ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အမ်ဝမ်နေရာမှာ အစားထိုးတာဝန်ယူမယ့် ထိုင်ဝမ် သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆို
ဂျန်ဇက် (NSS) - မေ ၂ဝ
ထိုင်ဝမ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ Lai Ching-te ဟာ မေလ ၂ဝ ရက်မှာ ထိုင်ဝမ်သမ္မတအသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြောင်း သိရပါတယ်။
၎င်းဟာ အနောက်အုပ်စုလိုလားသူဖြစ်ပြီး လစ်ဘရယ် အတွေးခေါ်ကို လက်ခံကျင့်သုံးသူဖြစ်ရာ တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုများ ပိုမိုဖြစ်လာဖွယ်ရှိနေတယ်လို့ ထင်ကြေးပေးသုံးသပ်မှုတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ် ကို ၎င်းတို့ ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ လိုလားနေရာလိုအပ်ရင် အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် ထိုင်ဝမ်က တရုတ်လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းနေရာ အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အမ်ဝမ် လက်ထက်မှာ တရုတ်က ထိုင်ဝမ်ကို စစ်ရေးနည်းလမ်းနဲ့ ဖိအားပေးခဲ့ပြီး တရုတ်စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ပိုင်နက်တွေကို မကြာခဏ ကျူးကျော်ဝင်ရောက်ကာ ခြိမ်းခြောက်နေခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတအသစ်က "တရုတ်နိုင်ငံကို ထိုင်ဝမ်ရဲ့နိုင်ငံရေး၊ စစ်ရေးကိစ္စတွေကို ခြိမ်းခြောက်ဟန့်တားနေတာ တွေ ရပ်တန့်ဖို့ တောင်းဆိုလိုတယ်။ ထိုင်ဝမ်အစိုးရဟာ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းနိုင်ဖို့ အလုပ်တွေကို အပြင်းထန်လုပ်ဆောင်နေတယ်။ ကမ္ဘာကြီးကိုလည်း စိုးရိမ်ကြောက်ရွံ့မှုမရှိတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်ဆောင်နေတယ်။
ထိုင်ဝမ်ဟာ ဒီမိုကရေစီအရေးနဲ့လွှတ်လပ်ခွင့်တွေအတွက် ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသော ရွေးချယ်မှုနဲ့ သာယာဝပြောရေးဟာ ကျွန်တော်တို့ရဲ့ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ပန်းတိုင်ဖြစ်တယ်" လို့ ပြောပါတယ်။
တရုတ်အစိုးရကိုယ်တိုင်က ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ယူမယ့်သူဟာ ထိုင်ဝမ်ကျွန်းအရေးကိစ္စကို အခက်အခဲ ပြဿနာတွေဖြစ်လာအောင် ဖန်တီးမယ့်သူအဖြစ် အစောပိုင်းက ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နာမည်ကျော် နတ်သံကွင်းတိုက်ပွဲ ဘယ်လိုတွေ ဆင်နွှဲခဲ့ကြရသလဲ (သီးသန့်အင်တာဗျူး)
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ