Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူမယ့် "ပေထုံတန်ရှင်နာဝါရာ" အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

ဂျန်ဇက် (NSS) - ဩဂုတ် ၂၈

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေဖြစ်ပွား နေချိန်မှာပဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလား ဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့မှာလည်း  နိုင်ငံရေးအငြင်းပွားမှု တွေကြောင့် အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေ အပြောင်း အလဲဖြစ်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲ တွေကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ရာထူးက နုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့ရသလို ထိုင်းနိုင်ငံ မှာဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖောက်မှုတွေအတွက် ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ဆာရက်သာတာဗီဆင် ရာထူးက ဖယ်ရှားခံလိုက်ရပြီးနောက် အာဏာရပါတီ ဖြစ်တဲ့ ဖြူထိုင်းပါတီဟာ ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သူ ပေထုံတန်  ရှင်နာဝါထရာကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ လွှတ်တော်မှာအဆိုပြုတင်သွားခဲ့ရာ မဲခွဲဆုံးဖြတ်ချိန်မှာ ရှင်နာဝါထရာကို ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်အများစု ထောက်ခံခဲ့ပါတယ်။ ထိုင်းဘုရင်ကိုယ်တိုင်ကလည်းပေထုံတန်ရှင်နာဝါထရာကို ထိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ဩဂုတ် (၁၈) ရက်နေ့က အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ရှင်နာဝါထရာဟာ လက်ရှိအချိန်မှာအသက် ၃၇ နှစ်အရွယ်သာရှိသေးတဲ့အတွက် ထိုင်းနိုင်ငံရေး သမိုင်းမှာ အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာသလို ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်လည်းဖြစ်လာခဲ့ပါတယ်။ ရှင်နာဝါထရာဟာ ထိုင်းနိုင်ငံရေးလောကမှာ ဩဇာကြီးမားတဲ့နိုင်ငံရေးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့သမီးငယ်ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရဲ့ တူမတော်စပ်သူလည်းဖြစ်ပါတယ်။ပီတွန် တန်ရှင်နာဝါထရာဟာ (၁၉၈၆)ခုနှစ် ဩဂုတ် ၂၁ရက် နေ့မှာမွေးဖွားခဲ့ပြီး (၂၀၂၀) နောက်ပိုင်း ထိုင်းနိုင်ငံရေး လောကကို ဝင်ရောက်ပြီးနောက် သုံးနှစ်ကျော်အကြာ မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခွင့်ရခဲ့သူဖြစ်ရာ နိုင်ငံ ရေးအတွေ့ကြုံပိုင်းအားနည်းသူတစ်ဦးအဖြစ် သတ် မှတ်နိုင်သလို ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပရောက်ဆီ ''proxy" တစ်ဦးသာဖြစ်တယ်လို့ သတ် မှတ်ပြောဆိုခံနေရသူဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဖြူထိုင်းပါတီကို ဦးဆောင်တည်ထောင် ခဲ့ပြီး ထိုင်းပြည်သူတွေကြားမှာ လူကြိုက်များတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရာထူးကဖယ်ရှားခံခဲ့ရ ပါတယ်။ ပြည်ပြေးအဖြစ်နေထိုင်နေရချိန်မှာလည်း ၎င်းရဲ့ဩဇာအရှိန်အဝါကြီးမားတဲ့အတွက် ညီမဖြစ်သူ ယင်လတ်ဟာ ဖြူထိုင်းပါတီကို ဆက်လက်ဦးဆောင်ပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကာ အစ်ကိုဖြစ်သူ သက်ဆင်ကနောက်ကွယ်က ကြိုးကိုင်နေခဲ့တယ်လို့ သတင်းတွေက်ပေါ်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း ပေထုံတန် ရှင်နာဝါထရာဟာ အတွေ့ကြုံနည်းပေမယ့် ဖခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့ရဲ့ဩဇာတွေ ကြောင့် ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးချယ်ခံ  ရတာဖြစ်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။Ung-Ingအဖြစ် ချစ်စနိုးအခေါ်ခံရတဲ့ ပေထုံတန်ရှင်နာ ဝါထရာဟာ ထိုင်းနိုင်ငံရေးလောကကို မဝင်ရောက်ခင် မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဟိုတယ် လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ပေထုံတန်ဟာ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွမ် တက္ကသိုလ်မှာ ပညာသင်ကြားခဲ့သူဖြစ်ပြီး (၂၀၂၃) ခုနှစ် နောက်ပိုင်းတည်းက ထိုင်းအာဏာရပါတီဖြစ်တဲ့ ဖြူထိုင်းပါတီ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရသူ ဖြစ် ပါတယ်။ 

(၂၀၂၁) ခုနှစ်မှာ ထိုင်းနိုင်ငံရေးလောကကို စတင်ဝင်ရောက်ခဲ့ပြီး အဲဒီအချိန်တုန်းက ဖြူထိုင်း ပါတီအကြံပေးကော်မတီ အကြီးအကဲအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ပေထုံတန်ရှင်နာဝါထရာဟာ (၂၀၁၉) ခုနှစ်မှာ ၎င်းနဲ့ ချစ်ကြိုက်နေတဲ့ လေယာဉ်မှူး တစ်ဦးဖြစ်သလို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ (Pitaka Suksawat) ပီတာကာဆက်ဆာဝါနဲ့ တရား ဝင်လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦး ရရှိထားသူ ဖြစ်ပါတယ်။ ရှင်နာဝါထရာဟာ ထိုင်းနိုင်ငံမှာ (၂၀၂၃) ခုနှစ်အတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဖြူထိုင်းပါတီက ရွေးကောက်ထားတဲ့ ဝန်ကြီးချုပ်လောင်း သုံးဦးစာရင်းမှာ ဆာရက်သာ တာဗီဆင်နဲ့အတူ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ပေထုံ တန်ရှင်နာဝါထရာဟာ လူမူရေးကိစ္စတွေနဲ့ပတ်သက် ရင် လစ်ဘရယ်ဆန်သူတစ်ဦးဖြစ်ပြီး LGBT  အခွင့်ရေးကို အားပေးထောက် ခံခဲ့သလို ကိုယ်တိုင်တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပေထုံတန် ရှင်နာဝါထရာကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်မှုနဲ့ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်နေပြီး စိန်ခေါ်မှုများစွာရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ရှင်နာဝါထရာဟာ (၂၀၂၃) ခုနှစ်က ကျင်းပခဲ့တဲ့ထိုင်းရွေးကောက်ပွဲမှာကတိပေးပြောဆိုမှုတွေလည်းရှိခဲ့ရာ အဲဒီကတိတွေကို ဝန်ကြီးချုပ်ဖြစ်လာချိန်မှာ လက်တွေ့တာဝန်ယူနိုင် မလားဆိုတာ မေးခွန်းထုတ်မှုတွေရှိနေပါတယ်။ 

၂၀၂၃ ခုနှစ်က ကျင်းပတဲ့ရွေးကောက်ပွဲအတွင်း အလုပ်သမားတွေရဲ့လုပ်ခလစာကို နှစ်ဆတိုးမြှင့် ပေးဖို့၊ ကျန်းမာရေးလွမ်းခြုံနိုင်မယ့်စနစ် ပိုမိုကောင်း မွန်စေဖို့အပြင် ဘန်ကောက်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ပိုမို ကောင်းမွန်စေဖို့ ကတိ ပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးခဲ့ပြီးနောက်ပိုင်း စစ်တပ်အာဏာသိမ်းမှု (၁၉) ကြိမ်တွေ့ကြုံခဲ့ဖူးတဲ့နိုင်ငံဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ နိုင်ငံအတွင်း စစ်တပ်လိုလားထောက်ခံ သူတွေနဲ့ ပါတီရှိနေဆဲဖြစ်ရာ ပေထုံတန် ရှင်နာဝါထရာဟာ ဝန်ကြီးချုပ်အာဏာ ဆက်လက် တည်မြဲစေဖို့ ထိုင်းစစ်တပ်ကို ပါးနပ်စွာကိုင်တွယ်နိုင်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာယခင်ထက်နှိုင်းယှဉ်ရင် ကျဆင်းမှုတွေရှိနေသလို ထိုင်းနိုင်ငံမှာ လူကြိုက် အများဆုံးပါတီတစ်ခုဖြစ်တဲ့ ရှေ့သို့ချီပါတီကို ဖျက်ဆီးလိုက်ခြင်းကြောင့်ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ သက်ရောက်မှုတွေကိုလည်း ပေထုံတန် ရှင်နာဝါထရာ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ရှင်နာဝါထရာ ဦးဆောင်နေတဲ့ ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲကာလတုန်းက ပြည်သူကိုပေးခဲ့တဲ့ ကတိတွေထဲမှာစီးပွားရေးနဲ့ပတ်သက်ပြီးစိန်ခေါ်မှု တွေရင်ဆိုင်နေရတဲ့ ထိုင်းပြည်သူတွေကိုအကူအညီ ဖြစ် စေဖို့"digital wallet"အစီအစဉ်ကို လုပ်ဆောင် မယ်လို့ ကတိပြုခဲ့ပေမယ့် ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့တာဝန်ရှိတဲ့ တစ်နှစ် ကျော်ကာလအတွင်း လက်တွေ့အကောင်ထည်ဖော် နိုင်ခြင်းမရှိသေးပါဘူး၊ အထူးသဖြင့် အဲဒီ "digital wallet"အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာအသက် ၁၈ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူတိုင်း ငွေကြေးရမှာ ဖြစ်တဲ့အစီအစဉ်ဖြစ်တဲ့အတွက် လူတိုင်းစိတ်ဝင်စားနေတာမျိုးဖြစ်ရာ ပေထုံတန်ရှင်နာဝါထရာဟာ အဲဒီအစီအစဉ်ကို လက်တွေ့အကောင်ထည်ဖော်ရာမှာဖြစ်ပါတယ်။ ပေထုံတန် ရှင်နာဝါထရာဟာ နိုင်ငံ ရေးအတွေ့ကြုံ နည်းပါးသူဖြစ်တဲ့အတွက် ဝန်ကြီး ချုပ်အဖြစ် တာဝန်ယူချိန်မှာ ရင်ဆိုင်ရမယ့်စိန်ခေါ်မှု တွေနဲ့ မျှော်လင့်မထားဘဲဖြစ်လာနိုင်တဲ့စိန်ခေါ်မှုတွေ ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာစိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။ အထူးသဖြင့် ပေထုံတန်ရှင်နာဝါ ထရာရဲ့ဖခင်ဖြစ်သူ သက်ဆင်၊ အဒေါ်ဖြစ်သူ ယင်လတ်တို့ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ဖြစ်လာတဲ့နိုင်ငံရေးပြဿနာတွေကို ကောင်းမွန်စွာမဖြေရှင်းနိုင်တဲ့အတွက် ထိုင်းစစ်တပ်ရဲ့အာဏာသိမ်းမှုတွေကိုရင်ဆိုင်ခဲ့ရဖူးပါတယ်။ ပေထုံတန်ရှင်နာဝါထရာလက်ထက်မှာလည်း ဖခင်ဖြစ်သူ၊ အဒေါ်ဖြစ်သူတို့ စစ်အာဏာသိမ်းခြင်းရင်ဆိုင်ခဲ့ရသလိုမျိုးထပ်မံရင် ဆိုင်ရမလား ဒါမှမဟုတ်  စစ်တပ်အာဏာအသိမ်းမခံရအောင်၊ ဘယ်လိုမျိုး ပါးနပ်စွာကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

TNLA အုပ်ချုပ်ရေးအောက်က မိုးကုတ်မြို့ခံတွေရဲ့ ဘဝ (အင်တာဗျူး)

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved