခွာသွားရန် သတိပေးစာထုတ်ပြန်ခဲ့ဖူးသည်။

‘ဒီမှာနေထိုင်ခွင့်မရှိတဲ့ တရုတ်တွေကတော့ ပြန်ချင်ပြန်မှာပေါ့။ ဒေသခံတွေကတော့ ဆက်ရှိနေတုန်းပဲ။ အခုကတော့ အေးအေးဆေးဆေးနဲ့ သွားလာနေတုန်းပဲ။ နောက်ပြီးတော့ အိန္ဒိယက လူတွေ၊ ဗီယက်နမ်ဘက်က လူတွေလည်း အခုထပ်ရောက်နေတာရှိတယ်။ အခုဒီမှာကတော့ လူတွေကြားမှာ ပြောနေကြတာရှိတယ်။ (၁၀)လပိုင်းတောင် သိပ်မသေချာဘူးပေါ့။ မသေချာဘူး ဆိုတာက တိုက်ပွဲတွေ ဖြစ်လာမယ့်အနေအထားမျိုး ရှိတယ်လို့ ပြောနေကြ တာရှိတယ်’ဟု ရွှေကုက္ကိုလ်ဒေသတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူက ထပ်မံပြောသည်။

ရွှေကုက္ကိုလ်ဒေသ မြို့သစ်စီမံကိန်းကို ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော BGF အဖွဲ့ ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် ရထိုက်အုပ်စုတို့က ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ်ပြီး အွန်လိုင်း ငွေလိမ်လုပ်ငန်းများဖြင့်လည်း နာမည်ကြီးနေသည့် ဒေသတစ်ခုဖြစ်သည်။ ကျားဖျန့်ဟုဆိုခေါ်သော အွန်လိုင်းငွေလိမ် ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ BGF အဖွဲ့ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ် ဒေသတွင်အခြေချလုပ်ကိုင်နေပြီး BGF ခေါင်းဆောင်များလည်း ဆက်နွှယ်နေ ကြောင်း အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ထုတ်ဖော်ပြော ဆိုခဲ့ဖူးသည်။

ထို့ပြင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်(BGF) အဖွဲ့သည် ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် အမည်ပြောင်းကာ ပြောင်းလဲရပ်တည်ရန် ဆုံးဖြတ်ထားကြောင်း ပြီးခဲ့သည့် ကာလများတွင်လည်း သတင်းများထွက်ပေါ် ခဲ့ဖူးသည်။

လက်ရှိတွင် ရွှေကုက္ကိုလ်ဒေသ၌ စစ်ရေး ပဋိပက္ခများ ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း ပြောဆိုသုံးသပ်မှုများ ရှိနေသော်လည်း BGF အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ‘ကိုယ်ကြည့်လို့ရတဲ့အခြေအနေကတော့ နိုင်ငံရေးအခင်းအကျင်း အပေါ်နဲ့ တပ်က ထိန်းသိမ်းတဲ့အပေါ်မှာ မူတည်ပြီးတော့ ကြည့်ရမှာပဲ။ လက်ရှိအနေအထားမှာ အားလုံးက တည်တည်ငြိမ်ငြိမ်ပါပဲ။ မဖြစ်အောင်လို့တော့ လူကြီးတွေက ထိန်းကြမယ်ထင်ပါတယ်’ဟု NP News ကို သုံးသပ်ပြောကြားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နဲ့တရုတ်တို့ရဲ့ ထိပ်တန်းစစ်ဘက်အရာရှိတွေကြား ပထမဆုံးအကြိမ် video call ခေါ်ဆိုမှုပြုလုပ်

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved