အမေရိကန်နိုင်ငံသားတစ်ဦးက အလေးချိန်(၈ ဒသမ ၃၃)ပေါင်ရှိသော ကမ္ဘာ့အကြီးဆုံးခရမ်းသီးကို စိုက်ပျိုးခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်
Pika (NSS) - ဩဂုတ် ၈
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှ အရွယ်အစားကြီးမားသော ဟင်းသီး ဟင်းရွက်စိုက်ပျိုးခြင်းကို ဝါသနာပါသူအမျိုးသားတစ်ဦးသည် (၈ ဒသမ ၃၃) ပေါင်ရှိသော ခရမ်းသီးကို စိုက်ပျိုးကာ ရိတ်သိမ်းနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
အိုင်အိုဝါပြည်နယ် ဒေးဗစ်ကောင်တီတွင်နေထိုင်သော ဒေ့ဗ်ဘန်းနက် စိုက်ပျိုးထားသော ခရမ်းသီးကို Iowa Department of Agriculture and Land Stewardship's Iowa Weights and Measures ဗျူရိုမှ စစ်ဆေးရေးအရာရှိ အိုင်ဗန်ဟန်ကင်းက စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဒေ့ဗ်ဘန်းနက် စိုက်ပျိုးထားသော (၈ ဒသမ ၃၃)ပေါင် အလေးချိန်ရှိသည့် ခရမ်းသီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးခရမ်းသီးဖြစ်ကြောင်း အိုင်ဗန်ဟန်ကင်းက အတည်ပြုခဲ့သည်။
ဒေ့ဗ်ဘန်းနက်က 'ကျွန်တော် ခရမ်းသီးတွေကို စိုက်ပျိုးလာတာ (၅)နှစ်နီးပါးလောက်ရှိပါပြီ။ လွန်ခဲ့တဲ့(၂)နှစ်တုန်းက အလေးချိန်(၅ ဒသမ ၆)ပေါင်ရှိတဲ့ ခရမ်းသီးနဲ့အတူ နိုင်ငံတော်အဆင့် စံချိန်တင်နိုင်ခဲ့ပါတယ်။ ထို့ပြင် ၎င်း၏အလေးချိန်(၈ ဒသမ ၃၃)ပေါင်ရှိသော ခရမ်းသီးကို ဂင်းနစ်စံချိန်မှတ်တမ်းတင်ရန်အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့နှင့် အဆက် အသွယ်များရှိခဲ့ကြောင်း ဒေ့ဗ်ဘန်းနက်က ပြောကြားခဲ့သည်။ အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ ၂၀၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှာ စိုက်ပျိုးခဲ့သော အလေးချိန်(၇ ဒသမ ၂၁)ပေါင်ရှိသည့် ခရမ်းသီးဖြစ်ကြောင်းလည်းသိရသည်။ ဒေ့ဗ်ဘန်းနက်က 'နောက်ဆုံးမှာတော့ ကမ္ဘာ့အကြီးဆုံးခရမ်းသီးကို စိုက်ပျိုးပြီး ရိတ်သိမ်းနိုင်ခဲ့တဲ့အတွက် တကယ်ကိုပျော်ရွှင်မိပါတယ်'ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဓိကရုဏ်းတွေဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ၎င်းရဲ့သံတမန်မစ်ရှင်ဝန်ထမ်းတွေကို အိန္ဒိယအစိုးရ ကယ်ထုတ်
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ