Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီအိုးကြီး တနင်္သာရီကို အလှဖျက်ခဲ့ကြသူများ(အပိုင်း-၁) (ဆောင်းပါး)

ဇာမဏီစံမောင် (NSS) - ဩဂုတ် ၁၇

ဇွန်လကုန်မှာ ကျစ်ဆံမြီးဧရာဝတီရဲ့ ပြည်သူ့မျက်ရည်ပြဇာတ် ပေါ်ပေါက်လာပုံအတွက် မြောက် ဘက်စွန်းက သံဝေဂလွမ်းပုံပြင်တွေနဲ့ တန်ဆာဆင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ဦးရဲ့အမြင်ကို စာရှု သူတို့မြင်တွေးနိုင်ကြရအောင် နိုင်ငံသားတာဝန်တွေနဲ့ ယှဉ်ပြီး ခေတ်မီစနစ်ကျကျ တွေးခေါ် မြော် မြင်နိုင်ကြ ဖို့ တစ်နည်းပြောရရင် Globalution Point of View မြင်တတ်ကြဖို့တင်ဆက်သလို အခုလည်း ဆီအိုးကြီး တနင်္သာရီလို့အမည်ပေးကာ ပြည်ထောင်စုရဲ့ တောင်ဖက်စွန်းဆီကို စာရှုသူတို့ကို  မြန်မာနိုင်ငံ ကြီး သားအမြင်နဲ့ ချိန်ထိုးနိုင်ဖို့ရာ ခေါ်သွားမှာပါ။ 

လှလိုက်တဲ့ဆီအိုးကြီး တနင်္သာရီ

    တနင်္သာရီတဲ့စကားလုံးကတော့ ကမ္ဘာ့စွယ် စုံကျမ်း ဝီကီက မွန်လိုလို၊ ထိုင်းလိုလို ဗမာစာနဲ့စကား မဟုတ်ပေ။ အဓိပ္ပာယ်လုံးကောက်မရေရာလို့ လိုက် ရှာကြည့်ရာ ယနေ့အထိ လုံးကောက်အဓိပ္ပာယ်မရ နိုင်သေးတဲ့ တနင်္သာရီပါတဲ့။

တနင်္သာရီဟူသော လုံးကောက်မရသည့် ဝေါဟာရ 

ဦးမေအောင်က တနင်္သာရီဟူသောဝေါဟာ ရသည် တနင်းသြီဟူသော မွန်ဘာသာစကားမှရွေ့ လျားလာသည်ဟုဖော်ပြခဲ့သည်။ နောက်အယူအဆ တစ်ခုမှာ မွန်တို့သည် မြိတ်ကို တိန်းန် ဟု မြို့အမည် ကို ထိပ်မှခေါ်ဆိုလေ့ရှိသည်။ (ဥပမာ တိန်းန် ဟမစော ဟံသာဝတီမြို့၊ တိန်းန်မုပလိန်န် မော်လမြိုင် မြို့)ဟု မြို့ကို တိန်းန်ဟု ရှေးမှခေါ်လေ့ရှိသည်။ အရင်က ခရင်းသေဟု စတင်ခေါ်ဆိုရာမှ တရင်းသေ၊ ထိုမှ တိန်း သရေ) တနိန်းသရေ တနင်း သာရေ) တနင်္သာရီဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ် လာခဲ့ သည်ဟုယူဆကြသည်။ တိန်းန်သရေ (မွန်၊ ပါဠိ) တိန်းန်မှာ မြို့၊ သရေ=သရီ၊ ဩီ=သီရိ= ကျက် သရေ ဟု မြန်မာပြန်လျှင် ကျက်သရေရှိသောမြို့ ဟု အဓိပ္ပာယ်ရသည်။ ဦးတင်လှက ၁၉၆၃ ခုနှစ် မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲ၌တင်သွင်းခဲ့သော သူ၏စာတမ်း၌ မြန်မာဘာသာစကားများအတွင်းသို့ ရောက်ရှိ နေသော လူမျိုးခြားတို့၏စကားများတွင် မလေး (ပသျှူး)လူမျိုးတို့ (ရောင်စုံပန်းများ ပွင့်ရာမြေ) တာနာဆာရီ၊ တာနားသရိ၊ ထိုမှတစ်ဆင့် တနင်္သာရီကို ခေါ်ဆိုကြောင်း မွန်တို့မှတစ်ဆင့် ရောက်ရှိ သွားသော စကားလုံးများဖြစ်နိုင်သည်ဟု ဆိုထားသည်။ ထိုင်းဘာသာစကားအရ ယိုးဒယားတို့ ဝင် ရောက်လွှမ်းမိုးလာသည့်နောက်ပိုင်းတွင်မှ ယိုးဒယား တို့က တနင်္သာရီကို ထနောင်စီ(ထနောင်ဆီရီ-ထ နောင်သီရိ)ဟု အသံထွက်ခေါ်ဝေါ်ကြပြီး ရွှေပေါရာ မြေဟုအဓိပ္ပာယ်ရသည်။ ထို့ပြင် မလေးဘာသာ စကားအရ တာနာဆာရီ သို့မဟုတ် တာနားသရိ ရောင်စုံပန်းများ ဖူးပွင့်ရာမြေ သို့မဟုတ် သံပရာသီး ပေါရာမြေဟု အဓိပ္ပယ်ရသည်။ စာရေးသူ ယင်းလုံးကောက်ကို မှန် နန်းရာဇဝင်မှာလည်းမတွေ့။ မွန် စာပေ အဘိဓာန်များမှာလည်း မမြင်၊ ဗမာစာအထိပ်အခေါင် ကျော်အောင်စံ ထားဆရာတော်ရဲ့ ဝေါဟာရ ရဋ္ဌပကာသဏီမှာမမြင်ရ၊ (နေပြည်တော် ထောက်လှမ်းရေး)လောက်ဖျား ကြီး၊ လောက်ဖျားလေး တို့ အမည်ပါ မှန်နန်းဒုတိယတွဲမှာ စတွေ့ရပါသည်။ ထိုင်းတို့ရဲ့သမိုင်းမှာကတော့ Tenasserim မူလ ဗြိတိသျှ အသံထွက်ဖြစ်လာသလို ထိုင်းစာအရ Tanes ( တီးနက် ) ‘တို့ပိုင်တဲ့မြေ Siam  တစ်သားတည်းလေ’ တနင်္သာရီပါတဲ့ခင်ဗျား။ နောက် တိုက်ဆိုင်မှုတစ်ခုက (၂၀) ရာစုအလယ်မှာပေါ်လာတဲ့ Service Integ ration and Management (SIAM)သည် လုပ်ငန်းများစွာ၏ပေးသွင်းသူများ အပြင် IT ဝန်ဆောင်မှုများ ကိုစီမံခန့်ခွဲရန် ချဉ်းကပ်မှု တစ်ခုဖြစ်သည်။ သည်နေရာမှာ ‘ လုပ်ငန်းများစွာ၏ ပေးသွင်းသူများ’ တီးနက် ဆီယင်ရဲ့ပညတ်သွားရာ ဓာတ်သက်ပါတဲ့။ တရားဝင်ရော၊ တရားမဝင်ရော၊  လုပ်ငန်းကြီးငယ်တို့ ကြီးစိုး နေပြီး ပြည်ထောင်စု အခွန်ရငွေမှာ ထိပ်ဆုံးဖြစ်တဲ့၊ တနင်္သာရီရဲ့လှလိုက်တဲ့ ပကတိဘဝများကို ရှုကြပါစို့။

နောက်ခံသမိုင်း

ထားဝယ်ရာဇဝင်တော်ကြီးတွင် သုဝဏ္ဏဘူမိ သထုံပြည် နရုတိမင်းသည် တနင်္သာရီမြို့မှ လှေ ပျက်၍ ရောက်လာကြသော တနင်္သာရီသားငါးယောက် တို့ကို လမ်းပြစေလျက် သာသနာပြုသက် (၁၇) ခုနှစ် တွင် ဒူကရတိုင်း၊ အောင်သာဝတီပြည်၊ ကလိန်အောင်မြို့ကို တည်ထောင်သည်ဟု ဖော်ပြသည်။ ကလိန်အောင်မြို့မှ ဓမ္မသေနမင်း၊ တနင်္သာရီမြို့မှ ကောရမ္ဘမင်း၊ နဂါးမင်းတို့သည် သာသနာနှစ်(၂၃၈)ခုနှစ် တပေါင်းလပြည့်တွင် ထားဝယ်မြစ်ဝရှင် မော်တောင်၌ အံတော်စေတီကိုတည်ကြရာ ကောရမ္ဘမင်းသည် ကနက်သီရိမြို့ကိုတည်ထောင်ပြီး ခေတ္တစိုးစံခဲ့လေသည်ဟု ထားဝယ်ကျော်မင်းက ဖော်ပြထားသည်။ 

တကောင်းခေတ်မတိုင်မီ လွန်ခဲ့သည့်နှစ် (၃၀ဝဝ)ခန့်က ပျူနိုင်ငံရှိခဲ့သည်။ ပျူမင်းပေါင်း (၁၃၉၃) ပါးရှိခဲ့ပြီး ပျူနိုင်ငံလက်အောက်ခံပြည်ထောင် ပေါင်း (၂၈) ပြည်ထောင်ဆီက (၁၂) ပြည်ထောင်ရှိ သည်။ ယင်း၌ တနင်္သာရီပါဝင်သည်ဟု ဖော်ပြကြသည်။ ပျူမင်းဆက် တမ္ဗဒီပပျူမင်းပေါင်း(၁၉၀) တွင် နောက် ဆုံးမင်းဆက် ကလာဗုမင်းကို မြေမျို၏။ မြို့ကိုလည်း သန် လျက်မိုးရွာ၏။ လူတို့သည် ဓညဝတီရခိုင် သို့ တစ်စု၊ ထားဝယ်သို့တစ်စု၊ တနင်္သာရီသို့တစ်စု သုံးစုခွဲ၍ရောက်ကုန်၏ဟု ဖော်ပြသည်။ ဤကား ရှေး ဟောင်းရာဇဝင်ကြီးများ၏ အဆိုတည်း။ ရှေးဟောင်း ပျူခေတ်နောက်ပိုင်းတွင်လည်း တနင်္သာရီ ရှေးဟောင်းမြို့တော်နှင့်ဆက်နွှယ်မှုများ ရှိခဲ့ပေသည်။ ပုဂံမင်းဆက်ပေါင်း(၅၅)ဆက် ပုဂံသက္ကရာဇ် (၇၃၀)၊ မြို့သက် (၁၂၆၁) နှစ်ရှိခဲ့ရာတွင် သမုတိရာဇ်မင်းမှစ၍ ရေတွက်လျှင် စတုတ္ထပုဂံခေတ် (၄၂) ဆက်မြောက် အနော်ရထာမင်း(အေဒီ ၁၀၄၄-၁၀၇၇) လက်ထက် သထုံမှဆက်၍ တနင်္သာရီ အထိ သိမ်းသွင်းပြီး နိုင်ငံတော်အတွင်း သိန်းပြုမြို့များ တည်ထောင်ခဲ့သည်။ 

တည်နေရာနှင့် အကျယ်အဝန်း

တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာ စုစုပေါင်း (၁၆ယ၇၃၆) စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြောင် ဒေသတွင်တည်ရှိပြီး လူနေကျဲပါးသောဒေသလည်းဖြစ် သည်။ ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီ တွဒ် (၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ်) အတွင်း၊ အရှေ့ လောင်ဂျီတွဒ် (၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ်)အတွင်း တည်ရှိသည်။

လူဦးရေ

တနင်္သာရီတိုင်းဒေသကြီး၏လူဦးရေမှာ (၂၀၁၄)ခုနှစ် သန်းခေါင် စာရင်းအရ (၁ယ၄၀၈ယ၄၀၁) (၁.၄ သန်း)ဖြစ်သည်။

မြေမျက်နှာသွင်ပြင်

တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်ပေါများပြီး အနောက် ဘက်တွင် ကပ္ပလီပင်လယ်ရှိ၍ အရှေ့ဘက်၌ တနင်္သာရီ တောင်တန်းနှင့်ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုးတန်းလွင်ပြင်မှာ ကျဉ်းမြောင်းသည်။ တနင်္သာ ရီတောင်တန်းသည် ကမ်းရိုးတန်းနှင့်အပြိုင်တည်ရှိ သည်။ ထားဝယ်မြစ်နှင့်တနင်္သာရီမြစ်တို့၏ ရေဝေ ကုန်းတန်း (Water Sheet)အဖြစ်တည်ရှိပြီး ထား ဝယ် လွင်ပြင်နှင့် မြိတ်လွင်ပြင်မှာ တိုင်းဒေသကြီးအ တွင်း အမြင့်ပေ(၅၀)အောက်နိမ့်ဆင်းသွားသော လွင်ပြင် များဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း (၈၄၀)ကျွန်းရှိပြီး တနင်္သာ ရီမြို့နယ်ရှိ အင်းတော်ကြီးအင်းမှာ ထင်ရှားပြီး ရေတံခွန်ငယ်များ ရေပူစမ်းများ အမြောက်အမြား ရှိသည်။ 

ရာသီဥတု

ပင်လယ်နှင့်နီးသောဒေသဖြစ်၍ မိုးများပြီး စွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့်နီးသော ဒေသဖြစ်သည့်အတွက်လည်း အပူချိန်မြင့်သည်။ ပျမ်းမျှအပူချိန်မှာ ၈၃ ဒီဂရီမှ ၇၈ ဒီဂရီဖာရင်ဟိုက် အတွင်း ရှိသည်။ တစ်နှစ်လုံးနီးပါး မိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မအထိရှိသည်။ သည် မိုးရေချိန်ကြီးကို တနင်္သာရီရဲ့အမြဲစိမ်း ရေဝေရေလဲ တောကြီးများက မြေအောက်သယံဇာတ များကို ပင်လယ်ထဲ မိုးရေနဲ့စီးမျောဆုံးရှုံးမသွား‌စေရန် သဘာဝတရားကြီးကထိန်းသိမ်းလာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီရှိခဲ့ပါလေပြီ။

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်း ကုမ္ပဏီပေါင်း(၃၉) ခုဖြင့် ဆီအုန်းစိုက်ဧကပေါင်း (၃၉၅၇၂၁) ဧက စိုက်ပျိုးထားသလား၊ မူလက စိုက် ဧကပေါင်း ဘယ်လောက်လျာထားခဲ့ပါသလဲ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းကုမ္ပဏီပေါင်း (၃၉)ခုဖြင့် ဆီအုန်းစိုက်ဧကပေါင်း (၃၉၅၇၂၁) ဧက စိုက်ပျိုးထားကြောင်းတနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မူလလျာထားချက်မှာ စိုက်ဧကပေါင်း ငါးသိန်း(၂၀ဝ၀ ပြည့်နှစ်) ဟုသိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း စိုက်ပျိုးအောင်မြင်နိုင်သည့် ရေ၊ မြေ၊ ရာသီဥတု အ ခြေအနေအရ ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက် ရင်းနှီး မြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် လွန်ခဲ့သည့် နှစ်ပေါင်း(၃၀)ကျော်ခန့်မှ ဆီအုန်း စိုက် ပျိုးမှုစတင်ခဲ့ရာ ယခုအခါတိုင်းဒေသကြီးတစ်ခုလုံး၌ ဆီအုန်းစိုက်ဧက (၄)သိန်းနီးပါးခန့်စိုက်ပျိုးထား ကြောင်းသိရသည်။ တချို့ဆီအုန်းပင်များသက်တမ်း ကုန်သွားလေပြီ။ ပြန်စိုက်ကြရဲ့လား။ မေးခွန်းများမေးမိသည်။

‘၂၀၂၃-၂၀၂၄ ခုနှစ် ဧပြီလမှ ဩဂုတ်လ အထိ ကောက်ယူထားသည့်စာရင်းများအရဆိုရင် တနင်္သာရီ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်း ခရိုင် စတဲ့ခရိုင် (၄)ခုမှာ ဆီအုန်းစိုက်ဧကပေါင်း (၃၉၅၇၂၁) ဧကရှိပါတယ်။ ဆီသီးခိုင်ခူးနိုင်တဲ့ဧက (၁၈၃၃၂၁) ဧကရှိတယ်။ တစ်ဧကအထွက်နှုန်းကတော့ (၂ ဒသမ ၇၄)တန် ထွက်ရှိပါတယ်။ စုစုပေါင်း ဆီသီးခိုင်ထွက် ရှိမှုကတော့ (၅၀၂၈၂၅)တန်ထွက်ရှိပါတယ်’ ဟု  တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

  တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့်ကုမ္ပဏီပေါင်း (၃၉)ခုနှင့် ပုဂ္ဂလိ ကခြံရှင် (၄၀) နီးပါးခန့်ရှိပြီး ထွက်ရှိလာသည့် ဆီသီး ခိုင်အများစုကို ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်း ခရိုင် အတွင်းရှိ ဆီကြမ်းစက်များသို့ သွားရောက်ရောင်း ချရသဖြင့် အလေအလွင့်များနှင့် ကုန်ကျမှုစရိတ် စက များပြားကြောင်းနှင့် ယခုလက်ရှိတွင် ဆီသီးခိုင်ဈေးနှုန်းမှာ တစ်တန်လျှင် ငွေကျပ် (၃၃၀ဝဝဝ)ခန့် ပေါက် ဈေးရှိကြောင်းသိရသည်။ ထို့ကြောင့် ဆီသီးခိုင် တန် ငါးသောင်းကို တန်ဖိုးသင့်ပါက ကျပ်သန်း ပေါင်း တစ်သိန်းခြောက်သောင်းငါးထောင်ဖိုး ထွက်နေပါကြောင်း နှင့်အမေရိကန်ဒေါ်လာ (၈.၂)သန်းဖိုးခန့် နှစ်စဉ် ထွက်နေပါသည်။

နှစ်ပေါင်း(၃၀)မှာ ဘာကြောင့်အထွက် နည်းသလဲ။ ကျွန်တော်တို့ မေးခွန်းထုတ်သင့်သည်။ ဘာကြောင့် သည်နေ့အထိ နှစ်ပေါင်း (၃၀)နီးပါး နောက်ကျနေသနည်း။

“ ကျွန်တော်တို့ခြံကထွက်ရှိတဲ့ ဆီသီးခိုင်တွေကို တောင်ဒဂုံစက်ရုံမှာ သွားရောက်ရောင်းချနေ ရတယ်။ ဆီအုန်းစိုက်ပျိုးမှုက ယခုလက်ရှိမှာ တွက်ခြေကိုက်သော်လည်း ထွက်ရှိလာတဲ့ ဆီသီးခိုင်တွေ သွားရောက်ရောင်းချရတာဝေးတော့ စရိတ်ကုန်ကျမှုနဲ့ အလေအလွင့်တွေရှိပါတယ်။ မြိတ်ခရိုင်အတွင်း မှာသာ ဆီကြမ်းနဲ့ဆီချောစက်ရုံတွေသာရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ခြံရှင်တွေအတွက် ပိုပြီး အဆင် ပြေလာနိုင်သလို စိုက်ပျိုးသူတွေအနေနဲ့ ဆီသီးခိုင်အ ထွက်ကောင်းဖို့ ကြိုးစားဆောင်ရွက်လာမယ်။ အလေ အလွင့်မရှိ စက်ရုံများကို အချိန်တိုအတွင်းပို့ဆောင်နိုင်ရင် စရိတ်စ ကသက်သာလာပြီး ဝင်ငွေလည်း တိုးပွားလာနိုင်ပါတယ်”ဟု မြိတ်မြို့နယ်အတွင်း ဆီအုန်း စိုက်ပျိုးလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

            ဒေသခံတောင်သူများနှင့် ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်ပါက ဆီအုန်းစတင်စိုက်ပျိုးသည့် အချိန်ကနေ (၅)နှစ်လောက်ကြာလာသည့်အခါတွင် စီး ပွားဖြစ်ဆွတ်ခူးနိုင်မှာဖြစ်ပြီး နောက်ထပ် (၃)နှစ် ကာလအကြာတွင် အရင်းကျေကာလတစ်ခုကို ရောက်ရှိလာသည့်အပြင် နောက်ထပ်နှစ်ပေါင်း (၂၀)ကျော်ကြာသည်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင် မည်ဖြစ်၍ ဝင်ငွေများလည်း ပိုမိုရရှိသွားမည့်လုပ်ငန်းတစ်ခု၊ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ဆီကြမ်းစက်ရုံများတည်ရှိမှုမှာ ထားဝယ်ခရိုင်တွင် (၁)ခု၊ မြိတ်ခရိုင်တွင် (၁)ခု၊ ဘုတ်ပြင်းခရိုင်တွင် (၂)ခုနှင့် ကော့သောင်းခရိုင်တွင် (၂)ခု စုစုပေါင်း ဆီကြမ်းစက်ရုံ (၆)ခုရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးအောင် မြင်ဖြစ်ထွန်းမှုတွင် တနင်္သာရီတိုင်းဒေသကြီး တစ်ခု တည်းသာရှိသောကြောင့် မြိတ်ခရိုင်၌ ဆီကြမ်းစက်ရုံ နှင့် ဆီချောစက်ရုံ၊ ကော့သောင်းခရိုင်၌ ဆီချော စက် ရုံများဖြစ်ပေါ်လာရန် ကုမ္ပဏီများနှင့် ဒေသခံဆီအုန်း စိုက်ပျိုးသူခြံရှင်များကမျှော်လင့်နေကြ ကြောင်းသိရသည်။ နိုင်ငံတော်အစိုးရက တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း(၈၀ဝ) စားအုန်းဆီ တင်သွင်းနိုင်နေသော်လည်း အထက်ပါလိုအပ်ချက်စက်ရုံများကို ဘာကြောင့် မတည်နိုင်သလဲ သိချင်ကြမည်ဟုထင်မြင်မိပါသည်။

လွှစက်သံတညံညံ (Voice of Chain Saw)  လေညှာ သစ်တောကြိုးဝိုင်းထဲကအသံ

               (၂၀ဝ၅)ခုနှစ် ဇူလိုင်လ စာရေးသူ ဘုတ်ပြင်းမြို့နယ် လေညှာသစ်တောကြိုးဝိုင်းရဲ့ပြည် ထောင်စုလမ်းမကြီးနဲ့ဟန်ကပြုလမ်းဆုံမှ သတ်မှတ် တိုင်းတာရမည့်နေရာသို့အသွား လမ်းတွင်းသို့ သုံးမိုင် ခန့်ဝင်လိုက်သည်နှင့် ဂျာမန် STIEL Change Sawသံတွေညံနေတဲ့တောကြီးထဲစဝင်မိပါတော့ သည်။ မိမိတို့တွင် ဟန်းဖုန်းမရှိ၊ ကင်မရာလည်းမပါ။ သည် တောထဲဝင်ရဖို့ရာ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းက သတ်မှတ်ရက်ပေးလို့သာ လာရပါသည်။ လုပ်ငန်းကတော့ နောက်ဆုံးပေါ် G.P.S ကွင်းဆင်းတိုင်း တာရေး အဖွဲ့ကိုဦး ဆောင်ခေါ်လာသည့် တာဝန်ပါ တည်း။ နံနက်အစောကြီးထည်းကထ မှုန်ရီဝိုးတဝါးမှာ ဆိုင်ကယ်သုံးစီးနဲ့ လူခြောက်ယောက်သက်ဆိုင်သည့် ဝန်စည်စလယ် ကရိယာတွေ ကလည်းပါနဲ့ တောတိုးခဲ့ကြပါတော့သည်။

       ရှေ့ပြေးအဖွဲ့ကမိတ်ဆက်ထားလို့သာ သွားရသည်။ သည်တောသည်တောင်များကို တောကျွမ်း သည်ဟုထင်ရသော ဘုတ်ပြင်းသစ်တောရုံးကတောအုပ်ကြီးကလည်း မနက်တိုင်း လက်ဖက်ရည်ဆိုင်နဲ့ ညနေပိုင်းဒေါင်ဆိုင်မှာသာဆုံရပြီး သူ့အပြောအရဆိုရင် သည်တောထဲ ကျွန်တော်နက်နက်မဝင်မသွား ဖူးဘူး၊ ဆရာတို့တဲ...တစ်နည်း ကျွန်တော် တောမကျွမ်းပါဘူးဟု ထားဝယ်သံနဲ့ပြောဖူးပါသည်။ သူ့ခေါ် မရပါ။

  လေညှာသစ်တောကြိုးဝိုင်းကြီးသို့ ဝင်ပေါက် ဟန်ကပြုခွင်သည် အရှေ့ဘက်သို့တောင်  နှစ်လုံး ကျော်ရင် ထိုင်းနယ်စပ်သို့ရောက်ပြီး ကြားတွင် နင်းမိုင်းများကို လုံခြုံရေးအရချခင်းထားသည်မှာ ကြာခဲ့ ပြီ။ တောလမ်းအရလည်း ဘယ်တော့မှ ရာသီမရွေး လမ်းမဖြစ်စေရ။ နွေလမ်းသက်သက် (၃၇)မိုင်ခန့်သာ ရှည်လျား၏။

နောက်ပိုင်း သိရတာကတော့ ထိုတာဝန်ရှိသူတို့သည် အဖွဲ့စုံစုံ၊ မစုံစုံ အလှူခံရမည့်နေရာ  ဗျိုင်း စောင့်သည့် ကတွက်ပေါက်များကိုသိသည်။ ထိုနေရာများကသာ အမောလုံလုံနှင့်စောင့်တော့၏။ ဘယ် တော၊ ဘယ်နား မိုင်းကွင်းများဟု သိနေလို့ကြောက်ကြသတဲ့။ အထူးသဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်ကမသိဘဲ မည်သည့်ဝန်ထမ်းမှ တောဝင်ခွင့်မရပါ။ ဥပဒေက မည်သို့ပင်ဆိုစေကာမူ မိမိတို့ဌာနသဘောနဲ့ဝင်သွားပြီး တစ်စုံတစ်ခုဖြစ်ပါက၊ ဖောင်ကြီးသင်တန်းသားဘဝက စကားတစ်လုံးကို သူတို့ မြေဝယ်မကျနားထောင်လေ့ရှိသတဲ့။ အဲဒီစကားလုံးကတော့ “ ဘာမှမဖြစ်ရင်..ဘာမှမဖြစ်ဘူး” လေ ဆရာတဲ့။

နာရီဝက်ခန့်လမ်းလျှောက်ရင်ပဲ ဘေးဘီ နားကချုံတောသာသာလေးများနဲ့ အထဲနည်းနည်း ရောက်တော့ မျက်စိတစ်ဆုံး ဆီအုန်းတောကြီးများ တွေ့ရမည်။ ဆီအုန်းတောထဲကနေ မည်းမည်း မှောင်မှောင်နဲ့ မနည်း G.P.S တိုင်းရမည်ထင်ထားသည်မှာ အထင်နဲ့အမြင် တက်တက်စင်လွဲပါတော့ သည်။ လမ်းပြခဏငှားထားသည့် မုဆိုးစစ်ပြန်ကြီး ဦးဝင်းကလည်း ဆရာ အပေါ်သိပ်မမော့နဲ့ အောက် ရွှံ့သာသတိထား စွပ်ဖားတွေ ဆွဲထားလို့ ဂျပန်မပါးလို ပြောင်ချောနေသောရွှံ့နီပြင်ကိုသာကြည့်စေသည်။ လမ်းမကြီးကဝင်ဝင်ချင်း ဘယ်သူ့လက်ကကျခဲ့သည့် အစေ့ကပေါက်နေလဲ သို့မဟုတ် ကားပေါ်က ကျ ကျန်ခဲ့ သလားမသိရသည့် ဆီသီးခိုင်မရှိသည့် ဆီအုန်းတစ် ပင်သာတွေ့ရပါသည်။ တောတွင်းအသေး စိတ်များကို နောက်အပိုင်းများတွင်ရုပ်ရှင်ကြည့်ရသလို ရူပက အလင်္ကာမြောက်တင်ပြပါမည်။ စစချင်း Chain Saw စက်လွှသံများသည် သည်နေရာကနေ တစ်မိုင်ပတ် လည်တွင်းကြားနေရသကိုး။ တစ်ဖွဲ့တွင် လူ (၂၀)ခန့် ပါသည်။ မဟာတောဖျောက်၊ တောင်ပျောက်အဖွဲ့နှင့် တိုးပါတော့သည်။ တွေ့တွေ့ချင်း လုံခြုံရေး အမြင်ရှိသည်။ လမ်းပြကြီးကိုနှုတ်ဆက် လမ်းပြကြီးကလည်း ပြန်နှုတ်ဆက်နဲ့ ကျွန်တော်တို့ အသွေအမွေးတွေကလည်း Fokker 28 Je အပေါ်က တိုက်ရိုက်ဆင်းလာသည့်  စတုတ္တမဏ္ဍိုင် ရုပ်ပေါက်နေသကိုး။ လက်ထဲက G.P.S ကိုဟန်းဖုန်းထင်ကြ၏။

သူတို့တွင်ထူးခြားသည်က ထိုစဉ်က မြန် မာနိုင်ငံအရပ်ရပ်က သစ်တောရုက္ခစိုးမင်းတို့လက်မခံသည့် (၆) ပေခန့်ရှိသည့်  ဂျာမန် STIEL Change Saw ကြီးတွေကို မမြင်မတော် ဆိတ်တော်နဲ့ခလောက် လို ကျွန်တော်တို့ ပြူးတူးပြဲတဲကြည့်မိနေခြင်းပါပေ။သာမန် (၂) ပေထက်မရှည်သည့်စက်လွှများကို မိမိတို့ မြို့နယ်စည်ပင်ကကိုင်သည်ကို မိုးကြိုးပစ်လို့ လဲသွားသည့်သစ်ပင်များ ရှင်းစဉ်ကသာတွေ့ဖူးပါ သည်။ ရုတ်တရက် ကျွန်တော့်အဖွဲ့သား ကိုထွန်းသန်းက ဆရာသည်နေရာကနေ စတင်မှတ်ဖို့ Real-time kinematic positioning (RTK)  စလုပ်တော့ မည်ဆရာတဲ့။ သူတို့ခုတ်နေတာ ကျွန်တော်တို့စမှတ် ဖို့အတိအကျပဲတဲ့၊ ကျွန်တော်တို့ပစ္စည်းကိရိယာ များကို သူတို့က ကင်မရာမဟုတ်မှန်း သိချိန်ကစပြီး လှည့်မကြည့်ပါ၊ သို့သော် ကင်မရာထက်ပိုဆိုးပြီး တစ်သက်တာ‌ဒေတာဘေ့စ်ထဲရောက်မည်ကိုတော့ သိမည်မထင်ပါ။

ဆရာ သည်နေရာက သစ်ပင်ထူလွန်းတော့ ရှေ့ကိုက်ငါးရာလောက်က ကွက်လပ်သစ်ကွင်းကြီး ထဲကနေ စတိုင်းရင်ရမယ်ဆရာလို့ပြောတော့မှ သူလက်ညိုးညွှန်ရာကြည့်တော့မှ လားလား အလယ် ရိုးမ ကျောက်တံခါးခွင်ထဲမှာမြင်ခဲ့ရသော Loader  (သစ်လုံးညှပ်မစက်ကြီးတွေ) သုံးစီးကို သတိထားမိ လိုက်ပြီး၊ ကျွန်တော်မမြင်မိခြင်းမှာလည်း ထိုမြင် ကွင်းကိုမြင်ဖို့ သူက လူခြောက်ဖက်စာ(ခန့်မှန်း)ရှိ သည့် သစ်ပင်ငုတ်ကြီးပေါ်ကနေ တက်ပြီးမြင်ရသည်ကို ပြောတာပါ။ သစ်ပင်ငုတ်ကြီးကတော့ မွှေးကြိုင်နေ သည့် ကညင်ပင်ငုတ်ကြီးဖြစ်ပြီး အစေးများထွက်နေဆဲပါ။ ခဏနေတော့ ထိုမြေကွပ်လပ်ကြီးပေါ်က အကြီးဆုံးဟုထင်ရသည့်လူခြောက်ဖက်စာကညင်တုံးကြီးဘေးရောက်ပါတော့သည်။ ထိုကညင်ပင်ကြီး သည် စာရေးသူ လမ်းတွင်  Mother of Forest  ဟုရေးထား ပြီး သစ်တောက တစ်ချိန်မှာ သည်လို သစ်ပင်ကြီးများ တောကြီးထဲ အစီအရီ ပြွတ်သိပ်ကျပ်ပေါက်သည့် ကညင်ဖြူမျိုးတည်း၊ စာရေးသူ မျက်မြင် အရဆိုရင် ကျွန်တော်တို့အဖွဲ့ထဲမှာ အရပ်အရှည်ဆုံး (၆)ပေခန့်ရှိ သည့် လမ်းပြကြီးဦးဝင်းကို တုံးလုံးလှဲထားသည့် ကညင်ဖြူပင်ကြီးရဲ့ လုံးပတ်ကကွယ်နေသဖြင့် မမြင်နိုင်ခြင်းပါ။ မျက်မြင်ဖြင့် ကန်လန့် ဖြတ်လုံးပတ်အမြင့် ခုနစ်ပေနီးပါးရှိနေပါသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ ယခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း (၆၆ဝ)ကျော်သာရှိနေ

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved