ရှောင်လင်ကွန်ဖူးစတားဘွဲ့ကိုရရှိခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အသက်(၉)နှစ်အရွယ်မိန်းကလေး
Pika (NSS) - ဩဂုတ် ၂၄
တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ Zhang Sixuan အမည်ရှိသည့် အသက်(၉)နှစ်အရွယ် မိန်းကလေး သည် ယခုနှစ်တွင်ကျင်းပသော ကမ္ဘာ့ ရှောင်လင်အားကစားပြိုင်ပွဲတွင် ရှောင်လင်ကွန်ဖူး စတားဘွဲ့ကို ရရှိခဲ့ကြောင်းသိရသည်။
ကမ္ဘာတစ်ဝန်းတွင် ရှောင်လင်ကွန်ဖူးလေ့ကျင့်သူသန်းချီရှိ ပြီး နှစ်စဉ်နှစ်တိုင်း သောင်းနှင့်ချီသော ကွန်ဖူး လေ့ကျင့်သူများသည် ကမ္ဘာ့ရှောင်လင် အားကစားပြိုင်ပွဲ ဖိုင်နယ်တွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရရန်အတွက် ယှဉ်ပြိုင်မှုများလုပ်ဆောင်ကြသည်။ ယခုနှစ်တွင် နိုင်ငံတကာမှကွန်ဖူး လေ့ကျင့်သူ(၁၂၄)ဦးသည် ဟီနန်ပြည်နယ် ရှောင်လင်ဘုရားကျောင်းတွင် ကျင်းပသော ကွန်ဖူးပြိုင်ပွဲတွင် ကွန်ဖူးဆရာများနှင့် ကွန်ဖူးဝါသနာရှင်များ၏ရှေ့မှာ ၎င်းတို့၏ကျွမ်းကျင်မှုများကို ပြသရန်အတွက် ဖိတ်ခေါ်ခံခဲ့ရကြောင်း သိရသည်။ ၎င်းတို့အနက်မှ အသက်(၉)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် tong zi gong (ရှောင်လင်ကွန်ဖူးပုံစံ)ကို ကျွမ်းကျင်စွာ ပြသနိုင်ခဲ့ပြီးနောက် ရှောင်လင်ကွန်ဖူးစတားဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ကမ္ဘာ့ရှောင်လင်အားကစားပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီသော ရှောင်လင် ကွန်ဖူးလေ့ကျင့်သူ(၁၂၄)ဦးအနက် ရှောင်လင်ကွန်ဖူးစတားဘွဲ့ကို ရရှိသူ(၁၀)ဦးသာ ရှိခဲ့ကြောင်းလည်း သိရသည်။ Zhang Sixuan သည် ကွန်ဖူးပညာကို (၄)နှစ်ကြာ လေ့ကျင့်ခဲ့ပြီး လက်ရှိအချိန်တွင် ၎င်း ၏စွမ်းရည်များကို ပိုမိုတိုးတက်အောင်လုပ်ဆောင်နေကြောင်း ဟီနန်ပြည်နယ် Tangyin ကောင်တီရှိ Jingzhong ကိုယ်ခံပညာကျောင်းမှ ၎င်း၏နည်းပြ Zhao Zhenwu ကပြောကြားခဲ့သည်။
ထို့ပြင် Zhang Sixuan သည် ညဉ့်နက်သည်အထိ လေ့ကျင့်ခဲ့ရသော်လည်း ညည်းညူခြင်းမျိုး မရှိခဲ့ကြောင်း Zhao Zhenwu က ပြောကြားခဲ့သည်။ Zhao Zhenwu “ Zhang Sixuan ဟာ အလွန်သန်မာပြီး လေ့ကျင့်မှုတွေအတွင်း ငိုတာမျိုးတစ်ခါမှမရှိခဲ့ပါဘူး။ သူဟာ ပြိုင်ပွဲအတွက် ည(၁၁)နာရီအထိ လေ့ကျင့်ခဲ့ရရင်တောင် ပင်ပန်းတာမျိုး ဒါမှမဟုတ် လေ့ကျင့်မှုက အရမ်းခက်တယ်လို့ ညည်းညူတာမျိုး မရှိခဲ့ဖူးပါဘူး” ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူကေတုမတီမြို့ဟောင်းတူးဖော်ရာတွင် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာန အဆောက်အအုံများကို ဦးစွာပြောင်းရွှေ့ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ