Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Clean Coal Energy ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပါက စက်မှုဇုန်များအတွက် လိုအပ်သော ဓာတ်အားကို အမြန်ဆုံးရရှိနိုင်မည်ဟုဆို

ယွန်း (NP News) - ဒီဇင်ဘာ ၂၅

Clean Coal Energy ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည်ဆိုပါက စက်မှုဇုန်များအတွက် လျှပ်စစ်ဓာတ်အားကို မြန်ဆန်လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဟောင်း ဦးမောင်မြင့်က အကြံပြုထားသည်။

အလုပ်သမားဝန်ကြီးဌာန နှင့် စက်မှုဝန်ကြီးဌာနတို့၏ ဝန်ကြီးဟောင်းဖြစ်သူ ဦးမောင်မြင့်က NP News နှင့် သီးသန့်အင်တာဗျူးတွင် အလုပ်သမားအများအပြား လုပ်ကိုင်နေသော စက်မှုဇုန်များ၏ လျှပ်စစ်ပြဿနာနှင့် ပတ်သက်၍ အထက်ပါကဲ့သို့ အကြံပြုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ စက်မှုဇုန်များအနေဖြင့် လက်ရှိတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရသည့် ပြဿနာကို ရင်ဆိုင်နေရပြီး ၎င်းတို့၏ ထုတ်လုပ်မှုစရိတ် အများအပြားကို လျှပ်စစ်ဓာတ်အားရရှိရေးအတွက် သုံးစွဲနေရကြောင်း ဝန်ကြီးဟောင်း ဦးမောင်မြင့်က ဆိုသည်။

“စက်မှုဇုန်တွေမှာ အဓိကရင်ဆိုင်နေရတာက လျှပ်စစ် shortage ဖြစ်တာ။ အဲ့တော့ သူတို့ရဲ့ ထုတ်လုပ်မှုစရိတ်တော်တော်များများက လျှပ်စစ်ထဲမှာ ပါသွားတယ်။ နိုင်ငံတော်အစိုးရကတော့ လျှပ်စစ်မီးကို ပြည်သူတွေကို သည်းခံကြပါလို့ပြောပြီး စက်မှုဇုန်တွေကိုတော့ ဦးစားပေးပြီးတော့ပေးနေပါတယ်။ ဒါပေမယ့် စက်မှုဇုန်တွေကလည်း တစ်ကယ်သတ်မှတ်ထားတဲ့ (၂၄)နာရီအပြည့်တော့ မလည်ပတ်နိုင်ပါဘူး။ သူတို့ အမြဲလည်ပတ်နေဖို့ဆိုရင်လည်း ကျွန်တော်တို့ ပြည်သူတွေက မီးကရနိုင်မယ့်သဘောတောင် မရှိတော့ဘူး။ အဲ့ဒါကြောင့် လျှပ်စစ်မီးလုံလုံလောက်လောက် ရ အောင်လုပ်ပေးရမယ်” ဟု ဦးမောင်မြင့်ကပြောသည်။

နစကအနေဖြင့် လျှပ်စစ်ဓာတ်အားကို ဆေးရုံ၊ တက္ကသိုလ်နှင့် ဘုရားစေတီများကို (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး အလုပ်အကိုင်အခွင့်အ လမ်းများအတွက် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များကို နေ့ပိုင်းအချိန်အတွင်း ဦးစားပေးဓာတ်အားဖြန့်ဖြူးပေးထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။ လျှပ်စစ်မီး လုံလောက်စွာမရရှိမှုကြောင့် စက်မှုလုပ်ငန်းများအနေဖြင့် ဒီဇယ်အင်ဂျင်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများရှိနေပြီး စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုများကြောင့် ၎င်းတို့အတွက် အဆင်မပြေမှုများရှိနေကြောင်း ဦးမောင်မြင့်က ထည့်သွင်း ပြောဆိုထားသည်။

“လျှပ်စစ်မရတဲ့အခါကျတော့ သူတို့မှာရှိတဲ့ ဒီဇယ်အင်ဂျင်ကြီးတွေနဲ့ လျှပ်စစ်ထုတ်ရပြီးတော့ အခုချိန်မှာ စက်သုံးဆီဈေးနှုန်းက အရမ်းမြင့်နေတဲ့ အခါကျတော့ လျှပ်စစ်ထုတ်လုပ်မှုကလည်း အဓိကတော်တော်ကျပါတယ်။ စက်သုံးဆီကလည်း ဈေးကတက်နေတာဆိုတော့ ကျဖို့ လမ်းလည်း သိပ်မရှိဘူး”ဟု ၎င်းမှ ဆိုသည်။

ထို့ကြောင့် စက်မှုလုပ်ငန်းများ အဆင်ပြေစေရန်အတွက် Clean coal ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန်လိုကြောင်း ၎င်းမှ အကြံပြုပြောဆိုထားသည်။

“Clean coal နဲ့သာ ကျွန်တော်တို့ လျှပ်စစ်ထုတ်မယ်ဆိုရင် မြန်လည်းမြန်ပါတယ် လျှပ်စစ်ထုတ်မယ်ဆိုရင် တစ်နှစ်အတောအတွင်းကို လျှပ်စစ်ထုတ်လုပ်ရတဲ့ အနေအထားရှိလိမ့်မယ်။ ဂျပန်မှာလည်း Clean coal နဲ့ပဲလုပ်တာပါပဲ”ဟု ဦးမောင်မြင့်မှ ဆိုသည်။

အဆိုပါနည်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဆိုပါက စက်မှုလုပ်ငန်းများအ တွက် လျှပ်စစ်ဓာတ်အားကို အလျင်အမြန်ဖြင့် လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဟောင်း ဦးမောင်မြင့်မှ အကြံပြုပြောဆိုထားသည်။


zawgyi version











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပွဲကောက်ရေတံခွန်တွင် ရေဆင်းကစားရာမှ အမျိုးသားတစ်ဦးရေနစ်သေဆုံး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved