Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး၏ နောက်ထပ်စစ်ပွဲ (သို့မဟုတ် )အရှေ့အလယ်ပိုင်းဒေသအတွက် အိပ်မက်ဆိုး အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခ (ဘာသာပြန်ဆောင်းပါး)

 ALynn (NSS) - ဩဂုတ် ၈

ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်တွေနဲ့စစ်ပွဲ ကိုးလကျော်ကြာကာလကို ရောက်ရှိလာတာနဲ့အမျှ အစ္စရေးအနေနဲ့ ၎င်း ရဲ့မြောက်ပိုင်းနယ်စပ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာနဲ့ ပိုမိုကြီးမားတဲ့နောက်ထပ်စစ်ပွဲ တစ်ခု ဆီကို ပိုလို့နီးကပ်လာခဲ့ပါတယ်။ ဇွန်လမှာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က လက်ဘနွန်တောင်ပိုင်းကို အပြည့် အဝတိုက်ခိုက်မယ့်အစီအစဉ်ကို အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။ အစ္စရေးနဲ့ဟစ်ဇ်ဘိုလာတို့ကြား ဖြစ်ပေါ်လာမယ့်စစ်ပွဲဟာ လက်ရှိ ဂါဇာကမ်းမြောင် ဒေသအတွက် ကြီးမားတဲ့အကျိုးဆက်တွေရှိလာမှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက ကြီးမားတဲ့လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စ ရေးရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေက ဒေ သတစ်ခုလုံး မတည်ငြိမ်မှုတွေဖြစ်စေနိုင်ပြီး အမေရိ ကန်အနေနဲ့  ၎င်း ရဲ့သမ္မတရွေးကောက်ပွဲကာလ အ ရေးပါတဲ့အဆင့်ကိုရောက်ရှိလာတာကြောင့် နိုင်ငံရေး လှုပ်ခတ်မှုတွေဖြစ်လာနိုင်ပါတယ်။ ထိုသို့သောစစ်ပွဲ ကို လျင်လျင်မြန်မြန်အဆုံးသတ်ဖို့ ဒါမှမဟုတ် ပြတ် ပြတ်သားသား အောင်ပွဲဆီကို လမ်းကြောင်းတစ်ခုရှာ ဖွေဖို့နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးပါဘူး။

 အရင်နဲ့မတူအင်အားကြီးထွားလာတဲ့ ဟစ်ဇ်ဘိုလာ

ယင်းစစ်ပွဲက အစ္စရေးကိုယ်တိုင်အတွက်လည်း ရိုက်ခတ်မှုတွေပြင်းထန်နိုင်ပါတယ်။ ဂါဇာ၊ လက်ဘ နွန်၊ အီရန်နဲ့ ယီမင်တို့မှ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာ အစ္စရေးလေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အလွန်အမင်းအောင်မြင်ခဲ့ပေမယ့် ဟစ်ဇ် ဘိုလာနဲ့အလုံးစုံစစ်ပွဲက ကွဲပြားတဲ့ဂိမ်းတစ်ခုကို ဖြစ် လာစေမှာဖြစ်ပါတယ်။ အစ္စရေးထောက်လှမ်းရေးရဲ့ ခန့်မှန်းချက်များအရ ဟစ်ဇ်ဘိုလာရဲ့လက်နက်သို လှောင်မှုဟာ ဟားမတ်စ်တို့ထက် ခုနစ်ဆကျော်ကြီး မားပြီး သေစေနိုင်တဲ့လက်နက်တွေပါဝင်နေပါတယ်။ ရာ နဲ့ချီတဲ့တိုက်ခိုက်ရေးဒရုန်းတွေနဲ့အတူ ဒုံးပျံနဲ့ဒုံးကျည် ပေါင်း (၁၃၀ယဝဝဝ)မှ (၁၅၀ယဝဝဝ)ခန့်ပါဝင်ပြီး အစ္စ ရေးရဲ့တဲလ်အဗစ်မြို့နဲ့ တောင်ဘက်ရှိပစ်မှတ်တွေ ကိုရောက်ရှိနိုင်တဲ့ ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်တွေ လည်းပိုင်ဆိုင်ထားပါတယ်။

(၂၀ဝ၆)ခုနှစ် နွေရာသီမှာ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးရဲ့ နောက်ဆုံးထိတွေ့စစ်ပွဲမှာ အဖွဲ့ရဲ့ တိုက် ခိုက်ရေးသမား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သော် လည်း စစ်အင်အားကို သိသိသာသာ မလျှော့ချနိုင်ခဲ့ ပါဘူး။ ဟစ်ဇ်ဘိုလာအနေနဲ့ အရင်ကထက် စွမ်း ဆောင်ရည်များစွာသာလွန်လာတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်လာကြောင်း လေ့လာတွေ့ရှိရပါတယ်။ အစ္စ ရေးနယ်ခြားစောင့်တပ်ရဲ့ခန့်မှန်းချက်အရ စစ်ပွဲသာ ဖြစ်လာခဲ့ပါက ဟစ်ဇ်ဘိုလာတို့က နေ့စဉ် ဒုံးကျည် (၃,ဝဝဝ)လောက်ပစ်လွှတ်နိုင်ပြီး အစ္စရေးရဲ့ ဒုံး ကျည်ကာကွယ်ရေးစနစ်ကို ခြိမ်းခြောက်လာနိုင်မှာ ဖြစ်ပါတယ်။ အစ္စရေးဟာ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ စစ်အခြေစိုက်စခန်းတွေကို ခုခံကာကွယ်ဖို့၊ အရပ်သားတွေကို ဗုံးအမိုးအကာ များတွင်သာ နေထိုင်ဖို့ပြောပြီး အကောင်းဆုံးကို မျှော် လင့်ထားရမှာဖြစ်ပါတယ်။ အစ္စရေးခေါင်းဆောင်တွေ အတွက်တော့ အရင်က ကြုံဖူးသမျှထက် ပိုပြီးကြီးမား တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နှစ်ဖက်စလုံးက အကန့် အသတ်နဲ့သာလုပ်ဆောင်ဖို့အတွက် အကြောင်းပြ ချက်တွေ ရှိနေပါသေးတယ်။ အစ္စရေး၊ ဟစ်ဇ်ဘိုလာ၊ အီရန်၊ လက်ဘနွန်အစိုးရနဲ့ အမေရိကန်တို့ ပါဝင်နေ တဲ့ လက်ရှိပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးဟာ ဒေသတွင်းစစ်ပွဲကိုရှောင်ရှားဖို့ ခိုင်လုံတဲ့အကြောင်း ပြချက်တွေ ရှိနေပုံရပါတယ်။ ဘိုင်ဒန်အစိုးရက နယ် စပ်တစ်ဝိုက်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ ရေးအပါအဝင် အစ္စရေးနဲ့ဟစ်ဇ်ဘိုလာအကြား သ ဘောတူညီချက်တစ်ခုရရှိဖို့ အကောင်အထည်ဖော် နိုင်ရင်တောင် အစ္စရေးခေါင်းဆောင်တွေအနေနဲ့ ဟစ်ဇ်ဘိုလာတွေကို တုံ့ပြန်ဖို့လိုလားတဲ့ ပြည်တွင်းက တချို့အင်အားစုတွေကို ပြန်လည် ဖြေရှင်းတုံ့ပြန်ဖို့ ခက်နေပါသေးတယ်။ အကယ်၍ အစ္စရေးက စစ်ပွဲကို ကန့်သတ်ရန် ဒါမှမဟုတ် ပြတ်ပြတ်သားသားဆုံး ဖြတ်သွားမယ့် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုအတွက် ဗျူဟာအတိအကျမရှိခဲ့ရင် ရလဒ်တွေက ဆိုးရွားသွား နိုင်ပါတယ်။

အစ္စရေး-ဟားမတ်စ်အကြားအပစ်အခတ်ရပ်စဲရေးရဲ့အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခအပေါ်သက်ရောက်နိုင်မှု

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ၎င်း ၏ရွေးချယ်မှုများ အကြား ဝေခွဲမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း အစ္စရေးကိုဟန့်တားဖို့ သူတို့ရဲ့စွမ်းရည်ကို ထုတ်ဖော် ပြသဖို့ဖြစ်ပါတယ်။ ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအပြီး လများအတွင်း ၎င်းရဲ့ ဒေသတွင်းလွှမ်းမိုးနိုင်စွမ်းတချို့ ဆုံးရှုံးခဲ့ပါတယ်။ ထိုးစစ်ပြီး နောက်မကြာမီမှာ ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒုံးကျည် များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်တို့ကို ထောက်ခံကြောင်းပြသခဲ့ပါတယ်။ သို့သော် အစ္စရေး က ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးရှိ ဟစ်ဇ်ဘိုလာ ရဲ့အမာခံနယ်မြေအပါအဝင် လက်ဘနွန်တစ်လျှောက် ဟစ်ဇ်ဘိုလာခြေမှုန်းရေးလှုပ်ရှားမှုတွေနဲ့ တုံ့ပြန် ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီလို လက်ဘနွန်ရဲ့ မတည် ငြိမ်တဲ့အခြေအနေတွေကြောင့် ဟစ်ဇ်ဘိုလာဟာ အစ္စရေးနဲ့ အလုံးစုံစစ်ပွဲဖြစ်ပွားဖို့အတွက် ရှောင်ရှား နေလိုပါတယ်။

အစ္စရေးနဲ့ဟားမတ်စ်တို့ကြား ထာဝရအပစ် အခတ်ရပ်စဲရေးဟာ လက်ဘနွန်စစ်ပွဲကို တားဆီး နိုင်ဖွယ်ရှိနေပါတယ်။ တကယ်လို့ အစ္စရေးက ဂါဇာရှိ ဟားမတ်စ်နဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ကိုကြိုးပမ်းလာပါက ဟစ်ဇ်ဘိုလာက တိုက်ခိုက် မှုတွေကိုရပ်တန့်သွားမှာဖြစ်ကြောင်း ကတိပြုထား ပါတယ်။ ရှည်လျားတဲ့စစ်ပွဲနဲ့ အနောက်ဘက်ကမ်းမှာ တင်းမာမှုတွေတိုးလာနေတာကြောင့် အစ္စရေးက ၎င်း ရဲ့မြောက်ပိုင်းနယ်စပ်ရှိတင်းမာမှုတွေကို သံတမန် နည်းလမ်းနဲ့ဖြေရှင်းဖို့လိုလားဖွယ်ရှိနေပါတယ်။ အမေ ရိကန် အထူးသံတမန် Amos Hochstein က ဟစ်ဇ် ဘိုလာနဲ့ အစ္စရေးတို့ကြား ပဋိပက္ခကိုအဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နိုင်ရေး အောက်တို ဘာလကတည်းက လက်ဘနွန်ကို အကြိမ်ပေါင်းများ စွာ သွားရောက်ခဲ့ပါတယ်။ ၎င်းရဲ့အစီအစဉ်က ဒေသ တွင်းအကျပ်အတည်းကို ချိုးဖျက်ဖို့အတွက် ဟား မတ်စ်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကိုလက်ခံဖို့ ဟစ်ဇ်ဘိုလာက ဖိအားပေးရန်တောင်းဆိုဖို့ဖြစ်ပါ တယ်။ ဟစ်ဇ်ဘိုလာကHochstein  ရဲ့တောင်းဆို ချက်ကို လိုက်လျောခြင်းမရှိကြောင်း လူသိရှင်ကြား ငြင်းဆိုထားပေမယ့်လည်း အစ္စရေးနဲ့ မကြာသေးမီက ညှိနှိုင်းမှုမှာ ဟားမတ်စ်ရဲ့ပျော့ပျောင်းလာမှုကHochstein  ရဲ့အဆိုပြုချက်မှာ သက်ရောက်မှုတချို့ ရှိလာကြောင်း ညွှန်ပြနေပါတယ်။

ဒါပေမဲ့ အစ္စရေး-လက်ဘနွန်နယ်စပ်မှာ တင်း မာမှုတွေထပ်မတိုးလာခင် ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ် လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဟစ်ဇ်ဘို လာအနေနဲ့ ဟားမတ်စ်တွေမလုပ်ဆောင်မီ အပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက်ကိုရယူနိုင်ပြီး လက် ဘနွန်အတွင်း ပုံမှန်အနေအထားကို ပြန်လည်တည် ဆောက်ကာ အစ္စရေးရဲ့ကျူးကျော်မှုကို ရှောင်ရှားနိုင် မှာဖြစ်ပါတယ်။ ဒါက လွယ်ကူတဲ့ ရွေးချယ်မှုတော့မ ဟုတ်ပါဘူး။ ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းတို့ရဲ့ကံကြမ္မာကို လျစ်လျူရှုတဲ့ အစ္စရေးနဲ့သဘောတူညီချက်ဟာ အစ္စရေး-လက်ဘနွန် နယ်စပ်ရှိ တိုက်ခိုက်မှုတွေကို ယာယီရပ်တန့်နိုင်သော် လည်း တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ပြန်လည် မပေါ်ပေါက်စေဖို့ တားဆီးနိုင်မှာမဟုတ်ပါ။ ဒါ့ပြင် လက်ဘနွန်နဲ့ ပိုမိုကျယ်ပြန့်တဲ့ဒေသအတွင်းမှာ ဟစ်ဇ် ဘိုလာရဲ့အနေအထားဟာ အီရန်ရဲ့ ကျောထောက် နောက်ခံပြု ဦးဆောင်အခန်းကဏ္ဍမှာ ရပ်တည်နေပါ တယ်။ ဒါကြောင့် ၎င်းအနေနဲ့ အစ္စရေးနဲ့ သဘောတူ ညီချက်ရယူသွားမယ်ဆိုပါက ပါလက်စတိုင်းနဲ့ တခြား အရှေ့အလယ်ပိုင်းမဟာမိတ်များ၊ အထူးသဖြင့် ဟစ်ဇ်ဘိုလာရဲ့မိတ်ဖက်ဖြစ်တဲ့ ဟူသီတို့နဲ့မဟာမိတ် ဆက်ဆံရေးကို ချိုးဖျက်သလိုဖြစ်သွားနိုင်သကဲ့သို့ ယုံကြည်မှုတွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။

ချိန်ခွင်လျှာညှိကြည့်ခြင်း

လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကြာကတည်းက ဟစ်ဇ်ဘိုလာနဲ့အစ္စရေးတို့ဟာ စစ်ပွဲကို အတိုင်းအ တာအပြည့် တားဆီးနိုင်တဲ့ ရှုပ်ထွေးတဲ့ စေ့စပ်ညှိ နှိုင်းရေးစည်းမျဉ်းတွေကို တည်ဆောက်ခဲ့ကြဖူးပါ တယ်။ (၁၉၉၆) မှ (၂၀ဝဝ) ပြည့်နှစ်အတွင်း အစ္စရေး နဲ့ စစ်သွေးကြွအုပ်စုကြား ဧပြီသဘောတူညီချက် တစ်ခုကိုတည်ဆောက်ခဲ့ပြီး လက်ဘနွန်အရပ်သား တွေအပေါ် အကာအကွယ်တချို့ပေးခဲ့ပါတယ်။ ဒါပေ မဲ့ အစ္စရေးမှာရှိတဲ့ လက်ဘနွန်အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် ဟစ်ဇ်ဘိုလာက အစ္စရေးစစ်သား တွေကို ပြန်ပေးဆွဲပြီးနောက် (၂၀ဝ၆)ခုနှစ်မှာ အဲဒီ စေ့စပ်ညှိနှိုင်းရေးစည်းမျဉ်းတွေကို ယာယီဖျက်သိမ်း ခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်ဖက်ကြား ဖြစ်ပွားတဲ့စစ် ပွဲကြောင့် လက်ဘနွန်လူမျိုး အနည်းဆုံး (၁၁၀ဝ) နဲ့ အစ္စရေး (၁၆၅) ဦး သေဆုံးခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာဟာ (၂၀၂၃) နှစ်လယ်ထိတိုင် အောင် သူတို့ရဲ့ကာကွယ်ရေးနဲ့တိုက်ခိုက်ရေး စွမ်း ရည်တွေကို ပြန်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ပါတယ်။ ဒုံးကျည်ပေါင်း (၁၀ဝယဝဝဝ) ကျော်ကိုစုဆောင်းထားနိုင်ခဲ့ပြီး ဆီးရီးယား ပြည်တွင်း စစ်မှာ ဆယ်စုနှစ်တစ်ခုကြာ တိုက်ခိုက်နေတဲ့ အတွေ့ အကြုံတွေကြောင့် (ထိုအဖွဲ့သည် ဘာရှာ အယ်လ် အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြုသည့် ကာလအတွင်း) ၎င်း၏အထူးတပ်ဖွဲ့များကို အား ကောင်းစေခဲ့ပါတယ်။ အဆိုပါအဖွဲ့ဟာ လေကြောင်း နဲ့ ရေတပ်စွမ်းရည်အသစ်များအပေါ်အခြေပြုပြီး အီရတ်၊ ပါလက်စတိုင်း၊ဆီးရီးယား၊ ယီမင်အဖွဲ့တွေနဲ့ ဒေသတွင်းမဟာမိတ်တွေထူထောင်ထားပြီး ၎င်းတို့ အနက်မှတိုက်ခိုက်ခံရပါက ပေါင်းစည်းတုံ့ပြန်မှုများပြုလုပ်ရန် ညှိနှိုင်းထားပါတယ်။

ထိုကဲ့သို့ ဒေသတွင်း မဟာမိတ်တည်ဆောက်လာ ခြင်းနဲ့အတူ ဟစ်ဇ်ဘိုလာရဲ့ ထက်မြက်ပြီး စွမ်းရည် ပြည့်ဝတဲ့ခေါင်းဆောင် Hassan Nasrallah   ကြောင့် ဟစ်ဇ်ဘိုလာဟာ အီရန်ကွန်ရက်ရဲ့ မျက်နှာ စာတစ်ခုအဖြစ် ဩဇာကြီးထွားလာခဲ့ပါတယ်။ ဟစ်ဇ် ဘိုလာသည် ရှီယိုက်ပြည်သူ့စစ်များကို လက်နက်များ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့များကို ပံ့ပိုးပေးခြင်းဖြင့် ဆီးရီးယားတွင်သာမက အီရတ်တွင်ပါ စစ်ရေးအရ ဝင်ရောက်စွက်ဖက်လာနိုင်ခဲ့ပါတယ်။ ဒါ့ပြင် အာရပ် စော်ဘွားများပြည်ထောင်စုရှိ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ၎င်းသည် ယီမင်ရှိ ဟူသီတပ်ဖွဲ့များ၏ လေ့ကျင့်ရေး ဘတ်ဂျက်အချို့ကိုလည်း ကြီးကြပ်ပေး လျက်ရှိနေပါတယ်။ ဒီလိုဝင်ရောက်စွက်ဖက်မှုတွေဟာ အခြား အာရပ်အစိုးရများနဲ့ လက်ဘနွန်အကြား သမိုင်းကြောင်းအရ ရင်းနှီးသောဆက်ဆံရေးကို တင်း မာလာစေသည့် အကျိုး သက်ရောက်မှုများကိုဖြစ်လာ စေပါတယ်။ (၂၀၁၉) ခုနှစ်ကတည်းက ဟစ်ဇ်ဘိုလာ ခေါင်းဆောင်Nasrallah သည် ဆီးရီးယားစစ်ဆင်ရေး အတွင်း ဟစ်ဇ်ဘိုလာတွေကို သတ်ဖြတ်ခြင်းကိုရပ် တန့်ရန် အစ္စရေးကို အတင်းအကြပ် ခြိမ်းခြောက်ခဲ့ပါ တယ်။ ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရန်အောက်၌ ရပ် တည်နေသော်လည်း အဲဒီအချိန်က အစ္စရေးသည် ဆီးရီးယားရှိ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကို တိုက်ခိုက် ခြင်းမပြုဘဲ အီရန်စစ်သားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြင့် ဒေသတွင်း ဩဇာကြီးထွားလာ သော ဟစ်ဇ်ဘိုလာ၏ အင်အားကို မသိကျိုးကျွံပြုခဲ့ ပါတယ်။ ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် တိုက် ခိုက်မှုမတိုင်မီလများတွင် ဟစ်ဇ်ဘိုလာသည် ၎င်း၏ စွမ်းဆောင်ရည်အထွတ်အထိပ်သို့ရောက်ရှိနေပြီး အစ္စရေး၏ နယ်နိမိတ်များအတွင်း ၎င်း၏စွမ်းရည်ကို လက်စွမ်းပြရန် ကြိုးပမ်းလာပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ မိန့်ခွန်းတွင် Nasrallah က အစ္စရေးကို တိုက်ရိုက်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ "လက်ဘနွန်နယ်မြေတွေအတွင်း လက်ဘနွန်၊ ပါလက်စ တိုင်း၊ ဆီးရီးယား၊ ဒါမှမဟုတ် အီရန် တစ်ဦးကို ပစ် မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်မှုမှန်သမျှကို ပြင်း ထန်စွာတုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ယခင်က ထားရှိ ခဲ့ဖူးသောသဘောတူညီချက်စည်းမျဉ်းများတွင် မည် သည့်ပြောင်းလဲမှုကိုမဆို လက်ခံမည်မဟုတ် ကြောင်း"Nasrallah က ဟားမတ်စ်၏ နိုင်ငံရေးဗျူရို ၏ လက်ထောက်အကြီးအကဲ Saleh al-Arouri  အပါအဝင် လက်ဘနွန်တွင် ပုန်းအောင်းနေသော ဟားမတ်စ်ခေါင်းဆောင်များကိုသတ်ပစ်ရန် နေတန် ယာဟု၏ခြိမ်းခြောက်မှုကို တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဟစ်ဇ်ဘိုလာဟာ လျှော့တွက်လို့မရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစ္စရေးကို ဒေသတွင်းမှာ ပါဝါချိန်ခွင် လျှာ ညှိလာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

ဒါပေမဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ဒေသ အတွင်း အပြန်အလှန်ဟန်ချက်ညီအောင် ထိန်းသိမ်း ဖို့မကြိုးစားဘဲ အလုံးစုံစစ်ပွဲဆီ ဦးတည်သွားပါက မကြုံစဖူး ဆိုးရွားတဲ့အခြေအနေတစ်ခုနဲ့ တွေ့ကြုံရ နိုင်ပါတယ်။ အရပ်သားပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့အခြေခံအဆောက်အအုံတွေပျက်စီးမှုအပါအဝင် ဒေသတွင်းခေတ်သစ်စစ်ပွဲကြီးနဲ့ ကြုံတွေ့ရမှာ ဖြစ် ပါတယ်။ ဂါဇာမှာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲဟာ နာ တာရှည်ပဋိပက္ခတွေရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ကိုဖော်ပြနေပါတယ်။ ဒါကြောင့် အစ္စရေးနဲ့လက်ဘနွန် ကြား ဖြစ်ပေါ်လာနိုင်တဲ့စစ်ပွဲကို ဟန့်တားနိုင်ပါက အရှေ့အလယ်ပိုင်းဒေသအတွက် အိပ်မက်ဆိုးတွေကို ရှောင်ရှားနိုင်ပြီး ကျေနပ်စရာကောင်းတဲ့ ရလဒ်တွေ ဖြစ်ပေါ်လာနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။  

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံသားတစ်ဦးက အလေးချိန်(၈ ဒသမ ၃၃)ပေါင်ရှိသော ကမ္ဘာ့အကြီးဆုံးခရမ်းသီးကို စိုက်ပျိုးခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်

RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved