၂ဝ၂၄ ပါရီ အိုလံပစ်၊ ပထမအဆင့်ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်းက အိမ်ကွင်း၌ အီရန်အသင်းကို ရှုံးနိမ့်
ရဲပြည့် (NP News) - ဧပြီ ၆
၂ဝ၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ (ပထမ အကျော့)တွင် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းက အီရန်အမျိုးသမီး လက်ရွေးစင်အသင်းကို (၁-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်ကို ဧပြီလ ၅ ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
၂ဝ၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းသည် အီရန်အမျိုးသမီးအသင်းနှင့် နှစ်ကျော့ကစားရမည်ဖြစ်ပြီး အနိုင်ရရှိသည့်အသင်းသည် အာရှဇုန်ခြေစစ်ပွဲ ဒုတိယအကျော့ကို တက်ရောက်နိုင်မည်ဖြစ်သည်။
မြန်မာနှင့် အီရန်အသင်းပါသည့် အုပ်စု(၄)သင်းတွင် နှစ်သင်းက နုတ်ထွက်သွားခြင်းကြောင့်
(၂)သင်းသာ ယှဉ်ပြိုင်ကစားရချိန်တွင် မြန်မာအသင်းအနေဖြင့် အိမ်ကွင်း၌ကစားခဲ့ရသော် လည်း အီရန်အသင်းကို ပထမအကျော့တွင် ခြေစွမ်းပိုင်းအရ မယှဉ်နိုင်ခဲ့ပဲ (၁-ဝ)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက "အရှုံးရလဒ်ကို မျှော်လင့်ထားခြင်းမရှိပါဘူး။ အပိုင်ဂိုးသွင်းခွင့်တွေရပေမယ့် ဂိုးမရခဲ့ပါဘူး။ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရပြီးနောက် စိုးရိမ်မှုတွေကြောင့် အသင်းရဲ့ကစားပုံ ထင်သ လောက် မကောင်းခဲ့ပါဘူး။ အဆုံးသတ်ပိုင်းအားနည်းမှုကို ပြင်ဆင်ခဲ့ပေမယ့် လုပ်နိုင်ခြင်းမရှိပါဘူး။ ဝင်းသိင်္ဂီထွန်းက ဒဏ်ရာပြဿနာရယ်၊ အသင်းနဲ့တွဲတာ ရက်ပိုင်းပဲ ရှိတာရယ်ကြောင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပါတယ်။ ဒုတိယအကျော့မှာ ရလဒ်ကောင်းပြန်ယူနိုင်ဖို့ သေချာ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ပထမအဆင့် ခြေစစ်ပွဲအောင်ဖို့ အကောင်းဆုံးကြိုး စားသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် ဧပြီလ ၈ ရက်၊ ညနေ ၄ နာရီတွင် ခြေစစ်ပွဲ (ဒုတိယအကျော့)အဖြစ် အီရန်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့ပါက ပါရီ အိုလံပစ်ခြေစစ်ပွဲ ဒုတိယအကျော့ကို တက်ရောက်နိုင်မည်ဖြစ်သည်။
zawgyi version
၂ဝ၂၄ ပါရီ အိုလံပစ္၊ ပထမအဆင့္ေျခစစ္ပြဲတြင္ ျမန္မာအမ်ိဳးသမီးအသင္းက အိမ္ကြင္း၌ အီရန္အသင္းကို ရႈံးနိမ့္
ရဲျပည့္ (NP News) - ဧၿပီ ၆
၂ဝ၂၄ ပါရီ အိုလံပစ္၊ အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲ ၊ အာရွဇုန္(ပထမအဆင့္)၊ ေျခစစ္ပြဲ (ပထမ အေက်ာ့)တြင္ ျမန္မာအမ်ိဳးသမီး လက္ေ႐ြးစင္အသင္းက အီရန္အမ်ိဳးသမီး လက္ေ႐ြးစင္အသင္းကို (၁-ဝ) ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲစဥ္ကို ဧၿပီလ ၅ ရက္၊ ညေန ၄ နာရီတြင္ ရန္ကုန္ၿမိဳ႕၊ သုဝဏၰကြင္း၌ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။
၂ဝ၂၄ ပါရီ အိုလံပစ္၊ အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲ၊ အာရွဇုန္(ပထမအဆင့္)၊ ေျခစစ္ပြဲ ျမန္မာ အမ်ိဳးသမီး လက္ေ႐ြးစင္အသင္းသည္ အီရန္အမ်ိဳးသမီးအသင္းႏွင့္ ႏွစ္ေက်ာ့ကစားရမည္ျဖစ္ၿပီး အႏိုင္ရရွိသည့္အသင္းသည္ အာရွဇုန္ေျခစစ္ပြဲ ဒုတိယအေက်ာ့ကို တက္ေရာက္ႏိုင္မည္ျဖစ္သည္။
ျမန္မာႏွင့္ အီရန္အသင္းပါသည့္ အုပ္စု(၄)သင္းတြင္ ႏွစ္သင္းက ႏုတ္ထြက္သြားျခင္းေၾကာင့္
(၂)သင္းသာ ယွဥ္ၿပိဳင္ကစားရခ်ိန္တြင္ ျမန္မာအသင္းအေနျဖင့္ အိမ္ကြင္း၌ကစားခဲ့ရေသာ္ လည္း အီရန္အသင္းကို ပထမအေက်ာ့တြင္ ေျခစြမ္းပိုင္းအရ မယွဥ္ႏိုင္ခဲ့ပဲ (၁-ဝ)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။
ပြဲအၿပီးျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ျမန္မာအသင္းနည္းျပခ်ဳပ္ ေဒၚသက္သက္ဝင္းက "အရႈံးရလဒ္ကို ေမွ်ာ္လင့္ထားျခင္းမရွိပါဘူး။ အပိုင္ဂိုးသြင္းခြင့္ေတြရေပမယ့္ ဂိုးမရခဲ့ပါဘူး။ မထင္မွတ္ဘဲ ဂိုးေပးလိုက္ရၿပီးေနာက္ စိုးရိမ္မႈေတြေၾကာင့္ အသင္းရဲ႕ကစားပုံ ထင္သ ေလာက္ မေကာင္းခဲ့ပါဘူး။ အဆုံးသတ္ပိုင္းအားနည္းမႈကို ျပင္ဆင္ခဲ့ေပမယ့္ လုပ္ႏိုင္ျခင္းမရွိပါဘူး။ ဝင္းသိဂႌထြန္းက ဒဏ္ရာျပႆနာရယ္၊ အသင္းနဲ႔တြဲတာ ရက္ပိုင္းပဲ ရွိတာရယ္ေၾကာင့္ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးခဲ့ပါတယ္။ ဒုတိယအေက်ာ့မွာ ရလဒ္ေကာင္းျပန္ယူႏိုင္ဖို႔ ေသခ်ာ ျပင္ဆင္သြားမွာျဖစ္ပါတယ္။ ပထမအဆင့္ ေျခစစ္ပြဲေအာင္ဖို႔ အေကာင္းဆုံးႀကိဳး စားသြားမွာျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့သည္။
ျမန္မာအမ်ိဳးသမီး လက္ေ႐ြးစင္အသင္းသည္ ဧၿပီလ ၈ ရက္၊ ညေန ၄ နာရီတြင္ ေျခစစ္ပြဲ (ဒုတိယအေက်ာ့)အျဖစ္ အီရန္အသင္းႏွင့္ ဆက္လက္ယွဥ္ၿပိဳင္ ကစားရမည္ျဖစ္ၿပီး ဂိုးျပတ္အႏိုင္ရရွိခဲ့ပါက ပါရီ အိုလံပစ္ေျခစစ္ပြဲ ဒုတိယအေက်ာ့ကို တက္ေရာက္ႏိုင္မည္ျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရ