Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . (အပိုင်း - ၂)(အင်တာဗျူး)

ယွန်း (NSS) - ဩဂုတ် ၂

မေး- ကျွန်တော်တို့နားလည်တာက ဒီမြေဒီရေဒီအသိုင်းအဝိုင်းမှာစားသောက်ပြီး ကြီးပြင်းလာတဲ့သူ တွေက အသိုင်းအဝိုင်း ပျက်လိုရာပျက်စီးကြောင်းလုပ်တာ မကောင်းတဲ့လုပ်ရပ်လို့ ဗုဒ္ဓကလည်း သင်ပြထား ပြီးသား။ ရုပ်ရှင်လောကသားက ရုပ်ရှင်နဲ့ထမင်းစားပြီး ရုပ်ရှင်လောကသားအချင်းချင်း ပြန်လည်တိုက်ခိုက် ပြောဆိုနေတာတွေက မ‌ကောင်းတဲ့လုပ်ရပ်လို့ ကျွန် တော်ကတော့ နားလည်ထားတယ်။ ပြည်တွင်းမှာကျန် နေခဲ့တဲ့သူတွေနဲ့ အဖွဲ့အစည်းတွေ ကမပြောကြတဲ့အခါကျတော့ သူတို့ပြောတာ မှန်တယ်လို့ တချို့သူတွေ က ထင်သလိုဖြစ်လာတယ်။ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေက စုပေါင်းပြီးတော့၊ တိုင်ပင်ပြီး တော့ အပြင်ကရန်ကို ဘယ်လို ကာကွယ်မလဲဆိုတာမျိုး စုစည်းတိုင်ပင်တာမျိုး လုပ်လို့ရလား။ 

ဖြေ- အမှန်ပြောရရင် အဲဒီလိုစိတ်ကူးတော့မရှိဘူး။ ဒါပေမဲ့ တတ်နိုင်သမျှ ရုပ်ရှင်လောကသားအတွက် အကျိုးရှိအောင် အခုဆိုရင် ဒီဘက်သုံးနှစ်အတွင်းမှာပဲ ၁၀ ကြိမ်လောက်ရှိပြီ ပံ့ပိုးပေးနေတာတွေရှိတယ်။ တတ်နိုင်သလောက်ပေါ့။ ဒါမျိုးတွေလုပ်မယ်။ ပြီး တော့ လောကအတွက် အကျိုးရှိအောင်ဘာလုပ်မလဲ လုပ်သွားရင်တော့ တုံ့ပြန်စရာမလိုဘူးထင်တယ်။ တိုင်းပြည်တစ်ခု ရှိခဲ့တယ်။ မြတ်စွာဘုရားကို ခဲနဲ့ တောင်ပေါက်တာ။ ဆဲလည်းဆဲတယ်။ ညီတော် အာနန္ဒာက မခံနိုင်တော့ အရှင်ဘုရားတပည့်တော်တို့ တစ်နေရာရွှေ့ကြရင်ကောင်းမယ်ထင်တယ်ပေါ့။ မြတ်စွာဘုရားက ' အာနန္ဒာ မင်းဒီကနေရွှေ့လို့ ဟိုရောက်ရင် ဟိုကလူက ဆဲပြီးခဲနဲ့ထုရင် ဘယ်လိုလုပ်မှာလဲ'။ အာနန္ဒာက 'တစ်နေရာရွှေ့မှာပေါ့ဘုရား'တဲ့။ ဒီတော့မြတ်စွာဘုရားက 'မင်းအဲဒီလိုရွှေ့နေရင်တော့ ပြီးမှာမဟုတ်တော့ဘူး။ အဲဒီတော့ ဒီမှာဖြစ်တာ ဒီမှာပဲ ဖြေရှင်းတာကောင်းတယ်'ဆိုပြီး ပြောတယ်တဲ့။ ဘုရားရဲ့အနေအထားကလည်း ပြန်တုံ့ပြန်တာမဟုတ်ဘူး။ သူ့လမ်းသူသွားတာပေါ့။ ကျွန်တော့်ကိုအား ရချင်မှလည်းအားရမယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြန်တုံ့ပြန်တာထက် ကိုယ့်အလုပ်ကိုယ် မှန်မှန်ကန် ကန်ရိုးရိုးသားသားနဲ့ လုပ်ပြသွားနိုင်ရင်တော့ ကျွန် တော်လည်း လိပ်ပြာသန့်မယ်ထင်တယ်။ ဝဋ်တွေ၊ ကံတွေရှိပါတယ်။ သွားလုပ်ရင် လုပ်တဲ့သူခံရမှာပဲ လေ။ အဲဒီလိုပဲကျွန်တော်ကတော့ သဘောထားလိုက်ပါတယ်။

မေး - နောက်တစ်ခုက ဥက္ကဋ္ဌရဲ့ ဖြတ်သန်းခဲ့တဲ့ သမိုင်းတစ်လျှောက် နှစ်ပေါင်းများစွာဖြတ်သန်းပြီးပြီဆိုတော့ ၈၈ တွေရော အကုန်လုံးရှုပ်ယှက်ခတ်နေ တာပေါ့။ ရုပ်ရှင်လောကသားနဲ့ နိုင်ငံ‌ရေးအရောင်နဲ့က ဒွန်တွဲဖို့လိုအပ်သလား၊ မလိုအပ်ဘူးလားပေါ့။ 

ဖြေ - ၁၉၄၆ ခုနှစ် ကျွန်ခေတ်မှာပဲ ဒါကြီးကို တည်ထောင်ခဲ့တာ (ရုပ်ရှင်အစည်းအရုံး)။ ဗိုလ်ချုပ်အောင်ဆန်းရဲ့တိုက်တွန်းမှုနဲ့ပဲလုပ်လာတာ။ ၁၉၄၉- ၅၀ လောက်ကျတော့ ရန်ကုန်အစိုးရဆိုပြီးဖြစ်နေတဲ့ အချိန်တုန်းက ကျွန်တော်တို့က အစိုးရဘက်ကရပ် တည်ပေးခဲ့တယ်။ ဆိုလိုချင်တာက အစိုးရဆိုတာက နိုင်ငံတော်ကိုကိုယ်စားပြုတဲ့အစိုးရ။ အစိုးရနဲ့တော့ ကျွန်တော်တို့မတည့်လို့တော့မရဘူးထင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ ဒေါ်စုပဲဖြစ်ဖြစ်၊ ဦးမင်းအောင်လှိုင်ပဲဖြစ်ဖြစ် ကျွန်တော်တို့က အဆင် ပြေအောင်တော့ နေကြရလိမ့်မယ်ထင်တယ်။ ဒါကိုသွားပြီးတော့ ကန့်လန့်တိုက်လို့တော့မရဘူးထင် တယ်။ ကျွန်တော့်ဘဝမှာလည်း အရောင်မရှိခဲ့ပါဘူး။ တစ်မျိုးပြောရရင်တော့ ဒါကြီးက ရယ်စရာကြီးများဖြစ် မလားမသိဘူး။ ကိုယ်စိတ်မပါရင် မလုပ်တာများတယ်။ လူကတော့အမျိုးမျိုးပေါ့ အရောင်ဆိုးချင်တဲ့သူလည်း ရှိတယ်။ မဆိုးချင်တဲ့သူလည်းရှိတယ်။ ကျွန်တော်ကတော့ အရောင်မဆိုးတဲ့ဘက်မှာရှိပါတယ်။

မေး- ရုပ်ရှင်ဆိုတာ ကျွန်တော်တို့ ပြည်သူလူထုအ ပေါ်မှာ တော်တော်လေးလွှမ်းမိုးမှုကြီးပါတယ်။ ရုပ်ရှင် လောကသားတွေက တစ်ခုခုလုပ်လိုက်တာနဲ့ လူထုက ရောယောင်ပါတာတွေ အမြဲတမ်းဖြစ်တတ်တယ်။ ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။ တိုင်းပြည် တစ်ပြည်မှာ ရုပ်ရှင်အနုပညာလောကသားတွေက ထိပ်ဆုံးကနေ ပါနေတော့ သူတို့တွေရဲ့ အတွေးမှန်၊ လမ်းမှန်နဲ့ လူထုကိုဦးဆောင်တာ ဖြစ်ဖို့လိုအပ်တယ် ဆိုတာ အမြဲမြင်တယ်။ ဥက္ကဋ္ဌအနေနဲ့ကကော အဲဒီ ကိစ္စကို ဘယ်လိုမျိုးမှတ်ချက်ပြုချင်လဲ။

ဖြေ- သူတို့ပြောတာကိုယုံပြီးတော့ မှားခဲ့တာတွေ လည်းရှိတယ်။ မှားတာမှ သနားစရာကောင်းလောက် အောင်မှားခဲ့တာပေါ့။ CDM ကိစ္စတွေဆိုရင်လည်း စိတ်မကောင်းစရာကိစ္စတွေ အများကြီးပေါ့။ ဒါက တော့ ကိုယ်တိုင်က ကိုယ့်စိတ်နဲ့ဆုံးမပြီးတော့ နေတတ်ကြဖို့တော့လိုတယ်ထင်တယ်။ စောစောက ပြောသလို ဘာသာရေးကိုင်းရှိုင်းဖို့နဲ့ ဘာသာရေး အပေါ် ယုံကြည်မှုနဲ့ဆိုရင်တော့ သူ့ဟာသူ ထိန်းသွား လိမ့်မယ်ထင်တာပဲ။ ဘာသာတရားမှာလည်း ဒါပဲ ပြောတာပဲဗျ။ ပုံမှန်အတိုင်းပဲ ရိုးသားမှုကို အခြေခံ မယ်။ စေတနာနဲ့ နှစ် (၈၀) လောက်ရှိတဲ့ ရုပ်ရှင်အစည်း အရုံးကြီး မပျက်စီးမပြိုပျက်အောင်ထိန်းသိမ်းမယ်။ ရုပ်ရှင်လောကကိုလည်း အတတ်နိုင်ဆုံးကောင်းအောင်လုပ်သွားမယ်။

မေး- များသောအားဖြင့် ပြည်ပထွက်ပြေးတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေကတော့ ပြောနေတာရှိတယ်။ ရုပ်ရှင်အစည်းအရုံးမှာရှိတဲ့လူတွေရော၊ နောက်တစ်ခါ ကျန်နေတဲ့ဒီမှာရှိတဲ့ ရုပ်ရှင်လောကသားတွေကို ပြည် သူဘက်မှာမရပ်တဲ့လူတွေဆိုပြီး သုံးနှုန်းတာတွေ့ရတယ်။ ပြည်သူဆိုတဲ့စကားလုံးကို လှိုင်လှိုင်သုံးတာ တွေ့ရတယ်။ ပြည်သူဆိုတာက ဘယ်ဟာက ပြည်သူ လဲ သူတို့ပြောတဲ့သူက ပြည်သူလား ပြည်တွင်းမှာကျန် ခဲ့တဲ့သူက ပြည်သူလားပေါ့။ အဲဒါကိုတော့ ရုပ်ရှင် လောကကိုဦးဆောင်သူတစ်ယောက်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်လဲ။ 

ဖြေ- ကျွန်တော်ကိုယ်တိုင်လည်းခံစားရတာရှိတယ်။ ဘာလို့လဲဆိုရင် အင်မတန်စိတ်ဝမ်းကွဲရတယ်။ ခံစား ရတယ်။ အဲဒီအတွက်လည်း ကျွန်တော်စိတ်မကောင်း ဘူး။ ဘယ်လိုပဲကိုယ်ကကောင်းအောင်လုပ်နေ လုပ် နေ သူတို့က ဓမ္မနဲ့အဓမ္မဆိုပြီးပြောကြတယ်။ ဓမ္မနဲ့ အဓမ္မက ဘာကိုလဲဆိုတော့လည်း သူတို့ပြောတာက တစ်မျိုးကြီးပဲ။ ဘာသာရေးနဲ့ယှဉ်ပြီးတော့ အနှစ်သာရရှိရှိပြောတာမျိုးမဟုတ်ဘူး။ မတရားယူတဲ့သူက အဓမ္မပေါ့ဆိုတာမျိုး‌လောက်နဲ့တင် ပြောသွားတာဆို တော့လည်းခက်တာပေါ့လေ။ ကျွန်တော် ဝမ်းအနည်း ဆုံးကတော့ ကျွန်တော့်ငယ်သူငယ်ချင်းတချို့က တစ် မျိုးဖြစ်သွားကြတယ်။ မြန်မာနိုင်ငံမှာ အဆုံးရှုံး အကြီးဆုံးက စိတ်ဝမ်းကွဲတာပဲ။ ဆရာတော်ကြီးပြော သလို ကျွန်တော်တို့ရဲ့သွေးကိုက ကွဲတတ်တဲ့သွေး ရှိရင် ကျွန်တော်အဲဒီသွေးတွေကို ဖောက်တောင်ထုတ် ပစ်လိုက်ချင်တယ်။ အဲဒီတော့ ပုံမှန်အတိုင်းပဲ ကျွန်တော်သွားပါမယ်။ စောစောကပြောသလို ဆဲဆဲဆိုဆို၊ ခဲနဲ့ပဲပစ်ပစ် လုပ်စရာရှိတာ လုပ်သွားရမှာပါပဲ။

မေး- ရုပ်ရှင်လောကကြီးတစ်ခုလုံးကို ပျက်စီးရာ ပျက်စီးကြောင်း လှုံ့ဆော်နေတဲ့သူတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးဘက်က ကာကွယ်ပေးမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးပြင်ဆင်ထားလဲ။

ဖြေ-ကျွန်တော်က မှတ်တမ်းတွေလုပ်တယ်။ တစ်ချိန်က ရုပ်ရှင်အစည်းအရုံးဦးဆောင်မှုမှားသွားတဲ့မှတ် တမ်းတွေလည်းရှိတယ်။ နောက်တစ်ခုက ရုပ်ရှင် အစည်းအရုံးကိုပဲ သရော်ပြောင်လှောင်တဲ့ကိစ္စတွေ လည်းရှိတယ်။ ကျွန်တော့်ဆီမှာ မှတ်တမ်းတွေရှိတယ်။ နောက်တစ်ခုက အကယ်ဒမီကိစ္စတွေမှာ အကဲဖြတ်ရ တဲ့သူတွေက ‌တော်တော်ခက်ပါတယ်။ အစ်ကိုလေး ဘိုကလေးတင့်အောင်ပြောတဲ့စကားနဲ့ပြောရင် မင်း‌ တော်တော်မိုက်တဲ့ကောင်ကွာတဲ့။ သူများအဆဲခံရ မယ့်အလုပ် လုပ်ရလားတဲ့။ ဒါပေမဲ့ ကျွန်တော့်မှာ တာဝန်ရှိတာကိုး။ လုပ်ပေးရမယ့်တာဝန်ရှိတော့ လုပ် တာပါပဲ။ ဒါတွေလည်း ကျွန်တော် မှတ်တမ်းလုပ်ထား တယ်။ မှတ်တမ်းရှိတော့ ဘာရှိလဲဆိုတော့ ဦးကြည်စိုး ထွန်း ခင်ဗျားမသမာမှုလုပ်တယ်ဆိုရင် ချိတ်ခွာလေ။ မဲပုံးတွေရှိတယ်။ မဲပုံးတွေထဲမှာ ကျွန်တော်ရေးတာ ချည်းပဲမဟုတ်ဘူး။ အကဲဖြတ်တဲ့သူတွေရဲ့ မှတ်တမ်း တွေရှိတယ်။ အကုန်လုံး ကျွန်တော် သိမ်းထားတယ်။ ကျွန်တော်တစ်ယောက်တည်း လုပ်လို့မရဘူး။ မင်း မ တရားဘူးထင်ရင် မင်းဖွင့်လေ။ အလကားတော့ဖွင့်လို့ မရဘူး။ ရုပ်ရှင်အစည်းအရုံးကို သိန်း ၁၀ဝ ထည့်။ ငါဖွင့်ပေးမယ်။ နာမည်သိချင်သေးလား နောက်ထပ် သိန်း ၁၀ဝ ထည့် ငါပေးမယ်။ သူ့ကားမပေးလို့ ပြော လာတဲ့အခါကျရင် ကျွန်တော် တစ်ယောက်တည်းပေး တာမဟုတ်ဘူး။ ဒီမှာ ပေးတဲ့သူတွေရှိတယ်။ အဲဒီစာရင်းတွေကျွန်တော့်ဆီမှာရှိတယ်။ သိမ်းထားတယ်၊ ချိပ်ပိတ်ထားတယ်။ အကုန်လုံးကတော့ မှတ်တမ်း ထားပါတယ်။ ကျွန်‌တော်သည် နောင် မတွန်းလှန်တဲ့သူ ဖြစ်ရင်ဖြစ်မယ်။ သို့သော် ကျွန်တော်လိပ်ပြာသန့်တယ်။ လိပ်ပြာသန့်သန့်နဲ့ ဒီမှာလုပ်သွားမယ်။ သေတော့လည်း လိပ်ပြာသန့်သန့်နဲ့ ကျွန်တော်သေသွားမယ်။

မေး- ဥက္ကဋ္ဌတို့ရဲ့ အတွေ့အကြုံ၊ သမ္ဘာနဲ့ အနုပညာ ရှင်တစ်ယောက်ဟာ နိုင်ငံနဲ့ပတ်သက်လာရင် ဘယ် လိုရပ်တည်ဖို့လိုအပ်သလဲ။ လူထုပေါ်မှာ အတွေးမှား၊ အမြင်မှားတွေနဲ့ ဦးဆောင်သွားရင် သူ့နောက်ပါသွား တဲ့သူက တစ်ပြုံကြီးပဲ။ အနုပညာရှင်ဆိုတာကို ဘယ် လိုမျိုးအဓိပ္ပာယ်ဖွင့်ပေးချင်လဲ။

ဖြေ- အမှန်ကတော့ ကျွန်တော်ထင်တာ အနုပညာရှင် ဖြစ်တယ်ဆိုတာ ကံပစ်ချလိုက်တာပဲဗျ။ ကျွန်တော့် စိတ်ထဲမှာ ငယ်ငယ်ကတည်းက ဒါတွေကရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်သွားနေတဲ့လမ်းကြောင်းက အနုပ ညာလမ်းကြောင်းမဟုတ်ဘူးပေါ့။ စာမေးပွဲတွေဖြေမယ်။ အောင်မယ်။ ဘွဲ့ရတယ်။ ဘွဲ့ရတာကလည်း သတ်သတ် ဘူမိဗေဒဆိုတာ ဒါနဲ့မဆိုင်သလိုဖြစ်နေတာ။ နောက် ကျွန်တော့်စိတ်ကူးနဲ့ စာရေးဆရာဖြစ် ချင်တယ်။ သီချင်းရေးဆရာဖြစ်ချင်တယ်။ အဲဒီကနေ ရုပ်ရှင်ဒါရိုက်တာဖြစ်လာတာ။ ဘာခံယူချက်ဖြစ် လာလဲဆိုတော့ အနုပညာသည်တစ်ယောက်က အနုပညာသည်ဖြစ်လာတာနဲ့ သူရဲ့ ဆည်းပူးလာတဲ့ ပညာနဲ့ သူ့နိုင်ငံ၊ သူ့လူမျိုးကိုတော့ ထိန်းသိမ်းရလိမ့် မယ်။ ထိန်းသိမ်းတဲ့တာဝန် သူ့မှာရှိလာပြီ။ ပိုပြီးတော့ သူများထက်လည်းရှိတယ်။ ပိုပြီးရှိတယ်ဆိုတာက အများနဲ့ဆက်ဆံတဲ့သူဆိုတော့ အများကနေပြီးတော့ မှားယွင်းတာတွေရှိမှာပေါ့။ အဲဒါကို သူရဲ့အနုပညာလက်နက်လို့ပြောမှာပေါ့။ အဲဒါနဲ့ ကာကွယ်ပေးရမှာ။ ရိုးသားမှုရယ်၊ စေတနာရယ်၊ သည်းခံတဲ့စိတ်ရယ်နဲ့ နေလာခဲ့တာဟာ ဆုံးရှုံးမှုတော့မဖြစ်ဘူးထင်တယ်။ သိပ်ပြီး မကြီးကျယ်မအောင်မြင်တောင်မှ နစ်နာမှု တွေ၊ ဆုံးရှုံးမှုတွေနည်းလာတယ်ဗျ။ အဲဒီလိုတော့ ကျွန်တော်ကတော့ တွေ့လာတာပေါ့။ အခု သုံးနှစ် ကြာတဲ့အချိန်မှာ ပြန်စဉ်းစားလိုက်တော့ ကျွန်တော့် ဟာကျွန်တော်တော့ ကျေနပ်နေမိတာပေါ့နော်။ ငါတော့အမှားအယွင်းတော့ မရှိသေးဘူးဆိုတာမျိုး ပေါ့။ သူတို့ကိုသွားပြီး ကိုယ်မကြိုက်တိုင်းဟာတွေကို သွားပြီးပြောနေရင် ဒီမှာလုပ်နေတဲ့ဟာတွေ နည်း နည်းခက်သွားမှာရှိတယ်။ တစ်ခါတလေကျ တော် တော်သည်းခံရပါတယ်။ သည်းခံရတာမှ ဟိုဘက်ဒီ ဘက်၊ ဟိုနေရာဒီနေရာ တော်တော်သည်းခံရတယ်။ ဒါပေမဲ့ ဒါတွေက ကောင်းဖို့ပဲဖြစ်လာပါတယ်။ လူကဗျာ ခင်ဗျားဖြစ်ဖြစ် သေချာတာတစ်ခုရှိတယ်။ သေမှာဗျ။ အနှေးနဲ့အမြန်ပဲ။ ငါသည်မုချသေရမည်၊ ဘယ်အ ချိန်မှန်းတော့မသိဘူးပေါ့။ ကျွန်တော်ကတော့ အဲဒီအ တိုင်းတွေးပါတယ်။ အားလုံးကတော့ အဆင်ပြေရင် ကောင်းတာပဲ။ အဆင်ပြေစေချင်ပါတယ်။ ခင်ဗျား လည်း မီဒီယာသမားတစ်ယောက်ဖြစ်တော့ မီဒီယာ ကိုကောင်းစေချင်မှာပဲ။ မီဒီယာကိုထိလာရင်တော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကာကွယ်ချင် စိတ်တော့ဖြစ်မှာပဲ။ သို့သော် ခင်ဗျားရဲ့ လေ့လာမှုအား တွေ၊ ဆင်ခြင်တုံတရားတွေကျတော့ ခင်ဗျားရဲ့ရပ် တည်ချက်က ဝုန်းခနဲဒိုင်းခနဲဖြစ်ချင်မှဖြစ်မှာပေါ့။ ခင်ဗျားထက် ကျွန်တော်က အသက်ပိုကြီးတော့ ကျွန် တော်ကပိုပျော့တာပေါ့။ စိတ်ထဲကတော့ ရှိတာပေါ့။ အညာသားဆိုတော့ပိုဆိုးတာပေါ့။ ခင်ဗျားတို့ ဧရာဝ တီသားထက်ကို အညာသားတွေက ပိုဆိုးတယ်။

မေး - ၂၁ အခင်းအကျင်းဖြစ်ပြီးတဲ့နောက်မှာ အနုပညာရှင်တွေ အရေးယူခံရမှုပြဿနာတွေလည်း ရင်ဆိုင်ခဲ့ရတာတွေ့ရတယ်။ ဒီဖြစ်စဉ်တွေပေါ်မှာ ရုပ်ရှင်အစည်းအရုံးက ဘယ်လိုကြားဝင်စေ့စပ်မှုတွေ၊ ကူညီဆောင်ရွက်တာတွေရှိခဲ့လဲ။ 

ဖြေ- ရှိတာက ရှိခဲ့ပါတယ်။ သရုပ်ဆောင်လင်မယား နှစ်ယောက်ဆို ကျွန်တော်တို့လုပ်ပေးလိုက်တယ်။ တကယ်တမ်းကျတော့ ရုပ်ရှင်အစည်းအရုံးအပေါ်မှာ ငဲ့တာမရှိဘူး။ ကြည့်တာမရှိဘူး။ ကြည့်နေကျဟာ တောင်မကြည့်ဘူးပေါ့။ အဲဒီတုန်းကဆို သေကောင် ပေါင်းလဲဖြစ်တယ်ဆိုလို့ ကျွန်တော်တို့မှာ လိုက်လုပ် ပေးလိုက်ရတာ။ နောက်တစ်ယောက်ကတော့ တော် တော်ဆိုးတယ်။ ဒါရိုက်တာတစ်ယောက်ပေါ့ ဒီ လောက်ဆိုခင်ဗျားသိမှာပါ။ သူလည်းအချုပ်ခံရတဲ့ အခါ သူ့ညီမတွေ၊ အစ်မတွေကလာပြောတယ်။ ကျွန်တော့်မှာလိုက်လုပ်ပေး။ ထွက်သွားတဲ့အခါကျ တော့ မြန်မာ ကားတောင်မကြည့်ပါဘူးဆိုတော့ ကျွန်တော်ဘယ် လိုခံစားရမလဲ။ ဒါမျိုးလေးတွေပေါ့ တော်တော်သည်းခံရပါတယ်။ ဆဲတာဗျ ကျွန်တော် တို့ကို ဒီအဘိုးကြီးတွေ ဘာနားမလည် ညာနားမလည် နဲ့ပေါ့။ အခု အဲဒီကောင်တွေဂျွမ်းပစ်နေပြီ။ ဆဲတဲ့ ကောင်တွေဘယ်ရောက်သွားလဲဆိုတော့ တပ်ဘက် ရောက်လာတယ်။ အံ့ဩစရာသိပ်ကောင်းတာ။

မေး- ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တစ်ယောက်ဖြစ် လာပြီဆိုရင်(သို့မဟုတ်) အများကို ကိုယ်စားပြုတဲ့သူ ဖြစ်လာပြီဆိုရင် အဲဒီကိုယ်စားပြုမှုက မလိုအပ်တဲ့ ကိစ္စတွေမှာ ဝင်မပါရတော့ဘူး။ ဘာဖြစ်လို့လဲဆို ပုံရိပ် ကြီးလိုဖြစ်သွားတာကို။ ကိုယ့်အသင်းအဖွဲ့၊ အများ ပြည်သူအကျိုးစီးပွားနဲ့ ကိုယ်ကျိုးစီးပွား ဆိုတာရှိ တယ်။ ကိုယ်ကျိုးစီးပွားကိုရှောင်ရတယ်။ ကိုယ့်ခံစား ချက်နဲ့လုပ်လို့ရတယ်ဆိုရင် အစည်းအရုံးရဲ့ဥက္ကဋ္ဌနေ ရာကထွက်။ အဲဒီလိုဟာမျိုးတွေရှိတယ်။

ဖြေ- ခင်ဗျားလည်းဖတ်ဖူးမယ်ထင်တယ်။ ဆရာ ဇော်ဂျီ ကျွန်တော်သိပ်ကြိုက်တာ။ ဆရာဇော်ဂျီက စာပေအကဲဖြတ်မှာ ဥက္ကဋ္ဌ။ အဲဒီအချိန်မှာ သူ့ကို ဆုပေးတာ သူကမယူဘူး။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ မယူဘူး။ ကျွန်တော်အဲဒါတွေကို အားကျတယ်။ လေးလည်းလေးစားတယ်။ နောက်တစ်ခုရှိသေးတယ် သခင်ဝတင်။ သခင်ဝတင်ဆိုတာက ရုပ်ရှင်အစည်း အရုံးမှာလည်း အကျိုးရှိပါတယ်။ ၁၉၈၀ ကျော် လောက်မှာ မဆလအစိုးရကနေပြီးတော့ ကားလေး တွေပေးတယ်။ လျှောက်ပါလို့ပြောတာ သူကမ လျှောက်ဘူး။ သူတို့က တကယ့်နိုင်ငံရေးသမား တကယ်တော်တဲ့လူကြီးတွေ။ ပေးချင်လွန်းလို့ ဟိုက လျှောက်ပါဆိုတာ မလျှောက်ဘူး။ ဘယ်လောက် ကောင်းလဲ စိတ်ဓာတ်တွေ။ အဲဒီစိတ်ဓာတ်တွေ ကျွန်တော်က အားလည်းကျတယ်။ လေးလည်းလေး စားတယ်။ ကျွန်တော်ကလည်း ဘာသာရေးမပါရင်မ ပြောတတ်သလောက်ဖြစ်နေပြီ။ ရှင်အာနန္ဒာလိုပေါ့ နော်။  ရှင်အာနန္ဒာက ဘုရားရဲ့အလုပ်အကျွေး ရဟန်း အနေနဲ့လုပ်ချင်တော့ တောင်းပါလားဆိုတော့ တောင်းလို့ရတဲ့အရာက တန်ဖိုးမရှိဘူးတဲ့။ အဲဒီ စကားက ဒီနေ့ဒီခေတ်မှာဆို သိပ်ကောင်းတာနော်။ ကျွန်တော်သိပ်သဘောကျတာပဲ။ တောင်းလို့ရတဲ့ဟာ က တန်ဖိုးမရှိဘူး။

မေး- ရုပ်ရှင်လောကသားတွေက ပြည်သူလူထုကို အကျိုးပြန်ပြုရတယ်။ ရုပ်ရှင်လောကသားတွေက ပြည်သူလူထုကို အကျိုးပြန်ပြုခဲ့ပါတယ်ဆိုတဲ့ ပြယုဂ် ကို ရုပ်ရှင်လောကသားတွေကိုမေးရင် သူတို့ ဘယ်လို ပြန်ဖြေကြမလဲ။ 

ဖြေ- သူတို့ဖြေမှာကတော့ ပြန်ပြီးတော့ ကျေးဇူး ပြုတယ်။ ကပြတယ်၊ ဖျော်ဖြေတယ်၊ လိုအပ်တဲ့နေရာမှာ ဝင်လုပ်ပေးတယ်။ ကျွန်တော့်သဘောပြောရရင် တော့ ကျေးဇူးဆပ်နည်းက အကောင်းဆုံးတစ်နည်းပဲရှိ တယ်။ အဲဒါကတော့ စိတ်တွေလွဲမှားအောင်မဖြစ်ဖို့ ပေါ့။ စိတ်ဓာတ်တွေမှန်ဖို့၊ စိတ်ဓာတ်တွေမြင့်လာဖို့ အဲဒါမျိုးတွေကို ကျွန်တော်တို့က လိုတယ်။ ဆိုပါတော့ မလိုအပ်ဘဲနဲ့ ဆေးလိပ်သောက်တာ ဘာလို့ထည့်မှာလဲ။ မလိုအပ်ဘဲနဲ့ ဆေးလိပ်သောက်တာ ကျွန်တော်မထည့်ဘူး။ လိုအပ်ရင်တော့ထည့်ရတာပေါ့ဗျာ။ အရက်သောက်တာမျိုး။ အဲဒါမျိုးတွေကို တောင်းလာ တဲ့အခါကျ ကျွန်တော်စိတ်ညစ်ရတယ်။ အကျိုးမဲ့တာ မျိုးတွေမပြပါနဲ့၊ မလုပ်ပါနဲ့။ ဒါပြည်သူကိုပေးဆပ်တာပဲ။ အတွေးလွဲ၊ အမြင်လွဲတွေမဖြစ်ဘဲနဲ့ အမြင်မှန် ဖြစ်အောင်လုပ်ပေးနိုင်ရင် အဲဒီလူက ရုပ်ရှင်လောက ကိုပေးဆပ်တဲ့နေရာမှာတော့ အကောင်းဆုံးပဲ။ ကား တစ်ခုပြလိုက်တယ် Entertainment ဖြစ်တယ်ဆို လည်း အကျိုးတော့ရှိတာပဲလေ။ သို့သော် တစ်ခုတော့ ကျန်စေချင်တယ်။ ဆိုပါတော့ "မွှေး"ဆိုတဲ့ရုပ်ရှင် ဇာတ်ကားဆို ကျွန်တော်ငယ်ငယ်တုန်းက ကြည့်လိုက် ရတယ်။ အဲဒီဇာတ်ကားထဲမှာဆို လူတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့နေရာမှာ ပိုင်ဆိုင်မှမ ဟုတ်ဘူး။ စွန့်လွှတ်နိုင်တာလည်း ယောကျာ်းပီသတာ ပဲ။ ခင်ဗျားကြည့်ဖူးလားတော့မသိဘူး။ Roman Holiday ဆိုတဲ့ကားဆိုရင် ဒီကားထဲကမင်းသမီးက နိုင်ငံတစ်ခုရဲ့ဥသျှောင် ဟိုကောင်က အမေရိကန်သ တင်းထောက် မမျှော်လင့်ဘဲနဲ့ နှစ်ယောက်ချစ်သွားကြ တယ်။ နောက်ဆုံးကျတော့ ကိုယ့်ဘဝမှန် ကိုယ် သိတဲ့အခါကျတော့ မင်းသမီးကလည်း သူ့ရဲ့တိုင်း ပြည်အတွက်လိုအပ်တယ်ဆိုတာသိတယ်။ အမေရိ ကန်သတင်းထောက်ကလည်း ဒီအမျိုးသမီးက သူ့ တိုင်းပြည်အတွက် သူ့ကိုလိုအပ်တယ်။ သူ့ကိုငါ အပိုင်စီးလို့မရဘူးဆိုတာ နားလည်တယ်။ အဲဒီဟာ လေးရိုက်သွားတာ ရုပ်ရှင်မှာ ဘယ်လောက်ကျေးဇူး ရှိလဲ။ ဆိုလိုတာက စွန့်လွှတ်တန်ရင်စွန့်လွှတ်ရတယ်။ ခုန"မွှေး"လိုပေါ့ဗျာ။ အဲဒီလိုကားမျိုးတွေများ ချင်တယ်။ ကိုငြိမ်းကျော်ရဲ့ဝတ္ထုတွေပေါ့။ တကယ်လူ စိတ်ရှိအောင်လုပ်ပေးတာ သူတို့က။ ကိုယ်နိုင်ရမှ မဟုတ်ဘူး။ တကယ်စာနာရမယ် ဒါမျိုးလေးတွေဖြစ် စေချင်တာ။ စိတ်ထဲမှာ စာနာသွားတယ်။ ရုပ်ရှင်ကား တစ်ကားကြည့်ရင် စိတ်ထဲမှာကောင်းသွားတယ် အဲဒီလိုဖြစ်စေချင်တာ။ Roman Holiday ဆိုတာကြည့်လိုက်ပါ ရုပ်ရှင်က ပေးတဲ့ဟာက ဒါပဲဆို တာမြင်ရလိမ့်မယ်။

မေး- အခုဆို တချို့ပရိသတ်အတော်များများ ပြောတာတွေရှိတယ်။ အခြောက်ကားတွေရိုက်ပြရင် အကုန်လုံးခြောက်ကုန်မှာပေါ့။ ပေါကား တွေကြည့်ပါ များရင်လည်း ကြာရင်လူတွေက ပေါတောတောဖြစ် လာနိုင်တယ် စသည်ဖြင့်ပေါ့။ လူတွေရဲ့စိတ်နှလုံးငြိမ်း ချမ်းအေးချမ်းအောင် စိတ်ပိုင်းကြည်နူးမှုတွေ ရသတွေခံစားရအောင် ဒါမျိုးတွေမရိုက်ဘဲနဲ့ အခြောက် ကားတွေရိုက် လူမိုက်လူရမ်းကား ကားတွေရိုက်ပြ၊ လူသတ်ကားတွေရိုက်ပြနေရင် အမြဲလိုလို ဒါချည်းပဲ ဖြစ်လာရင် ကြာလာရင် တိုင်းပြည်မှာရှိတဲ့လူတွေရဲ့ အတွေးထဲမှာ အမှန်တွေလိုထင်လာပြီး အဲဒီအတိုင်း လုပ်ကြတယ်။ အတုခိုးတာပေါ့။ အဲဒီအချိန်ကျရင် ရုပ်ရှင်က လူထုကို Entertainment ပေးတာ မဟုတ်တော့ဘဲ အဖျက်အမှောင့်စိတ်တွေဝင်အောင် လုပ်တာပဲဆိုပြီး ပြောစရာတွေဖြစ်လာတယ်။ ဥက္ကဋ္ဌအနေနဲ့ ဒီအပေါ်မှာ လောက သားတွေအားလုံးအတွက် ရော၊ ပြည်သူအတွက်ရော ဘယ်လိုမှတ်ချက်ပြောလို့ရ မလဲ။

ဖြေ- ပဟာသငရဲသွားမယ့်ကောင်တွေပဲ။ အဲဒါပဲ ကျွန်‌တော်ကတော့ ပြောချင်တယ်။ သိပ်ကြောက်စရာ ကောင်းတယ်။ ဂီတ၊ သဘင်၊ ရုပ်ရှင်ဆိုတာ ရည်ရွယ် ချက်မှားပြီဆိုရင် ကြောက်စရာကောင်းတယ်။ ကျွန် တော်တို့မှာလည်း တားရတာခက်တယ်။ ဘာလုပ်ပြနိုင်မလဲ။ အရှိန်အဟုန်နဲ့ခေတ်ကြီးက စီးဆင်းလာတာကြီးကို ဘယ့်နှယ်လုပ်မလဲ။ မတား နိုင်ဘူးဆိုတော့ လည်းမဖြစ်နိုင်ဘူးပေါ့။ chicken soup ထဲကလို ကြယ်ငါးတွေကို ပင်လယ်ထဲကို ပြန်ပစ်သလိုပေါ့။ အဲဒီလောက်လေးပဲ ကျွန်တော်တို့တတ်နိုင်တယ်။ ကြယ်ငါးတွေအကုန်လုံးကို ပင်လယ်ထဲရောက်အောင် တော့ ကျွန်တော်တို့မလုပ်နိုင်ဘူး။ အရှိန်အဟုန်ကြီးက ကြီးလာတာကို။ စဉ်းစားကြည့်‌လေ ထိုင်းမှာတောင်မှ လိင်တူလက်ထက်တယ်။ ဒါကျွန်တော်တို့ လုံးဝလက် မခံနိုင်တဲ့ဟာတွေ။

မေး- ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ကို ကျွန်တော် စကားပြောဖူးတယ်။ သူတို့ပြောတဲ့တုံ့ပြန်ချက်ရှိတယ်။ တကယ်လို့ရုပ်ရှင်ကားတစ်ကားရိုက်တဲ့အခါမှာ ပရိ သတ်မကြည့်တဲ့ကားမျိုးရိုက်မိလို့ရှိရင် သူတို့ရှုံးမယ်။ အဲဒါကြောင့် ရုပ်ရှင်အကျိုးအမြတ်ရှိအောင် စီးပွား ရေးအရ ဒါတွေရိုက်ရတာ။ မရိုက်ရင် ရပ်တည်လို့မရ ဖြစ်သွားမှာဆိုပြီးပြောတယ်။ ကျွန်တော်တို့နားလည် တာက ဒါဆိုရင် ရုပ်ရှင်က အကျိုးအမြတ်ရတဲ့နောက် ကိုပဲလိုက်မှာလား။ ဒီဘက်ကလူထုကို စိတ်နှလုံးချမ်း မြေ့အောင်မလုပ်တော့ဘူးလားဆိုတဲ့မေးခွန်းကို မေးတဲ့အခါ သူတို့ မဖြေနိုင်ကြဘူး။ ဥက္ကဋ္ဌအနေနဲ့ကော ဘယ်လို အကြံပြုချင်လဲ။

ဖြေ- ဘာသာရေးအဆုံးအမနည်းတာပါမယ်ထင် တယ်။ ဘာသာရေးအဆုံးအမရှိတယ်၊ နားလည် တယ်ဆိုရင်တော့ ကိုယ့်လုပ်ငန်းသည် သမာအာဇီဝ ဖြစ် မဖြစ် ကျွန်တော်က ပြောလို့ကောင်းမလား။ ရုပ်ရှင်လုပ်ငန်းသည် သမာအာဇီဝမဖြစ်ဘူးလို့ပြောရင် ကြိုက်ပါ့မလား။ ဒါပေမဲ့ မဖြစ်ဘူးဗျ။ ရှင်းနေတာပဲ ငရဲရောက်မယ့်ကိစ္စကြီး အဲဒါလေးတော့ဆင်ခြင်ဖို့ ကောင်းတယ်။ စိတ်ထားကောင်းအောင်ထားကြ။ 

မေး- လူတွေကြားထဲမှာ ပြောတဲ့အသံ‌လေးတွေလည်း ဥက္ကဋ္ဌတို့ကြားပါလိမ့်မယ်။ အနုပညာသမားတွေ ဒီအ ခင်းအကျင်းမှာ 'ဒုက္ခတော်တော်ပေးခဲ့တဲ့ကောင်တွေ'လို့ပြောကြတယ်။ အဲဒီလို အပြောခံရတဲ့အခါ ရုပ်ရှင် လောကသားတွေထဲက တစ်ယောက်ဆိုတော့ ဘယ် လိုခံစားချက်မျိုးဖြစ်လဲ။ နောက်တစ်ခုက လောကကြီး ကို ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ- သူတို့မှားသလိုမမှားအောင်ပေါ့။ တတ်နိုင်သလောက်ဖျောင်းဖြပေးရတာပေါ့။ ဖျောင်းဖြတဲ့အခါ ကျတော့ ကိုယ်က အဓမ္မဘက်တော်သားဖြစ်သွားတာ လည်းရှိတယ်လေ။ ဒါကိုလည်း ကြည့်နေ ရသေးတာ ပေါ့။ တချို့က ဆုံးမတာကိုနားလည်တာလည်းရှိတယ်။ တချို့က နားမလည်ဘူး။ အဲဒီအခါကျတော့ ခက်တာ ပေါ့။ မှားတာကတော့ တော်တော်မှားတာ။ တော် တော့်ကို သူများကိုဒုက္ခပေးလိုက်တာ။ နောက်တစ်ခုရှိ တယ်။ ခင်ဗျား သတိထားမိမလားမသိဘူး။ စာပေ ဟောပြောပွဲတွေလည်း ထွက်တဲ့အခါကျတော့ နောက်ပိုင်းကျတော့ စာပေဟောပြောပွဲက သိပ် ကြောက်စရာကောင်းတယ်။ ကျွန်တော် ဘယ်တော့မှ နောက်ကမတက်တော့ဘူး။ ရှေ့ကတက်ပြီး ပြေးတာ ပဲ။ ရိုးရိုးပဲပြောတယ်။ ဘာလို့လဲဆိုတော့ ဆွလုံးတွေ ရှိတယ်လေ။ ဆွလုံးတွေက တော်တော်ဆိုးတာ။ အဲဒီဆွလုံးတွေကြောင့် အခုဒုက္ခရောက်တာ။ 

မေး- ဥက္ကဋ္ဌတို့ အနုပညာလောကသားမပြောနဲ့ ကျွန် တော်တို့ဂျာနယ်လစ်တွေတောင် ပြည်သူလူထုရဲ့အသံတချို့ထွက်လာတယ်။ ကျွန်တော်တို့ဂျာနယ်လစ် တွေက တိုင်းပြည်ဖျက်ကောင်တွေတဲ့။ ကျွန်တော် စိတ်ထဲမကောင်းဘူး။ ဥက္ကဋ္ဌတို့ အနုပညာသမားတွေ ကိုလည်း တိုင်းပြည်ကိုဒုက္ခ‌ပေးတဲ့ကောင်တွေ၊ တိုင်း ပြည်ကိုချောက်ထဲကန်ချတဲ့ကောင်တွေဆိုပြီး အနုပ ညာရှင်တချို့ကို ခေါင်းစဉ်တပ်ပြီးတော့ ပြောကြတဲ့အ ခါ ကိုယ့်လောကသားလည်းဖြစ်တော့ ဒါကိုကြည့်ပြီး ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ- အကောင်းဆုံးလုပ်ဖို့ပါပဲ။ အဲဒီလိုမဖြစ်အောင် တော့လုပ်တယ်။ ကိုယ့်ဟာကိုကောင်းအောင်သွားနေတယ်။

မေး- နောက်ဆုံးတစ်ခုကတော့ ရှေ့ဆုံးမှာမေး တဲ့အတိုင်းပဲ ရုပ်ရှင်သည်ပြည်သူ့အတွက်ဆိုတော့ ဒီအခင်းအကျင်းတွေအကုန်ခြုံပြီး ကြည့်လိုက်တဲ့ အခါမှာ ရုပ်ရှင်က ပြည်သူ့အတွက် ဖြစ်ခဲ့လား။

ဖြေ- ဖျော်ဖြေရေးသက်သက်ကြည့်မယ်ဆိုရင်တော့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေ တော် တော်စိတ်ညစ်ပြီး တော်တော်ဒုက္ခရောက်နေတဲ့ အချိန်မှာ ရုပ်ရှင်လာကြည့်တယ်ဆိုတာ သူတို့ရဲ့ စိတ်ထွက်ပေါက်လေးတစ်ခုပေါ့။ အဲဒါလေးကတော့ ရုပ်ရှင်သည်ပြည်သူ့အတွက်လို့ စွဲပြီးတော့ယူရင် တော့ရတာပေါ့။ သို့သော်လည်း ခုနကလို ပြည်သူ တွေရဲ့စိတ်ဓာတ်ပိုမိုကောင်းမွန်လာဖို့၊ ပိုပြီးတော့တိုး တက်လာဖို့ ပညာတရားနဲ့ အကြင်တရား ဒီနှစ်ခုတိုး တက်လိုက်ရင် လူ့လောကကြီးက ကောင်းတာပဲ။ အဲဒီ နှစ်ခုတိုးတက်အောင် လုပ်နိုင်ရင်ပိုကောင်းတာပေါ့။ အခုက တော့ သာမန်ဖျော်ဖြေမှုအတွက်ကတော့ ရုပ် ရှင်သည်ပြည်သူ့အတွက်ဖြစ်ပါတယ်လို့ပဲ ပြောချင် တာပေါ့။ 

ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ ကျေးဇူးတင်ပါတယ်။       

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေကြီးရေလျှံမှုကြောင့် ရပ်နားခဲ့သော ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို မနက်ဖြန်တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved