Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ကို ဦးဆောင်မယ့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က ဘယ်လိုလူစားမျိုးလဲ (အတ္ထုပ္ပတ္တိ)

ဂျန်ဇက် (NSS) - ဩဂုတ် ၂ဝ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာ စီနာဟာ ရာထူးက နုတ်ထွက်ခဲ့သလို ပြည်ပထွက်ပြေးခဲ့ရာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပွားလျက်ရှိနေ ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အာဏာကို ယာယီလွှဲပြောင်းရယူထားတဲ့ ကာကွယ် ရေးဦးစီးချုပ်နဲ့ သမ္မတတို့ဟာ လက်ရှိ အချိန်အထိ ဆန္ဒပြကျောင်းသားတွေရဲ့တောင်းဆိုချက်တွေအတိုင်း လိုက်လျောဆောင်ရွက်နေပြီး ဆန္ဒပြကျောင်းသား အုပ်စုတွေတောင်းဆိုတဲ့အတိုင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်ကို ယာယီအစိုးရ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့  ခွင့်ပြုသဘောတူခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနွတ်ဟာဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပြီး အဲဒီ ယာယီအစိုးရအဖွဲ့တွေဟာ ရွေးကောက်ပွဲတစ်ကျော့ပြန် ကျင်းပနိုင်အောင် ကြိုးပမ်းရမှာဖြစ်ပါတယ်။ 

အသက် ၈၄ နှစ်အရွယ်ရှိ ယူနွတ်ဟာ ဩဂုတ်လ အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ယာယီအစိုးရ အဖွဲ့ကို ဦးဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ယူနွတ်ဟာ  ပြည်ပထွက်ပြေးခဲ့ရတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာနဲ့ နိုင်ငံရေး ပြိုင်ဘက်ဖြစ်ခဲ့ပြီး ရှိတ်ဟာစီနာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတဲ့ ကာလအတွင်း အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စွဲချက် တင်ခံရကာ ထောင်ကျခံခဲ့ရသူဖြစ်ပါတယ်။ ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားဖြစ်သလို စီးပွားရေးသမားတစ်ဦးလည်းဖြစ်ရာ အများပြည်သူ လေးစားခံရသူဖြစ်တယ်လို့ သိရပါတယ်။ ယူနွတ်ကို (၁၉၄၀) ပြည့်နှစ်က ဘင်္ဂါလီရွာလေးတစ်ရွာမှာမွေးဖွားခဲ့ ပြီး ဖခင်ဖြစ်သူက ကျောက်မျက်ရတနာ ရောင်းဝယ်သူ တစ်ဦးဖြစ်ကာ မိခင်ဖြစ်သူကတော့ ယူနွတ်လူငယ်ဘဝမှာစိတ်ပိုင်းဆိုင်ရာရောဂါနဲ့ ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။ ယူနွတ်ဟာ ဘဏ် လုပ်ငန်းရှင် မလုပ်ဆောင်ခင် စစ်တကောင်းတက္ကသိုလ်မှာ စီးပွားရေးဆိုင်ရာ ပါမောက္ခအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ပါမောက္ခ ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လူအများ တနိုင်တပိုင် စီးပွားရေးတွေ လုပ်နိုင်အောင် အသေးစားချေးငွေတွေ ထုတ်ချေးတဲ့နည်းနာ တွင်ကျယ်လာအောင် စတင်လမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။

ပါမောက္ခ ယူနွတ်ရဲ့နည်းနာ အောင်မြင်မှုရခဲ့ပြီး အဲဒီလို အများပြည်သူအကျိုးရှိစေတဲ့ စီးပွားရေး စွမ်းဆောင်ချက်တွေကြောင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိခဲ့ပြီး (၂၀ဝ၆) ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရသလို အမေရိကန်သမ္မတက ချီးမြှင့်တဲ့ ရွှေတံဆိပ်ဆုတွေအပြင် အမေရိကန်လွှတ်တော်က ချီးမြှင့်တဲ့ ရွှေတံ ဆိပ်ဆုတွေလည်းရရှိ ထားသူဖြစ်ပါတယ်။ ဒါ့ပြင်  ငြိမ်းချမ်းရေးနိုဘယ်ဆုရ ရှိခဲ့ပြီးနောက် ယူနွတ်ဟာ နိုင်ငံတကာ ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတွေအပြင် နိုင်ငံတကာတက္ကသိုလ် တွေကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ လည်းရရှိခဲ့ သူဖြစ်ပါတယ်။ ယူနွတ်ဟာ ဒါကာတက္ကသိုလ်မှာ တက်ရောက်သင်ကြားခဲ့ပြီး အမေရိကန်နိုင်ငံ  Vanderbilt တက္ကသိုလ် မှာ စကောလားရှစ်နဲ့ စီးပွားရေးပညာရပ်တွေကို ပါမောက္ခဘွဲ့ ရယူနိုင်ခဲ့ပါတယ်။ ယူနွတ်ဟာ (၁၉၇၂) ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတက္ကသိုလ်ကို ပြန်လာကာ စာပေသင် ကြားတာတွေလုပ်ဆောင်ခဲ့ပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လူအများ တစ်နိုင်တစ်ပိုင် စီးပွားရေးတွေလုပ်နိုင်အောင် အသေးစား ချေးငွေတွေ ထုတ်ပေးတဲ့ ယူနွတ်ရဲ့လုပ်ငန်းနဲ့ ပုံစံတူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် ကမ္ဘာတစ်ဝန်းရှိအခြား နိုင်ငံ တချို့ကလည်း လက်ရှိအချိန်အထိလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ မိုဟာမက်ဒ် ယူနွတ်ဟာ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ဆောင်ချက်တွေကြောင့် (၁၉၇၀) ပြည့်နှစ်နောက်ပိုင်းတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နာမည်ကျော်လူသိများလာခဲ့ သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၈၄) နှစ်အရွယ်ရှိနေတဲ့ ယူနွတ်ဟာ ဆင်းရဲတဲ့ လူတွေကိုစီးပွားရေး လုပ်ငန်း တွေ တစ်နိုင်တစ်ပိုင် လုပ်နိုင်အောင် စစ်တကောင်း တက္ကသိုလ်နားက ဆင်းရဲတဲ့ရွာလေးတစ်ခုမှာ ပထမဆုံး စတင်ခဲ့ပြီး အဲဒီဒေသက ရွာခံအချို့ကို အမေရိကန်ဒေါ်လာ ဆယ်ဂဏန်းလောက်ဆီထုတ်ပေးပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထူထောင်ဖို့ မတည်ပေးခဲ့ပါတယ်။

ယူနွတ်ဟာ ဘဏ်တွေက ငွေထုတ်ချေးဖို့ စိတ်ဝင်စားမှုမခံရ၊ အမြဲလျစ်လျူရှု မျက်ကွယ်ပြုခံနေရတဲ့ တောနေ ဆင်းရဲ သားတွေကို တစ်နိုင်တစ် ပိုင်လုပ်ငန်းလေးတွေ၊ အိမ် တွင်းစီးပွားရေး အသေးစားလေးတွေ ထူထောင် နိုင်အောင် ငွေထုတ်ချေးခဲ့တဲ့ နည်းလမ်းတွေကို စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

ယူနွတ်ဟာအဲဒီအစီအစဉ်တွေကို ရွာစဉ်လှည့် ဆက်ပြီးလုပ်ကြတဲ့ အသေးစားချေးငွေလုပ်ငန်း အင်တာပရိုက်စ် တစ်ခု နောက်ပိုင်းပေါ်လာခဲ့သလို အချိန်အနည်းငယ်အတွင်းမှာပဲ အောင်မြင်မှုတွေရရှိ လာခဲ့ကာ အချိန်အနည်းငယ် အတွင်းမှာပဲ အသင်းဝင်သောင်းဂဏန်းအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေလုပ်ကိုင်ရာကနေ အောင်မြင်မှုတွေ ရရှိလာခဲ့ပြီးနောက် ယူနွတ်ဟာ Microcredit နဲ့ Microfinance လုပ်ငန်းတွေလုပ်ကိုင်ဖို့ ကျေးရွာ ဘဏ် သို့မဟုတ် Grameen Bank ကို (၁၉၈၃) ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်လွှား အမျိုးမျိုးသော လုပ်ငန်းပရောဂျက်တွေမှာ ဂရာမင်းဘဏ် ပါဝင်ပတ်သက်လာခဲ့ပြီး အထည်အလိပ်လုပ်ငန်းကအစ မိုဘိုင်း တယ် လီကွန်းနဲ့ အင်တာနက်ဘရော့ဒ်ဘဲန်လို နည်းပညာ လုပ်ငန်းတွေအထိ ပါဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဂရင်းဘဏ်ဟာ အိမ်ရာလုပ်ငန်း၊ ကျောင်း သားတွေနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတွေကို အဓိကထားတဲ့ မိုက်ခရိုအင်တာပရိုက်ငွေချေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ (၆) ဘီလျံ ချေးပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ ယူနွတ်ဟာ ဆို ရှယ် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေဖို့ အကြံဇဉာဏ်ပေးနိုင်အောင် ဒါကာမြို့အခြေစိုက် ယူနွတ်စင်တာကိုလည်း ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ ပါမောက္ခ ယူနွတ်စ်ရဲ့ဆောင်ရွက်ချက်တွေ အသိအမှတ်ပြုခံ ရပြီး (၂၀ဝ၆) ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရပါတယ်။ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို အဆင် ပြေစေမယ့် ငွေချေးလုပ်ငန်းတွေကိုအောင်မြင်စွာ လုပ်ကိုင်နိုင်မှုနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပြီးနောက်ပိုင်း မကြာမီဘင်္ဂလားဒေ့ရှ်နိုင်ငံရေး လောကထဲကို ဝင်ရောက်လာခဲ့ရာ ပြည်ပထွက်ပြေးသွားတဲ့ ရှိတ်ဟာ အစီနာနဲ့ရန် ဘက်တွေဖြစ်လာခဲ့ရပါတယ်။ ငြိမ်းချမ်း ရေးနိုဘယ်ဆုရရှိပြီး နောက်တစ်နှစ်အကြာ (၂၀ဝ၇) ခုနှစ်မှာတော့  နိုင်ငံရေး လှုပ်ရှားမှုကို စတင်ပါဝင်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် တတိယ ရွေးချယ်မှုတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံ ရေးလောကထဲကို ပါဝင်လာခဲ့ရာ ဝန်ကြီးချုပ်ရှိတ် ဟာစီနာနဲ့ ထိပ်တိုက်တွေ့ဆုံလာခဲ့ပါတယ်။ ရှိတ်ဟာ စီနာက ‘‘ယူနွတ်ဟာ ဆင်းရဲသားတွေကို သွေးစုပ်နေ တဲ့သူလို့ဝေဖန်ခဲ့သလို တိုင်းပြည်ရဲ့ရန်သူဖြစ်တယ်” လို့ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံ ရေးလောကဟာ နှစ်ကောင်တည်းပြေးတဲ့မြင်းပြိုင်ပွဲလိုမျိုးနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ရှိတ်ဟာစီနာ ဦးဆောင်တဲ့ အေဝါမီလိဂ်ပါတီနဲ့ ခလီဒါဇီယာ ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသား ပါတီတို့က အဓိကဦးဆောင်နေခဲ့တာကနေ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် တခြားရွေးချယ်စရာပါ တီရှိလာအောင် ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ယူနွတ်နိုင်ငံရေးပါတီ တည်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ နိုင်ငံရေးအရ ဖိအားပေးဖို့ အမျိုးမျိုးကြိုးပမ်းခဲ့ပြီး ယူနွတ်ကို အသရေ ဖျက်မှု၊ အခွန်ရှောင်မှုစတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရ သလို ၎င်းကိုယ်တိုင်ဦးဆောင်တည်ထောင်ခဲ့တဲ့ ဘဏ်ကနေလည်း ဖယ်ရှားခံရအောင် ဖိအား ပေးခံခဲ့ရပါတယ်။ ရာထူးကနုတ်ထွက်ပြီး ပြည်ပထွက်ပြေးခဲ့တဲ့ ရှိတ်ဟာစီနာနဲ့ ယူနွတ်ကြားတင်းမာမှုတွေဟာ တဖြည်းဖြည်း အမြင့်ဆုံးရောက်ရှိလာခဲ့ရာအလုပ်သမားဥပဒေကိုချိုးဖောက်တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ် ခြောက်နှစ် အပြစ်ပေးခံခဲ့ရဖူးပါတယ်။ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကြားမှာ လူလေးစားမှုခံ ရပေမယ့်နိုင်ငံ ခေါင်းဆောင် တစ်ဦးအဖြစ် တာဝန်ယူ ချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒီမိုကရေစီ စနစ်ပြန်လည်ဖြစ်ထွန်းဖို့နဲ့ ရွေးကောက်ပွဲ တစ်ကျော့ပြန်ကျင်းပနိုင်အောင် ဦးဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ယူနွတ်ဟာ ယာယီ အစိုးရအဖွဲ့ကို ဦးဆောင်မယ့်သူအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက်ပိုင်း ဆန္ဒပြအုပ်စုတွေကို အေးဆေးတည် ငြိမ်စေဖို့တောင်းဆိုထားရာ ဆန္ဒပြပွဲ အရှိန်ဟာယခင်လောက် ပြင်းထန်မှုမရှိတော့ဘဲ အားပျော့လာပြီဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကဖော်ပြထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတွင် အမျိုးသမီး(၂)ဦးပါဝင်သောအဖွဲ့က ဆိုင်အတွင်းဝင်ရောက်ကာ တစ်ဦးတည်းရှိနေသော အမျိုးသမီးကြီးကို လည်ပင်းညှစ်သတ်ပြီး ပစ္စည်းများ လုယက်မှုဖြစ်ပွား

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved