Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကိုလျှော့ချနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံများကြား ဆွေးနွေးမယ်လို့ BRICS အဖွဲ့ပြော

ဂျန်ဇက် (NP News) - ဧပြီ ၃


ယူကရိန်း စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ အသုံးပြုမှုတွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းမှုခြေလှမ်းအဖြစ် BRICS အဖွဲ့ဝင်နိုင်ငံများကလည်း လာမယ့်ထိပ်သီးအစည်းအဝေးအတွင်း  ဆွေးနွေးသွားမှာဖြစ်ကြောင်းသိရပါတယ်။


BRICS အဖွဲ့ကို ၂ဝဝ၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘရာဇီး နဲ့ တောင်အာဖရိကတို့ ဦးဆောင်ပါဝင်လျက်ရှိနေပြီး

အဆိုပါအဖွဲ့ရဲ့ လူဦးရေဟာ (၃ ဒသမ ၂၄)ဘီလျံရှိနေကာ ကမ္ဘာ့လူဦးရေအားလုံးရဲ့ ၃ ပုံ ၁ ပုံကျော် ရှိနေကြောင်းသိရပါတယ်။ BRICS အဖွဲ့ဝင်နိုင်ငံများရဲ့ထိပ်သီးအစည်းအဝေးကိုလာမယ့် သြဂုတ်လမှာကျင်းပမှာဖြစ်ပြီး တောင်အာဖရိကနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယ၊ တရုတ် နဲ့ ရုရှားတို့ဟာ အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကိုစတင်ခဲ့ပြီး အပြန်အလှန်ကုန် သွယ်မှုတွေမှာ ပြည်တွင်းသုံးငွေကြေးနဲ့ ငွေပေးချေမှုတွေလုပ်ဖို့ သဘောတူညီထားပါတယ်။ 


ရုရှားလွှတ်တော် တာဝန်ရှိသူတစ်ဦးက BRICS  အဖွဲ့ဟာ လာမယ့်ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်ဒေါ်လာ၊ ယူရိုသုံးစွဲမှုတွေကိုလျှော့ချဖို့ ကိုယ်ပိုင်ငွေကြေး တည်ထောင်ခြင်းများလုပ်ဆောင်လာဖွယ်ရှိနေကြောင်းဆိုပါတယ်။ အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးကလည်း အိန္ဒိယနိုင်ငံအနေနဲ့ နိုင်ငံခြားကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ် လာအသုံးပြုမှုတွေကို မလုပ်တော့ဘဲ အမေရိကန်ဒေါ်လာနေရာမှာ အိန္ဒိယနိုင်ငံသုံးငွေကြေး ရူပီးကို အဓိကထား အသုံးပြုသွားမှာဖြစ်တယ်လို့ပြောပါတယ်။ 


အိန္ဒိယအစိုးရက လုပ်ဆောင်မယ့် မူဝါဒအသစ်ဟာ အမေရိကန်ဒေါ်လာ လိုအပ်ချက်နဲ့ရင် ဆိုင်နေရတဲ့ နိုင်ငံများအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ပိတ်ဆို့မှုခံနေရတဲ့ ရုရှားဟာ တရုတ်၊ အိန္ဒိယတို့ နဲ့ ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာကို အသုံးမပြုတော့ဘဲ ပြည်တွင်း ငွေကြေးကိုသာ အသုံးပြုနေပါတယ်။လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံအများစုဟာ အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကိုလျှော့ချပြီး ပြည်တွင်းငွေကြေးအသုံးပြုကာ ပေးချေဖို့ စီစဉ်နေကြောင်းသိရပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - ဧပြီ ၃










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နမ့်လန်-သီပေါကားလမ်းတွင် မှန်လုံကားတစ်စီး ချောက်အတွင်းသို့ ပြုတ်ကျသဖြင့် ကားပေါ်ပါ လူ(၄)ဦးပွဲချင်းပြီးသေဆုံး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved