ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာပြီဖြစ်တဲ့ EXO အဖွဲ့ဝင် Chanyeol
Pika (NSS) - ဩဂုတ် ၂၈
တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ EXO ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Chanyeol သည် ၎င်း၏ပထမဆုံးတစ်ကိုယ်တော် မီနီအယ်လ်ဘမ် ‘Black Out’ ကို ဩဂုတ်လ(၂၈)ရက်နေ့ ညနေ(၆)နာရီအချိန်တွင် ထုတ်ပြန်ပြသသွားရန်စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ‘Black Out’ သီချင်းခေါင်းစဉ်အတွက် တေးဂီတဗီဒီယိုကိုလည်း SM Entertainment ကုမ္ပဏီ၏ တရားဝင် YouTube ချန်နယ်တွင် တစ်ပြိုင်နက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမီနီအယ်လ်ဘမ်တွင် သီချင်းခြောက်ပုဒ်ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ‘Black Out’ အယ်လ်ဘမ်တွင်ပါဝင်မည့် သီချင်းများမှာ Black Out၊I’m on Your Side Too ၊ Clover၊Hasta La Vista၊ Ease Up နှင့် Back Againတို့ဖြစ်ကြောင်းသိရသည်။
အဆိုပါအယ်လ်ဘမ်အသစ်တွင် ထူးခြားဆန်းသစ်မှုများနှင့် ရင်းနှီးပြီးသားခံစားချက်သံစဉ်များကို ထည့်သွင်းပေါင်းစပ်ထားကြောင်းလည်း Chanyeol က ပြောကြားခဲ့သည်။ အဆိုပါအယ်လ်ဘမ်အသစ်နှင့်ပတ်သက်ပြီး အတွေးအမြင်များနှင့် အတွေ့အကြုံများကို Chanyeol က အင်တာဗျူးတစ်ခုအတွင်း ထုတ်ပြန်ပြောဆိုခဲ့ကြောင်းလည်း သိရသည်။ Chanyeol က 'ဒီအယ်လ်ဘမ်ကို ထုတ်ပြန်ပြသရမှာအတွက် ကျွန်တော်တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် EXO အဖွဲ့နဲ့ တူတူရှိလာတာ အချိန်(၁၂)နှစ်ရှိပါပြီ။ ဒီအချိန်က ကျွန်တော့်ဖက်အခြမ်းကို ထုတ်ပြရမယ့်အချိန်ပါ။နောက်ဆုံးတော့ အချိန်အကြာကြီးစောင့်ခဲ့ရတဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ကို ပြသနိုင်ပါတော့မယ်။ ကျွန်တော့်ကို အမြဲတမ်းချစ်ပေးပြီး အားပေးနေကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်'ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PV ဖြင့် ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် ထွက်ခွာမည့်သူများကို ထောက်ခံပေးသူရှိပါက ပြည်ပထွက်ခွာခွင့်ပြုသည်ဆိုခြင်းမှာ မဟုတ်မှန်ဟုဆို
RELATED POSTS
17 Sep 2024 | အနုပညာ,နိုင်ငံတကာ
13 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ