ရုရှားနိုင်ငံက Doomsday drone’ ကို ထုတ်ဖော်ပြသ
ဂျန်ဇက် (NSS) - ဩဂုတ် ၅
ရုရှားနိုင်ငံဟာ ‘နျူကလီးယား စစ်ပွဲဖြစ်ပွားနေချိန်ကာလအတွင်းမှာပဲ ကင်းထောက်ခြင်းတွေကို လုပ်ဆောင်နိုင်စွမ်းရှိမယ့် Doomsday drone’ကို ထုတ်ဖော်ပြသလိုက်ကြောင်းသိရပါတယ်။
ရုရှား the Center of Comprehensive Unmanned Solutions အဖွဲ့အကြီးအကဲက အဆိုပါဒရုန်းကို ပတ်ဝန်းကျင်ညစ်ညမ်းမှုကနေ လူတွေကိုဘေးကင်းစေဖို့နဲ့ ရေဒီယိုသတ္တိကြွမှုတွေကို စောင့်ကြည့်ရာမှာ အဓိကထားအသုံးပြုနိုင်မယ်လို့ ပြောပါတယ်။ အဲဒီဒရုန်းဟာ အကွာအဝေး (၅၀၀)မီတာကနေ (၂)ကီလိုမီတာအထိ ပဲ့ထိန်းလမ်းညွှန်စနစ်နဲ့ ပျံသန်းနိုင်မှာဖြစ်ပြီး လေထဲမှာအနည်းဆုံးမိနစ် (၂၀)ကြာနေနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။အဲဒီဒရုန်းတွေဟာ နျူကလီးယားတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့တဲ့ ဒေသမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖွယ်ရှိနေကြောင်း၊ နျူကလီးယားတိုက်ခိုက်ခံရတဲ့ မြို့တွေ၊ နဲ့ မြေပြင်အခြေနေတွေကို စုံစမ်းထောက်လှမ်းနိုင်မှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။ အဆိုပါဒရုန်းဟာအသေးစားဒရုန်းအမျိုးအစားဖြစ်ပြီး ကင်းထောက်ရေးအတွက် အဓိကထားအသုံးပြုနိုင်ကြောင်း ရုရှားအာဏာပိုင်တွေကပြောပါတယ်။
၎င်းက "ကမ္ဘာကြီးမှာ နျူကလီးယား လက်နက်အသုံးပြုတာမျိုးကို ဘယ် တော့မှခွင့်မပြုပါဘူး၊ အဲဒါဆိုရင် ကျွန်တော်တို့ဖန်တီးထားတဲ့ Doomsday drone’ လည်းလိုအပ်မှုရှိမှာမဟုတ်ဘူး၊ ဒါပေမဲ့ နျူကလီးယားတိုက်ခိုက်မှုတွေဖြစ်လာရင်တော့ အဲဒီဒရုန်းကလိုအပ်လာမှာပါ၊ ကမ္ဘာကြီးမှာအဆိုးရွားဆုံးဘေးဆိုးတွေကျရောက်လာမယ့် အခြေအနေတွေအတွက် မပြင်ဆင်ဘဲထားလို့မရဘူး"လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန္ဒပြပွဲအရှိန်မြင့်တက်လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေ နုတ်ထွက်
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ