Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကပ်ဘေးနဲ့ စစ်ပွဲဒဏ်ကြောင့် ပျက်သုဉ်းမှုတွေရှိခဲ့တဲ့ ပြင်သစ်တို့ရဲ့ မြို့တော်ပဲရစ် ဒါမှမဟုတ် အလင်းမြို့တော်အကြောင်း

Pika (NSS) - ဩဂုတ် ၃၁

ပြင်သစ်နိုင်ငံမြို့တော်ဖြစ်သော ပဲရစ်မြို့သည် ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် နေထိုင်သူ(၂၁၀၂၆၅၀)ဦးဖြင့် နိုင်ငံတွင်းတွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ၎င်း၏အထင်ကရဖြစ်သော အီဖယ်မျှော်စင်ကြောင့် နာမည်ကျော်ကြားသည်။ပဲရစ်မြို့၏ အကျယ်အဝန်းမှာ (၁၀၅)စတုရန်းကီလိုမီတာကျော်ရှိပြီး ၂၀၂၂ခုနှစ်တွင် ကမ္ဘာပေါ်မှာ (၃၀)ခုမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ခဲ့ကာ ဥရောပသမဂ္ဂတွင် စတုတ္တမြောက်အကြီးဆုံးမြို့ဖြစ်ကြောင်းလည်းသိရသည်။(၁၇)ရာစုတည်းက ပဲရစ်မြို့သည် ကမ္ဘာပေါ်တွင် ဘဏ္ဍာရေး၊ သံတမန်ရေးရာ၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှု၊ ဖက်ရှင်နှင့် အစားအစာဆိုင်ရာ အဓိကနေရာများထဲမှတစ်ခုဖြစ်ခဲ့သည်။အနုပညာနှင့် သိပ္ပံကဏ္ဍများတွင် ဦးဆောင်နိုင်မှုနှင့်အတူ ကျယ်ပြန့်သော လမ်းမီးအလင်းရောင်စနစ်တို့ကြောင့် ပဲရစ်မြို့သည် ၁၉ရာစုတည်းက အလင်းမြို့တော်အဖြစ် လူသိများလာခဲ့ကြောင်းသိရသည်။ပဲရစ်မြို့သည် ခန့်မှန်းခြေလူဦးရေ(၁၂ဒသမ၂၇)သန်းကျော် သို့မဟုတ်  ပြင်သစ်နိုင်ငံစုစုပေါင်းလူဦးရေ၏(၁၉)ရာခိုင်နှုန်းခန့် ရှိသော ပဲရစ်ဒေသ၏ဗဟိုဖြစ်ကြောင်းလည်းသိရသည်။ ၂၀၂၁ခုနှစ်တွင် ပဲရစ်ဒေသ၏ ဂျီဒီပီမှာ ယူရို(၇၆၅)ဘီလျံရှိခဲ့ပြီး ဥရောပသမဂ္ဂတွင် ဂျီဒီပီအမြင့်ဆုံးဖြစ်ကြောင်းလည်းသိရသည်။ Economist Intelligence Unit Worldwide Cost of Living Survey အရ ၂၀၂၂ခုနှစ်တွင် ပဲရစ်မြို့သည် ကမ္ဘာပေါ်တွင် နေထိုင်မှုစရိတ် (၉)ခုမြောက်အမြင့်ဆုံး မြို့တစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။ပဲရစ်မြို့သည် အဓိကမီးရထားလမ်း၊အဝေးပြေးလမ်းမကြီးနှင့် လေကြောင်းပို့ဆောင်ရေးအချက်အချာကျသည့် နိုင်ငံတကာလေဆိပ်နှစ်ခုဖြစ်သော ဥရောပတွင် အလုပ်အများဆုံးလေဆိပ်ဖြစ်သည့် Charles de Gaulleလေဆိပ်နှင့် Orlyလေဆိပ်တို့ တည်ရှိရာနေရာဖြစ်သည်။၁၉၀၀ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပဲရစ်မြို့၏မြေအောက်မီးရထားလမ်းစနစ် Paris Métroသည် နေ့စဉ်ခရီးသည် (၅ဒသမ၂၃)သန်းကို ဝန်ဆောင်မှုပေးလျက်ရှိသည်။အဆိုပါParis Métroမြေအောက်မီးရထားစနစ်သည် ဥရောပတွင် ရုရှားနိုင်ငံ၏ Moscow Metroပြီးလျှင် ဒုတိယမြောက်အလုပ်အများဆုံးမြေအောက်မီးရထားစနစ်ဖြစ်သည်။ပဲရစ်မြို့တွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်ရှိပြီး ကမ္ဘာပေါ်တွင် ရေရှည်တည်တံ့သောသယ်ယူပို့ဆောင်ရေးဆုကို နှစ်ကြိမ်ရရှိခဲ့ဖူးသော မြို့(၂)မြို့အနက် တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။ပဲရစ်မြို့သည် ၎င်း၏ပြတိုက်များနှင့် ဗိသုကာဆိုင်ရာ အထင်ကရနေရာများကြောင့် လူသိများသည်။ The Louvreပြတိုက်သည် ၂၀၂၃ခုနှစ်တွင် လာရောက်လည်ပတ်သူ(၈ဒသမ၉)သန်းရှိခဲ့ပြီး ကမ္ဘာပေါ်တွင်လာရောက်လည်ပတ်မှုအများဆုံး အနုပညာပြတိုက်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ The Musée d'Orsayပြတိုက်၊Musée Marmottan Monet ပြတိုက်နှင့် Musée de l'Orangerieပြတိုက်တို့သည် ၎င်းတို့၏ပြင်သစ်အနုပညာစုဆောင်းမှုများကြောင့် နာမည်ကျော်ကြားကြောင်းသိရသည်။ The Pompidou Centre Musée National d'Art Moderneပြတိုက်၊ Musée Rodin ပြတိုက်နှင့် Musée Picasso ပြတိုက်တို့သည် ၎င်းတို့၏ခေတ်သစ်နှင့် ခေတ်ပြိုင်အနုပညာစုဆောင်းမှုများကြောင့် နာမည်ကျော်ကြားသည်။ပဲရစ်မြို့သည် ယူနက်စကိုအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း အများအပြား၏နေအိမ်ဖြစ်ပြီး OECD၊OECDဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊နိုင်ငံတကာအလေးချိန်နှင့် တိုင်းတာမှုဗျူရို၊နိုင်ငံတကာစွမ်းအင်အေဂျင်စီ၊နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ်တို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများအပြင် ဥရောပအာကာသအေဂျင်စီ၊ဥရောပဘဏ်လုပ်ငန်းအာဏာပိုင်အဖွဲ့၊ဥရောပလုံခြုံရေးနှင့်ဈေးကွက်အာဏာပိုင်အဖွဲ့တို့ကဲ့သို့သော ဥရောပအဖွဲ့အစည်းများ၏ နေအိမ်လည်းဖြစ်သည်။ထို့ပြင် ပီအက်စ်ဂျီဘောလုံးအသင်းနှင့် rugby unionကလပ်Stade Françaisတို့လည်း ပဲရစ်မြို့တွင် အခြေစိုက်သည်။ပဲရစ်မြို့သည် ၁၉၀၀ခုနှစ်၊၁၉၂၄ခုနှစ်နှင့် ၂၀၂၄ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲတို့ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကြောင်းလည်းသိရသည်။ထို့ပြင် ၁၉၃၈ခုနှစ်နှင့် ၁၉၉၈ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၊၂၀၁၉ဖီဖာအမျိုးသမီးကမ္ဘာ့ဖလား၊၂၀၀၇ Rugbyကမ္ဘာ့ဖလားအပြင် ၁၉၆၀ခုနှစ်၊၁၉၈၄ခုနှစ်နှင့် ၂၀၁၆ခုနှစ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲများကို ပဲရစ်မြို့တွင် ကျင်းပခဲ့ကြောင်းလည်းသိရသည်။

စီးပွားရေး

ပဲရစ်မြို့၏စီးပွားရေးသည် အဓိကအားဖြင့် ဝန်ဆောင်မှုနှင့် ကူးသန်းရောင်းဝယ်မှုအပေါ်  အခြေခံထားသည်။ပဲရစ်မြို့ရှိ လုပ်ငန်းပေါင်း(၃၉၀၄၈၀)ခုတွင် (၈၀ဒသမ၆)ရာခိုင်နှုန်းမှာ ကူးသန်းရောင်းဝယ်ရေး၊သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်ပြီး (၆ဒသမ၅)ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် (၃ဒသမ၈)ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းဖြစ်သည်။ပဲရစ်ဒေသ၏စီးပွားရေးမှာ ပဲရစ်မြို့နှင့်ဆင်ပြီး လုပ်ငန်းများ၏(၇၆ဒသမ၇)ရာခိုင်နှုန်းမှာ ကူးသန်းရောင်းဝယ်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်း၊(၃ဒသမ၄)ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းတို့ဖြစ်ကြောင်းသိရသည်။၂၀၁၂ခုနှစ် သန်းခေါင်စာရင်းအရ ပဲရစ်ဒေသရှိ အလုပ်အကိုင်များ၏(၅၉ဒသမ၅)ရာခိုင်နှုန်းမှာ ဈေးကွက်ဝန်ဆောင်မှုလုပ်ငန်း၊(၂၆ဒသမ၉)ရာခိုင်နှုန်းမှာ ဈေးကွက်မဟုတ်သောဝန်ဆောင်မှုလုပ်ငန်း၊(၈ဒသမ၂)ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်ရေးနှင့်အသုံးအဆောင်ပစ္စည်းလုပ်ငန်း၊(၅ဒသမ၂)ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် (သုညဒသမ၂)ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်ကြောင်းသိရသည်။၂၀၂၁ခုနှစ်တွင် Fortune Global 500စာရင်းမှာ ပါဝင်သော ပြင်သစ်ထိပ်တန်းကုမ္ပဏီများ၏ ရုံးချုပ်များသည် ပဲရစ်ဒေသတွင် အခြေစိုက်ကြကြောင်းသိရသည်။ပဲရစ်ဒေသသည် ပြင်သစ်နိုင်ငံ၏စီးပွားရေးလုပ်ငန်းအတွက် ထိပ်တန်းဒေသတစ်ခုဖြစ်ပြီး ဂျီဒီပီမှာ ယူရို(၇၆၅)ဘီလျံရှိခဲ့ကာ ပဲရစ်မြို့၏ဂျီဒီပီမှာ ယူရို(၂၅၃)ဘီလျံရှိကြောင်းသိရသည်။၂၀၂၁ခုနှစ်တွင် ပဲရစ်ဒေသ၏ဂျီဒီပီသည် ဥရောပသမဂ္ဂ၏ မြို့ပြဒေသများကြားတွင် ပထမဆုံးအဆင့်တွင်ရှိပြီး ၎င်း၏တစ်ဦးချင်းဂျီဒီပီမှာ (၈)ခုမြောက် အမြင့်ဆုံးဖြစ်ကြောင်းလည်းသိရသည်။ပဲရစ်ဒေသ၏စီးပွားရေးသည် စက်မှုလုပ်ငန်းမှ တန်ဖိုးမြင့်ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ္ဍာရေး၊ ITဝန်ဆောင်မှုများနှင့် နည်းပညာမြင့်ထုတ်လုပ်ရေးလုပ်ငန်းများဖြစ်သော အီလက်ထရွန်းနစ်၊အလင်း၊အာကာသစသည်တို့သို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ပဲရစ်ဒေသ၏စီးပွားရေးကို ဝန်ဆောင်မှုများက လွှမ်းမိုးထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အလုပ်အကိုင်များ သိသိသာသာကျဆင်းလာသော်လည်း ပဲရစ်ဒေသသည် အထူးသဖြင့် လေကြောင်း၊မော်တော်ကားနှင့် ဂေဟစနစ်စက်မှုလုပ်ငန်းများအတွက် အရေးကြီးသောကုန်ထုတ်လုပ်မှုစင်တာအဖြစ် ရှိနေဆဲဖြစ်ကြောင်းသိရသည်။

ခရီးသွားလုပ်ငန်း

ပဲရစ်ဒေသ၏ခရီးသွားလုပ်ငန်းသည် ၂၀၂၂ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာခဲ့ပြီး လာရောက်လည်ပတ်သူမှာ (၄၄)သန်းအထိမြင့်တက်လာကာ ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၉၅)ရာခိုင်နှုန်းတိုးမြင့်လာခဲ့သော်လည်း ၂၀၁၉ခုနှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက (၁၃)ရာခိုင်နှုန်း လျော့နည်းနေဆဲဖြစ်ကြောင်းသိရသည်။Euromonitor Global Cities Destination Index၏ တိုင်းတာချက်များအရ ၂၀၁၈ခုနှစ်တွင် ပဲရစ်မြို့သည် ကမ္ဘာပေါ်တွင်ဒုတိယမြောက် အလုပ်အများဆုံးလေကြောင်းနေရာတစ်ခုဖြစ်ခဲ့ပြီး လာရောက်လည်ပတ်သူ(၁၉ဒသမ၁၀)သန်းရှိခဲ့ကြောင်းသိရသည်။၂၀၂၂ခုနှစ်တွင် ပဲရစ်မြို့၏ ထိပ်တန်းယဉ်ကျေးမှုဆွဲဆောင်ရာနေရာများမှာ The Louvreပြတိုက်(လာရောက်လည်ပတ်သူ (၇ဒသမ၇)သန်း)၊အီဖယ်မျှော်စင်(လာရောက်လည်ပတ်သူ(၅ဒသမ၈)သန်း)၊Musée d'Orsayပြတိုက်(လာရောက်လည်ပတ်သူ(၃ဒသမ၂၇)သန်း)နှင့် Centre Pompidou ယဉ်ကျေးမှုစင်တာ(လာရောက်လည်ပတ်သူ(၃)သန်း)တို့ဖြစ်ကြောင်းသိရသည်။

မြို့ပြနှင့်ဗိသုကာပညာ

ပဲရစ်မြို့သည် ကပ်ဘေးနှင့်စစ်ပွဲကြောင့် ပျက်သုဉ်းမှုများရှိခဲ့သော ကမ္ဘာမြို့တော်ထဲများထဲမှ တစ်မြို့ဖြစ်သည်။ရလဒ်အနေဖြင့် ၎င်း၏အစောပိုင်းသမိုင်းကြောင်းကို လမ်းကြောင်းပြမြေပုံတွင် မြင်တွေ့ရပြီး ရာစုနှစ်ပေါင်းများစွာအုပ်ချုပ်သူများသည် ၎င်းတို့၏သက်ဆိုင်ရာ ဗိသုကာအမှတ်အသားများကို ပေါင်းထည့်ခဲ့ကြခြင်းကြောင့် ပဲရစ်မြို့တွင် သမိုင်းကြွယ်ဝသော အထိမ်းအမှတ်အဆောက်အအုံများနှင့်အဆောက်အဦးများစွာ ရှိကြောင်းသိရသည်။၁၈၅၃ခုနှစ်နှင့်၁၈၇၀ခုနှစ်ကြားတွင် ပဲရစ်အာဏာပိုင်များသည် မြို့လယ်ခေါင်ကိုပြန်လည်တည်ဆောက်ကာ ကျယ်ဝန်းသောလမ်းမကြီးများနှင့်ရင်ပြင်များကို ဖန်တီးခဲ့ကြောင်းသိရသည်။ထို့ပြင် အာဏာပိုင်များသည် ပဲရစ်မြို့လယ်ခေါင်တစ်ဝိုက်တွင် အဓိကပန်းခြံများစွာကို တည်ဆောက်ခဲ့ကြကြောင်းလည်းသိရသည်။ပဲရစ်မြို့လယ်ခေါင်တွင်  လူနေထိုင်မှုမြင့်မားမှုသည် ပဲရစ်မြို့ကို အခြားအနောက်အုပ်စုနိုင်ငံများ၏မြို့ကြီးများစွာနှင့် သိသိသာသာကွဲပြားသွားစေခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယာဉ်စည်းကမ်းချိုးဖောက်သော YBS ယာဉ်မောင်းများကို မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ / မရှိ စစ်ဆေးသွားမည်

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved