Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မကွေးမြို့ရှိ (၁၂ဝ)မဂ္ဂါဝပ်ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို လာမည့် ဒီဇင်ဘာလတွင် ဓာတ်အားစတင်ထုတ်လုပ်နိုင်ရန် မျှော်မှန်း

ယွန်း (NP News) - ဧပြီ ၂


မ‌ကွေးမြို့အနီးရှိ နေရောင်ခြည်စွမ်းအင် နှင့် သဘာဝဓာတ်‌ငွေ့အင်ဂျင်ပေါင်းစပ်သုံး ဓာတ် အားပေးစက်ရုံ စီမံကိန်းကို သတ်မှတ်ရက်တွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးမှ တိုက်တွန်းပြောဆိုခဲ့သည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဧပြီလ(၁)ရက်တွင် အဆိုပါဓာတ်အားပေးစက်ရုံကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


အဆိုပါ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်‌ငွေ့အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မကွေးတိုင်း၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာဧက (၄၉ဝ)ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။


စက်တပ်ဆင်အင်အား (၁၂ဝ)မဂ္ဂါဝပ်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးပြီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို (၁၃၂)ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်‌ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။


ယခင်က အဆိုပါ (၁၂ဝ)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို လျှပ်စစ် မီးထုတ်လုပ်နိုင်ရန် သတ်မှတ်ရက် ထားရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှုများရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။


ထို့ကြောင့် သတ်မှတ်ရက်ထပ်မံပေးခဲ့ပြီး အဆိုပါ သတ်မှတ်ရက်တွင် လျှပ်စစ်မီးထုတ်လုပ်ရန် လိုအပ်ကြောင်း ၎င်းမှ တိုက်တွန်းပြောဆိုခဲ့သည်။


လက်ရှိတွင် စီမံကိန်းအတွက် တည်ဆောက်ရေးလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း သိရသည်။


စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်အ‌ရည်အသွေး ပြည့်မီစေရန်နှင့် အခက်အခဲရှိပါက ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုထားသည်။


အဆိုပါ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်‌ငွေ့အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို လာမည့် ဒီဇင်ဘာလတွင် (၁၂ဝ)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

zawgyi version



ယွန်း (NP News) - ဧပြီ ၂



















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လေဆင်နှာမောင်းများ ဆက်တိုက်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် အမေရိကန်တောင်ပိုင်းမှာ အနည်းဆုံးလူပေါင်း (၃ဝ)နီးပါးသေဆုံး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved