Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစက၏အာဏာနှင့် ရွှေ/ ဒေါ်လာသမားများ၏ အားပြိုင်ပွဲ

ကျော်နု(NSS) - ဇွန် ၁၂

ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်စေမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)၏ ဇွန်လ (၂)ရက်က ထုတ်ပြန်ချက်သည် ကြမ်း၏။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတွင်း၌ (ထုတ်ပြန်ချက် မတိုင်မီ) နာမည်ကောင်းများဖြင့် ထင်ရှားကျော်ကြားနေသော အထင်ကရပုဂ္ဂိုလ်များ ပါဝင်လာနေခြင်း ကြောင့် ဖြစ်ပြီး နစကနှင့် အဆိုပါပုဂ္ဂိုလ်များ၏ အားပြိုင်ပွဲရက် သတ္တပတ်သည်ကား စိတ်ဝင်စားဖွယ် အပြည့်ဖြစ်ခဲ့သည်။ “နစကဘက်က နောက်ဆုတ်ပေးရမည်လား သို့မဟုတ် ရွှေသူဌေးများက အရှုံးပေး ရမည်လား” ဆိုသည်မှာ မြန်မာနိုင်ငံ အနာဂတ်၏ တရားစီရင်ရေး နှင့် ဥပဒေစိုးမိုးရေးအတွက် စံထားဖွယ်သမိုင်း ဖြစ်လာတော့မည်ဟု ဆိုချင်သည်။

နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည် ဥပဒေနှင့်ပတ်သက်လျှင် တိကျပြတ်သားသူတစ်ဦးဟု ခန့်မှန်း၍ရနိုင်သော ဖြစ်ရပ်များက ယခုနှစ်များအတွင်း ထင်ထင်ရှားရှားတွေ့လာရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကဲ့သို့သောထိတ် ထိတ်ကြဲထင်ရှားသူ ဗိုလ်ချုပ်ကြီးများကို ပြတ်ပြတ်သားသား အရေးယူပြခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ကမ္ဘာက စောင့်ကြည့် အလေးထားနေသူတစ်ဦးကို ပြစ်မှုပေါင်းများစွာဖြင့် ထောင်ဒဏ်ကျခံစေခဲ့ခြင်း၊ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ သော် ကဲ့သို့သော ထင်ရှားသည့်နိုင်ငံရေးသမားများကို ၎င်းတို့ ကျူးလွန်ခဲ့သော အကြမ်းဖက်ပြစ်မှု များကြောင့် သေဒဏ်စီရင်ခဲ့ခြင်းတို့က အကြီးမားဆုံးသက်သေပင်။ ယခုတစ်ကြိမ် ရွှေဈေးနှုန်းခေါင်းစဉ် အောက်မှ ထုတ်ပြန်ထားသူများသည် အထက်ဖော်ပြပါပုဂ္ဂိုလ်များနှင့် ယှဉ်လျှင် ဩဇာတိက္ကမကြီးမား ကြသူများမဟုတ် သကဲ့သို့ လူထုအပေါ်၌လည်း လွှမ်းမိုးမှုရှိလှသူများ မဟုတ်ကြချေ။ ရွှေနှင့်ပတ်သက်၍ နစက၏ ဇွန်လ (၂)ရက်က ထုတ်ပြန်ချက်၌ ထင်ရှားကျော်ကြားသူ အောင်သမာဓိ ဦးအောင် (ဦးအောင် ဆန်းဝင်း)၊ ဝိန့်စိန် ဦးအောင်ကောင်းမြတ်၊ ဇွဲထက် ဦးဆန်းဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း ဦးမျိုးသူဝင်း အပါအဝင် (၁၀) ဦးက ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်စေရန် နောက်ကွယ်မှကြိုးကိုင်ခဲ့သူ ဝိသမ လောဘသားများ ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါပုဂ္ဂိုလ်များသည် ဥပဒေကို ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဝရမ်းပြေးဟုလည်း ဆိုနိုင်သည်။ အောင်သမာဓိ ဦးအောင် အပါအဝင် ထိပ်တန်းပုဂ္ဂိုလ် (၁၀)ဦးကို တရားခံဝရမ်းပြေးများအဖြစ် နစကဘက်က အကြောင်းပြချက် မရှိဘဲ စွပ်စွဲခဲ့ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှေလုပ်ငန်းလောကထဲမှ လေပတ်ကား အရောင်းအဝယ်အပါအဝင် ပုံစံမျိုးစုံဖြင့် လုပ်ကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်(၂၁)ဦးကို ရက်ပေါင်းများစွာ စောင့်ကြည့်ခြင်း၊ ခေါ်ယူစစ်ဆေးခြင်း နှင့် ဖမ်းဆီးချုပ်နှောင်၍ သက်သေယူထားခြင်းများမှ တစ်ဆင့် နောက်ကွယ်မှ ပုဂ္ဂိုလ်များအဖြစ် တိုင်းသိ ပြည်သိ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။ အမှန်တကယ်တွင်မူ ရွှေလောကများထဲမှ ပုဂ္ဂိုလ်အတော်များများကို နိုင်ငံတော်က ယခုနှစ်များအတွင်း သုံးကြိမ်ထက်မနည်း ခေါ်ယူသတိပေးခြင်းများ လုပ်ထားပြီး ဖြစ်သည်။ မည်သို့ပင် သတိပေးခဲ့သည်ဖြစ်စေ ရွှေ သူဌေးများက ဆက်လက်၍ အလံတလူလူ လွှင့်ထူပြီး လက်တလုံးခြားလုပ်ကိုင်နေဆဲဖြစ်သည်ဟု ကြားသိ နေရသည်။ နိုင်ငံတော်၏ကြေညာချက်က မဟုတ်မမှန် ကြေညာခြင်းဖြစ်ကြောင်း ငြင်းဆိုလိုပါက သက်ဆိုင်ရာ ဝရမ်းထုတ်ခံရသူ ကာယကံရှင် ပုဂ္ဂိုလ်(၁၀)ဦးနှင့် မိသားစုဝင်များက အကောင်းဆုံးရှေ့နေများကို ငှားရမ်း၍ တရားရုံး၌ ငြင်းချက်ထုတ်နိုင်သည်။ သို့သော် သက်ဆိုင်ရာပုဂ္ဂိုလ်များ ထွက်ပြေးတိမ်းရှောင် နေသည့်အတွက် မဟုတ်မမှန်ကြေညာချက်ဟု မည်သူမျှ ငြင်းဆိုနိုင်ခြင်း မရှိတော့ပေ။ နစကဘက်က ဝရမ်းထုတ်ခဲ့သော ပုဂ္ဂိုလ်(၁၀)ဦးလုံး မဟုတ်လျှင်ပင် အများစုမှာ နစက၏ဝန်ထမ်းအရာရှိပေါင်းများစွာ နှင့် အတူတကွ ညစာစားခြင်းများ၊ ဂေါက်သီးရိုက်ကြခြင်းများ၊ မွေးနေ့နှင့်ပါတီ အတူတူ ပျော်ရွှင်စွာ တက်ခဲ့ကြခြင်းများရှိခဲ့ကြောင်း လောကသားများထံမှပြန်လည် ကြားသိနေရသည်။ သို့အတွက် ၎င်းတို့အချင်းချင်း သူစိမ်းများ မဟုတ်ကြချေ။ ထူးခြားချက်မှာ အဆိုပါ ပုဂ္ဂိုလ်(၁၀)ဦးလုံးက ကြေညာချက် မထုတ်ပြန်မီ ကတည်းက တိမ်းရှောင်သွားနိုင်ခဲ့ခြင်းပင်။ ထိပ်တန်း လျှို့ဝှက်လုပ်ရလေ့ရှိ သော နိုင်ငံတော်၏ စီမံချက်သည် အဆိုပါ ရွှေသူဌေးများထံ တစ်နည်းတစ်ဖုံဖြင့် ရောက်ရှိသွားခဲ့ခြင်း ကြောင့်များ ကြိုတင်ရှောင်တိမ်းနိုင်ခဲ့ခြင်းလားဟု တွေးစရာဖြစ်လာပြန်သည်။ ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ဇွန်လ(၂)ရက်က ထုတ်ပြန်ချက်သည် တစ်ပတ်နီးပါးရှိလာသည်အထိ ထွက်ပြေး တိမ်းရှောင်သွားသူ(၁၀)ဦးကို ဖမ်းဆီးရမိပြီ သို့မဟုတ် လာရောက်ဖမ်းဆီးခံပြီဟူသော သတင်း ထုတ်ပြန် ချက်များ မတွေ့ရခြင်းပင်။ “ဇွဲထက် သူဌေး ကတော့လာပြီး အဖမ်းခံတယ်လို့ ကြားနေရတယ်။ ကျန်တဲ့ သူတွေတော့ မသိသေးဘူး” ဟု စိတ်ချရသော သတင်းရင်းမြစ်တစ်ဦးက NP News ကို ဇွန်လ (၇) ရက် တွင် အတည်ပြုသည်။ နစက၏ သတင်းမှန် ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ အချို့သောပုဂ္ဂိုလ်များက နစကနှင့်လာရောက်ပူးပေါင်းခဲ့ကြောင်း ဇွန်လ(၅)ရက်က NP News ထံ အသိပေးခဲ့သော်လည်း မည်သည့်ပုဂ္ဂိုလ်များ ဖြစ်သည်ကို တိတိပပ ပြောဆိုထုတ်ပြန်ပေးရန် ရှောင်လွှဲခဲ့ သည်။ နစကသည် နိုင်ငံတော်ကို လက်ရှိအုပ်ချုပ်နေသော အစိုးရအဖွဲ့ ဖြစ်သည်။ အစိုးရ အဖွဲ့သည် နိုင်ငံတော် နှင့် ပြည်သူ လူထုအား နစ်နာစေခဲ့သော ပုဂ္ဂိုလ်များကို ဖော်ထုတ် အရေးယူရမည်မှာ တာဝန် ဖြစ်သည်။ အဆိုပါ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်မျက်နှာကိုမျှ ထောက်ရှုစရာလိုမည်ဟု မထင်။ အကယ်၍ ထောက်ရှုခဲ့သည်ဆိုလျှင်လည်း လူထုအကျိုးအတွက်သာ ဖြစ်သင့်သည်။ လူတစ်စု အတွက် ထောက်ရှုခြင်းမျိုး ဖြစ်ခဲ့လျှင် အစိုးရသည် အစိုးရမဟုတ်။ ရွှေလုပ်ငန်း နှင့်ပတ်သက်၍ အရေးယူမည်ဆိုသော နစက၏ ထုတ်ပြန်ချက်များသည် ဇွန်လ(၂)ရက်၏ နောက်ပိုင်း၌ ထူးထူးခြားခြား မရှိခဲ့ပေ။ သတင်းမှန်ပြန်ကြားရေး Viber Channel အတွင်း၌ သတင်းမီဒီယာအချို့က ရွှေသမား (၁၀)ဦး နှင့်ပတ်သက်၍ နောက်ဆက်တွဲ လုပ်ငန်းစဉ်များအကြောင်း ထုတ်ပြန်၍ရသလောက် ထုတ်ပြန်ပေးနိုင် ပါရန် ဇွန်လ(၇)ရက်တွင် မေးခွန်း မေးမြန်းခဲ့သည်။ သို့သော် ထိုနေ့က စာမပြန်ခဲ့ပါ။ အထူးသဖြင့် ထွက်ပြေး တိမ်းရှောင်သွားသူ(၁၀)ဦး နှင့်ပတ်သက်၍ ပြည်သူများက မဖြစ်မနေ သိရှိရန် လိုအပ်လာ ပြီဖြစ်သည်။ အဆိုပါ ရွှေသမားများက လူထုအား ဘေးဒုက္ခဖြစ်စေမည့် ရွှေဈေး ကမောက်ကမ မဖြစ်စေရန် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှား ဈေး ကစားခဲ့သူများ အမှန်တကယ်ဖြစ်ခဲ့လျှင် နစက၏ အရေးယူရမည့်လုပ်ငန်းစဉ်သည် တိကျရှင်းလင်း ပြတ်သားရန်သာလိုသည်။ သို့မဟုတ်ပါက နစက သည် ရိုးသားစွာလုပ်ကိုင်နေသော ရွှေသမားများအား အနိုင်အထက်ပြုကျင့်ရန် ထောင်ချောက်ဆင်သည်ဟု စွပ်စွဲမည့်သူများ ဆက်တိုက်ပေါ်လာနိုင်သည်။ နစက ၏ ဂုဏ်ဒြပ်အရည်အသွေးနှင့် ရိုးသားပွင့်လင်းမှု၊ မှန်ကန်မျှတမှုတို့သည် ယခုဖြစ်ရပ်က မှတ်ကျောက် တင်စရာ ပြယုဂ်တစ်ခု ဖြစ်မည်။ အစိုးရ၏လုပ်ရပ် သည် လူထုအတွက် မှန်ကန်မျှတသော ဆုံးဖြတ်ချက် အရေးယူမှုဖြစ်သည်ဟု မဖြစ်မနေပြသရမည် လည်း ဖြစ်သည်။ သို့သော် ယနေ့ ဇွန်လ(၇)ရက်အထိ ပြန်စာမရခဲ့သေးပါ။ လောကသားများကြား၌ ပြန်လည် ကြားသိနေရသော သတင်းအချို့တွင် ရွှေသမား(၁၀)ဦးသည် သို့မဟုတ် (၁၀)ဦးထက်များသော ပုဂ္ဂိုလ် များသည် ရွှေဈေးကစားရန် တပည့်တပန်းများ မွေး၍ နာရီပိုင်းအတွင်း ငွေရှာကြမ်းနိုင်ကြသူများ ဖြစ်နေသည်ဟု ဆိုသည်။ ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးကမူ တပည့်များမှတစ်ဆင့် နာရီပိုင်း အတွင်း ရွှေဈေး အတင်အချကို ကစားနိုင်သည့်အပြင် ငွေကြေးဈေးကွက်ကိုပါ ကမောက်ကမ ဖြစ်စေနိုင် သူများ ဖြစ်သည်ဟု ဆိုထားသည်။ ယင်းပြင် နိုင်ငံရေးအခြေအနေနှင့် ရောထွေးကာ သတင်းအမှား များကို သွယ်ဝိုက်ဖြန့်ချိ၍ ငွေရှာကြမ်းကြသူများ သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံရေးရည်ရွယ်ချက်များ ပါဝင်နေသည်ဟု ဆိုကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြုတ်ကျသွားစေနိုင်သည်အထိ ပြည်ပနိုင်ငံမှ ဒေါ်လာနှင့် ရွှေကစားသူများပါ ပူးပေါင်းပါဝင်ပတ်သက်ခဲ့ဖွယ်ရှိသည်ဟု သတင်းရင်းမြစ် အချို့က ပြောကြသည်။ ထိုအချက်သည် အတည်ပြုရန်လည်း ခက်၏။ မဟုတ်ဟုလည်း မဆိုနိုင်ပြန်။

နစက၏ ယခုလုပ်ရပ်ကို ရွှေနှင့်ပတ်သက်သော Group များနှင့် ဆက်စပ်ပတ်သက်သူများက ရင့်သီး ရိုင်းစိုင်းစွာ ပြစ်တင်ရှုတ်ချမှုများပြုလုပ်နေသည်ကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ရှုတ်ချ သူများ မှန်သည် မှားသည်ကို အတည်ပြုရန်မှာကား ထွက်ပြေးတိမ်းရှောင်နေသူ(၁၀)ဦး၏ နှုတ်ထွက် စကားက သာလျှင် သက်သေဖြစ်လိမ့်မည်ဖြစ်သည်။ နစက အနေဖြင့် မည်ကဲ့သို့ ဆက်လက်ကိုင်တွယ် မည်နည်း ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ရွှေသမား (၁၀)ဦးက ထွက်ပြေးတိမ်းရှောင်မှုကို နှစ်ပေါင်းများစွာ လုပ်လာခဲ့မည်ဆိုလျှင် ၎င်းတို့၏ ကျန်ရစ်ခဲ့သော လုပ်ငန်းများနှင့် မိသားစုက မည်သို့ ရှိမည်ထင်သနည်း။ ပြည်ပနိုင်ငံတစ်ခုခုမှနေ၍ မြန်မာနိုင်ငံ၏ ရွှေဈေးကွက်ကို ခြယ်လှယ်ရန်လည်း နည်းပညာခေတ်အရ ခက်လှသည်မဟုတ်ပေ။ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကလည်း နစက၏ တာဝန်ရှိသူများထံ နည်းလမ်း မျိုးစုံဖြင့် ရွှေလမ်းငွေလမ်း ခင်းကြမည်မှာ သေချာနေသည်။ သို့ဆိုလျှင် ရွှေသမားများ၏ကိစ္စက အီလည် လည်ဖြစ်နေမည်။ ဖမ်းလည်းမဖမ်းဆီးနိုင်သကဲ့သို့လာ၍ လည်း ဖမ်းဆီးမခံခဲ့လျှင် နစက၏ထုတ်ပြန်ချက်သည်ကား စက္ကူစာရွက်တစ်ရွက်ထက် မပိုသောအဆင့်ကို နေ့ချင်းညချင်း ရောက်သွားမည်ဖြစ်သည်။ ပို၍ဆိုးသည်က နစက၏အာဏာသည် တစ်မိုင်ပတ်လည် ထက် ပို၍လွှမ်းမိုးမှု မရှိသကဲ့သို့ ကျဆင်းနေလိမ့်မည် ဖြစ်သည်။ နိုင်ငံတော်၏ကြေညာချက်အရ ပြစ်မှု ကျုူးလွန်သူတစ်ဦး ဦးသည် ပြစ်မှုကို ရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ပါက ၎င်းပိုင်ဆိုင်သော ပစ္စည်း ဥစ္စာများသည် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းနိုင်ကြောင်း ဥပဒေက ပြဋ္ဌာန်းထားသည်။ သက်ဆိုင်သူများအနေဖြင့်လည်း ဖမ်းဝရမ်းထုတ်ခံထားရသော သို့မဟုတ် မြန်မာ့မြေပေါ်သို့ ပြန်လည် ခြေချခွင့်ရရန် မသေချာတော့သော အပြစ်သားများ မဖြစ်စေရန် တရား ရင်ဆိုင်သင့်သည်။ သို့မဟုတ်ဘဲ မိသားစုများအား အကြောင်းပြချက်အမျိုးမျိုးဖြင့် နိုင်ငံခြားအလည်အပတ်လုပ်ကာ ထပ်ဆင့်ထွက်ပြေး တိမ်းရှောင်စေခြင်း၊ ပိုင်ဆိုင်မှုများကို တစ်နည်းနည်းဖြင့် ပြောင်းရွှေ့ပစ်ခြင်းအပါအဝင် အစိုးရ၏အာဏာကို လှည့်စားအံတုခြင်းများ လုပ်မလာနိုင်ဟု မှတ်ယူရန် မသင့်ပေ။ဘက်ပေါင်းစုံမှ စဉ်းစားပြီးသည့် နောက် နစကအား သတင်းစာဆရာတစ်ဦးအနေဖြင့် မေးစရာမေးခွန်းများ ရှိလာသည်။ ရွှေသမား(၁၀)ဦး အား တရားရုံးတစ်ခုခု၌ တရားစွဲဆိုထားခြင်းလုပ်ငန်းစဉ် ရှိပြီးပါရဲ့လား၊ တရား စွဲထားပြီးပါလျှင် သက် ဆိုင်ရာ မိသားစုများထံ ဆက်သွယ်အကြောင်းကြား၍ လာရောက်ဖမ်းဆီးခံရန် သတိပေးပြီးပါရဲ့လား၊ ဖမ်းဝရမ်းထုတ်ပြန်ထားပြီးပါရဲ့လား၊ ဖမ်းဝရမ်းကို သက်ဆိုင်ရာပြည်ပနိုင်ငံများထံ ဆင့်ကဲအကြောင်း ကြားပြီးပါရဲ့လား၊ လုပ်ငန်းစဉ် အားလုံးပြီးစီးနေသည့်တိုင် လာရောက်ဖမ်းဆီးခံခြင်း မရှိလျှင် သက်ဆိုင် ရာ ကျူးလွန်သူ၏ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆက်လုပ်ပါမည်လား စသဖြင့် ထို့ထက်  ပိုသော မေးခွန်းများကို မေးလိုပါတော့သည်။ 

သို့သော် . . . ။

ဇွန်လ(၂)ရက်နောက်ပိုင်း၌ နစကဘက်က ထပ်ဆင့်ထုတ်ပြန်သော အခြားကိစ္စများကို မြင်တွေ့ရ သည်။ နိုင်ငံခြားငွေကြေးကစားသူ ဟွန်ဒီလုပ်ငန်းများ လုပ်ကိုင်နေသည့် လူပုဂ္ဂိုလ်(၃၉)ဦးကို စိစစ်ဖော် ထုတ်ပြီးနောက် ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်ခဲ့သော ပုဂ္ဂိုလ်(၁၄)ဦးကို ဖမ်းဆီးစစ်ဆေးထားပြီး အခြားသော ထွက်ပြေးသူ(၁၁)ဦးကို ဖမ်းဆီးနိုင်ရေးအတွက် ကြိုးစားနေခြင်း၊ ပြည်ပနိုင်ငံများတွင် ကွန်ဒိုအခန်းများဝယ်ယူသည့် မြန်မာများ အတွက် တရားမဝင် ဟွန်ဒီစနစ်ဖြင့် ငွေကြေးလွှဲပြောင်းပေးသူ ဖမ်းဆီးစစ်ဆေးခြင်းနှင့် ထွက်ပြေး တိမ်းရှောင်သူများကို ထုတ်ပြန်ကြေညာခြင်း အစရှိသည့်ကိစ္စများ ဖြစ်သည်။ နစကအနေဖြင့် ရွှေနှင့် ဒေါ်လာဈေးကွက် မတည်မငြိမ်ဖြစ်စေမှုနှင့်ဆက်စပ်သော ပုဂ္ဂိုလ်ပေါင်း (၁၀ဝ)ထက်မနည်းကို ခေါ်ယူစစ်ဆေးခဲ့ပုံရသည်။ ထိုအထဲမှ (၃၀)ထက်မနည်းက ထွက်ပြေးတိမ်းရှောင် သွားသည်။ ထွက်ပြေးတိမ်းရှောင်လျှင် လွတ်မြောက်သွားပြီဟု အဓိပ္ပာယ်ဖွင့်ရမည်လောဟု နစကကို မေးခွန်း ထုတ်လိုသည်။ တရားဥပဒေသည် ကောင်းကင် ကဲ့သို့ တည်မြဲသည်ဆိုပါလျှင် စကြာဝဠာအောက်၌ ရပ်တည်နေသူတိုင်း လွတ်ရိုးထုံးစံ မရှိသင့်ပေ။ လွတ်သွားခဲ့လျှင် ဖမ်းဆီးနိုင်ခြင်း မရှိတော့ကြောင်း နစက ဘက်က သွယ်ဝိုက်ဝန်ခံသကဲ့သို့ ဖြစ်နေမည်။ ပြစ်မှု ကျူးလွန်သူဟုသတ်မှတ်ခံရလျှင် အမှန် တကယ် ကျူးလွန်ခဲ့သည်ဖြစ်စေ၊ မကျူးလွန်ခဲ့သည်ဖြစ်စေ တရားစီရင်ရန်အတွက် တရားဥပဒေရှိ ထားပြီးဖြစ်သည်။ ထို့အတွက်ကြောင့် နစက၏လုပ်ထုံးလုပ်နည်းများသည် ပြတ်သားရှင်းလင်းရန်လို သည်။ အမိန့်အာဏာ တည်မြဲရန်လိုသည်။ ရွှေသမား(၁၀)ဦး သို့မဟုတ် ထို့ထက်နည်းသော/များသော ပုဂ္ဂိုလ်များ၊ ငွေကြေးဈေးကွက်ကစားသူများနှင့် နစက၏ အာဏာစက်သည် အနာဂတ်ကို ဆုံးဖြတ်ပေး မည်ဖြစ်သည်။ ဆက်လက်စောင့်ကြည့်ရန်သာ . . . ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကောင်းဆုံး ဟာသဆုများ စတင်ချီးမြှင့်တော့မည်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved