Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် အနည်းဆုံးလူ(၃)ဦး သေဆုံး

Pika (NP News) - ဒီဇင်ဘာ ၂၅

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘက်ဖလိုမြို့တွင် အားပြင်းသော နှင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဆီးနှင်းများ စံချိန်တင်ဖုံးလွှမ်းခဲ့ပြီး အပူချိန်များ ဆိုးရွားစွာကျဆင်းသွားခဲ့ကြောင်း သိရသည်။ဘက်ဖလိုမြို့တွင် ဒီဇင်ဘာ(၂၃)ရက်က နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နှင်းထုသည် (၂၂) လက်မကျော်ထိ ရှိခဲ့ကြောင်း၊ ၁၉၇၆ ခုနှစ်တွင် စံချိန်တင်ထားသော နှင်းထု(၁၂ ဒသမ ၆) လက်မကို ကျော်သွားခဲ့ကြောင်း မိုးလေဝသ ဌာနက ဒီဇင်ဘာ(၂၄)ရက်တွင် ပြောကြားခဲ့သည်။

Erie ကောင်တီအမှုဆောင်အရာရှိချုပ် မာ့ခ်ပိုလွန်ကာ့ဇ် က "ဒီနှင်းမုန်တိုင်းဟာ သမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်း တစ်ခုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ကားတွေထဲမှာ ပိတ်မိနေတဲ့လူက ရာနဲ့ချီပြီးရှိနေနိုင်ပါသေးတယ်" ဟု ပြောဆိုခဲ့သည်။

အဆိုပါ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံးလူ(၃) ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်၊၊ Cheektowaga မြို့တွင် ဒီဇင်ဘာ(၂၄)ရက် အစောပိုင်းက အရေးပေါ်ကယ်ဆယ်ရေးသမားများသည် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသော်လည်း လူ(၂)ဦး သေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါ လူ(၂)ဦးသေဆုံးရသည့်အကြောင်းအရင်းမှာ ကားထဲတွင်ပိတ်မိနေ၍ မဟုတ်ဘဲ အရေးပေါ်ဆေးကုသမှုများ မလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း Erie ကောင်တီအမှုဆောင်အရာရှိချုပ် မာ့ခ်ပိုလွန်ကာ့ဇ် က ပြောကြားခဲ့သည်။

သို့သော်လည်း အရေးပေါ်ကယ်ဆယ်ရေးသမားများနှင့် ရဲတပ်ဖွဲ့များသည် ကားထဲတွင် ပိတ်မိနေသောသူများကို တစ်နေ့လုံး လိုက်လံကယ်ဆယ်နေရသည့် အစီရင်ခံစာများစွာရှိကြောင်း သိရသည်။ မိုးလေဝသပညာရှင် ရိဒ်ထရီမာ က အမိုးအကာအောက်တွင် ခုနစ်နာရီကြာပိတ်မိနေသော မိသားစုတစ်ခုအား ကယ်ဆယ်ခဲ့ရပုံကို တွစ်တာပေါ်တွင် အသေးစိတ်ရေးသားဖော်ပြခဲ့သည်။ မိုးလေဝသပညာရှင် ရိဒ်ထရီမာ က "ကျွန်တော်မှတ်တမ်းတင်ထားဖူးသမျှထဲမှာတော့ အဆိုးရွားဆုံး နှင်းမုန်တိုင်းတစ်ခုပါပဲ" ဟု ပြောဆိုခဲ့သည်။

ဘက်ဖလိုမြို့တွင် တတိယမြောက်တစ်ဦးသေဆုံးခဲ့ပြီး ၎င်းသေဆုံးရသည့်အကြောင်းအရင်းကို Erie ကောင်တီအမှုဆောင်အရာရှိချုပ် မာ့ခ်ပိုလွန်ကာ့ဇ် က အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိကြောင်းလည်း သိရသည်။ Erie ကောင်တီအမှုဆောင်အရာရှိချုပ် မာ့ခ်ပိုလွန်ကာ့ဇ် က "အခြားသတင်းတွေက ကောလဟာလတွေပါ၊၊ လောလောဆယ် သေဆုံးတဲ့သူကတော့ (၃) ဦးပဲ အတည်ပြုနိုင် သေးပါတယ်" ဟု တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။


Zawgyi Version;

အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္တြင္ ဆီးႏွင္းမ်ား ထူထပ္စြာက်ဆင္းမႈေၾကာင့္ အနည္းဆုံးလူ(၃)ဦး ေသဆုံး

Pika (NP News) - ဒီဇင္ဘာ ၂၅    

အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္ ဘက္ဖလိုၿမိဳ႕တြင္ အားျပင္းေသာ ႏွင္းမုန္တိုင္းတစ္ခု ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ ဆီးႏွင္းမ်ား စံခ်ိန္တင္ဖုံးလႊမ္းခဲ့ၿပီး အပူခ်ိန္မ်ား ဆိုး႐ြားစြာက်ဆင္းသြားခဲ့ေၾကာင္း သိရသည္။     ဘက္ဖလိုၿမိဳ႕တြင္ ဒီဇင္ဘာ(၂၃)ရက္က ႏွင္းမုန္တိုင္းတိုက္ခတ္မႈေၾကာင့္ ႏွင္းထုသည္ (၂၂) လက္မေက်ာ္ထိ ရွိခဲ့ ေၾကာင္း၊ ၁၉၇၆ ခုႏွစ္တြင္ စံခ်ိန္တင္ထားေသာ ႏွင္းထု(၁၂ ဒသမ ၆) လက္မကို ေက်ာ္သြားခဲ့ေၾကာင္း မိုးေလဝသ ဌာနက ဒီဇင္ဘာ(၂၄)ရက္တြင္ ေျပာၾကားခဲ့သည္။    

Erie ေကာင္တီအမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ပိုလြန္ကာ့ဇ္ က "ဒီႏွင္းမုန္တိုင္းဟာ သမိုင္းမွာ အဆိုး႐ြားဆုံး မုန္တိုင္း တစ္ခုျဖစ္လာႏိုင္ဖြယ္ရွိပါတယ္။ ကားေတြထဲမွာ ပိတ္မိေနတဲ့လူက ရာနဲ႔ခ်ီၿပီးရွိေနႏိုင္ပါေသးတယ္" ဟု ေျပာဆိုခဲ့သည္။    

အဆိုပါ ႏွင္းမုန္တိုင္းတိုက္ခတ္မႈေၾကာင့္ အနည္းဆုံးလူ(၃) ဦး ေသဆုံးခဲ့ေၾကာင္းလည္း သိရသည္၊၊ Cheektowaga ၿမိဳ႕တြင္ ဒီဇင္ဘာ(၂၄)ရက္ အေစာပိုင္းက အေရးေပၚကယ္ဆယ္ေရးသမားမ်ားသည္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ၾကေသာ္လည္း လူ(၂)ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။     အဆိုပါ လူ(၂)ဦးေသဆုံးရသည့္အေၾကာင္းအရင္းမွာ ကားထဲတြင္ပိတ္မိေန၍ မဟုတ္ဘဲ အေရးေပၚေဆးကုသမႈမ်ား မလုပ္ေဆာင္ႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း Erie ေကာင္တီအမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ပိုလြန္ကာ့ဇ္ က ေျပာၾကား ခဲ့သည္။ သို႔ေသာ္လည္း အေရးေပၚကယ္ဆယ္ေရးသမားမ်ားႏွင့္ ရဲတပ္ဖြဲ႕မ်ားသည္ ကားထဲတြင္ ပိတ္မိေနေသာသူမ်ားကို တစ္ေန႔လုံး လိုက္လံကယ္ဆယ္ေနရသည့္ အစီရင္ခံစာမ်ားစြာရွိေၾကာင္း သိရသည္။     

မိုးေလဝသပညာရွင္ ရိဒ္ထရီမာ က အမိုးအကာေအာက္တြင္ ခုနစ္နာရီၾကာပိတ္မိေနေသာ မိသားစုတစ္ခုအား ကယ္ဆယ္ခဲ့ရပုံကို တြစ္တာေပၚတြင္ အေသးစိတ္ေရးသားေဖာ္ျပခဲ့သည္။ မိုးေလဝသပညာရွင္ ရိဒ္ထရီမာ က "ကြၽန္ေတာ္မွတ္တမ္းတင္ထားဖူးသမွ်ထဲမွာေတာ့ အဆိုး႐ြားဆုံး ႏွင္းမုန္တိုင္းတစ္ခုပါပဲ" ဟု ေျပာဆိုခဲ့သည္။    

ဘက္ဖလိုၿမိဳ႕တြင္ တတိယေျမာက္တစ္ဦးေသဆုံးခဲ့ၿပီး ၎ေသဆုံးရသည့္အေၾကာင္းအရင္းကို Erie ေကာင္တီအမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ပိုလြန္ကာ့ဇ္ က အေသးစိတ္ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္။     

Erie ေကာင္တီအမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ပိုလြန္ကာ့ဇ္ က "အျခားသတင္းေတြက ေကာလဟာလေတြပါ၊၊ ေလာေလာဆယ္ ေသဆုံးတဲ့သူကေတာ့ (၃) ဦးပဲ အတည္ျပဳႏိုင္ေသးပါတယ္" ဟု တြစ္တာေပၚတြင္ ေရးသားေဖာ္ျပခဲ့သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ်လမ်း ပိတ်ထားမှု (၅)ရက်ရှိပြီဖြစ်ကာ ကားအစီးရေ ရာချီပိတ်မိနေပြီး ကုန်စည်စီးဆင်းမှုအပေါ် များစွာထိခိုက်နေ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved