Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တူနီးရှားနိုင်ငံမှာ မိုးခေါင်ရေရှားမှုကြောင့် တစ်ညလျှင် (၇)နာရီကြာ ရေပေးဝေမှုဖြတ်တောက်မှုများ ပြုလုပ်နေ

ရောင်နီ (NP News) - ဧပြီ ၁

       

တူနီးရှားနိုင်ငံမှာ စံချိန်တင် အဆိုးရွားဆုံး မိုးခေါင်မှုကို တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံသားများအတွက် တစ်ညလျှင် ရေပေးဝေမှု (၇)နာရီ ဖြတ်တောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် ရေဖြန့်ဖြူးရေးကုမ္ပဏီ SONEDE က ပြောကြားခဲ့ပါတယ်။ 

         

မိုးခေါင်ရေရှားမှုဒဏ်ခံနေရတဲ့ နိုင်ငံဟာ နွေရာသီအတွက် ရေလို အပ်ချက်ကို ချိန်ညှိထားတာကြောင့် ရေအသုံးပြုမှုအပေါ် တင်းကြပ်သော ကန့်သတ်ချက်များ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ လယ်ယာမြေ သို့မဟုတ် စိမ်းလန်းသော နေရာများမှာ စိုက်ပျိုးရေး ပြုလုပ်ဖို့ သို့မဟုတ် အများသူငှာနေရာများ သို့မဟုတ် ကားများ သန့်ရှင်းရေးအတွက် ရေအသုံးပြုခြင်းကို တားမြစ်ထားပါတယ်။ 


SONEDE က သောကြာနေ့(မတ်လ ၃၁ ရက်)မှစတင်ကာ နေ့စဉ် ရေကို ည ၉ နာရီမှ နံနက် ၄ နာရီအထိ နေ့စဉ်ဖြတ်တောက်မည်ဖြစ်ပြီး ချက်ချင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ လေးနှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုကြောင့် နိုင်ငံအတွင်း မကြုံစဖူးဖြစ်တဲ့ ယင်း ဆုံးဖြတ်ချက်ကို နားလည်ပေးရန် တူနီးရှားပြည်သူကို တောင်းဆိုထားပါတယ်။ 


“နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားမှုနဲ့ ရေလှောင်ကန်တွေဆီ ရေစီးဆင်းမှုနည်းလာခြင်းက နိုင်ငံရဲ့ ရေသိုလှောင်မှုကို ထိခိုက်ခဲ့ပြီး၊ မကြုံစဖူး အခြေအနေတစ်ခုအထိ ရောက်သွားခဲ့တယ်” လို့ ဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။


ဆုံးဖြတ်ချက်အသစ်ဟာ ဆင်းရဲနွမ်းပါးသော ပြည်သူ့ဝန်ဆောင်မှုများ၊ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးအားနည်းမှုများ ခံစားနေရတဲ့ နိုင်ငံမှာ စားနပ်ရိက္ခာအတွက် ခြိမ်းခြောက်မှုကို ပိုတိုးစေခဲ့ပါတယ်။ မြောက်အာဖရိကနိုင်ငံရဲ့ ရေကာတာတွေဟာ နှစ်ပေါင်းများစွာ မိုးခေါင်ပြီးနောက် ရေအနိမ့်ဆုံး အဆင့်သို့ရောက်ရှိနေပြီး ပိုက်လိုင်းယိုစိမ့်မှုကြောင့် ဖြန့်ဖြူးရေးကွန်ရက်ကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ တူနီးရှားဟာ ၎င်းရဲ့ ရေကာတာ ပမာဏ ခန့်မှန်းခြေ ကုဗမီတာ တစ်ဘီလျံ သို့မဟုတ် ၃ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ ဟာမာဒီဟာဘစ်က ပြောကြားခဲ့ပါတယ်။ 


အထူးသဖြင့် လာမည့်ရာသီအတွက် သီးနှံများနဲ့ပတ်သက်ပြီး  စိုးရိမ်မှုများရှိကြောင်း တောင်သူလယ်သမားသမဂ္ဂများက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစပါး ရိတ်သိမ်းမှု ညံ့ဖျင်းခြင်းဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းက ယူကရိန်းကို ရုရှားကျူးကျော်မှုနောက်ပိုင်း နိုင်ငံတ ကာဂျုံဈေးများ တဟုန်ထိုးတက်နေတဲ့အတွက် တူနီးရှားရဲ့ ဂျုံမှုန့်အလုံအလောက် ဝယ်ယူနိုင်စွမ်းကိုလည်း နိမ့်ကျစေကာစားနပ် ရိက္ခာပြဿနာများကို ထပ်တိုးစေမည်ဖြစ်ပါတယ်။ တူနီးရှား စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်က မိုးရွာသွန်းမှု မရှိခြင်းကြောင့် လယ်မြေ ဟက်တာထောင်နဲ့ချီ ပလပ်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

      

အပူလှိုင်းများဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ထင်ရှားသော အမှတ် အသားတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း မိုးခေါင်ရေရှားမှုများ မကြာ ခဏဖြစ်ကာ ပိုမိုပြင်းထန်လာနိုင်မယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားပါတယ်။

zawgyi version

တူနီးရွားႏိုင္ငံမွာ မိုးေခါင္ေရရွားမႈေၾကာင့္ တစ္ညလွ်င္ (၇)နာရီၾကာ ေရေပးေဝမႈျဖတ္ေတာက္မႈမ်ား ျပဳလုပ္ေန

ေရာင္နီ (NP News) - ဧၿပီ ၁

       

တူနီးရွားႏိုင္ငံမွာ စံခ်ိန္တင္ အဆိုး႐ြားဆုံး မိုးေခါင္မႈကို တုံ႔ျပန္တဲ့ အေနနဲ႔ ႏိုင္ငံသားမ်ားအတြက္ တစ္ညလွ်င္ ေရေပးေဝမႈ (၇)နာရီ ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း ႏိုင္ငံပိုင္ ေရျဖန႔္ျဖဴးေရးကုမၸဏီ SONEDE က ေျပာၾကားခဲ့ပါတယ္။ 

         

မိုးေခါင္ေရရွားမႈဒဏ္ခံေနရတဲ့ ႏိုင္ငံဟာ ေႏြရာသီအတြက္ ေရလို အပ္ခ်က္ကို ခ်ိန္ညႇိထားတာေၾကာင့္ ေရအသုံးျပဳမႈအေပၚ တင္းၾကပ္ေသာ ကန႔္သတ္ခ်က္မ်ား ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။ လယ္ယာေျမ သို႔မဟုတ္ စိမ္းလန္းေသာ ေနရာမ်ားမွာ စိုက္ပ်ိဳးေရး ျပဳလုပ္ဖို႔ သို႔မဟုတ္ အမ်ားသူငွာေနရာမ်ား သို႔မဟုတ္ ကားမ်ား သန႔္ရွင္းေရးအတြက္ ေရအသုံးျပဳျခင္းကို တားျမစ္ထားပါတယ္။ 


SONEDE က ေသာၾကာေန႔(မတ္လ ၃၁ ရက္)မွစတင္ကာ ေန႔စဥ္ ေရကို ည ၉ နာရီမွ နံနက္ ၄ နာရီအထိ ေန႔စဥ္ျဖတ္ေတာက္မည္ျဖစ္ၿပီး ခ်က္ခ်င္းအက်ိဳးသက္ေရာက္မႈရွိမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ကာ ေလးႏွစ္ဆက္တိုက္ မိုးေခါင္ေရရွားမႈေၾကာင့္ ႏိုင္ငံအတြင္း မႀကဳံစဖူးျဖစ္တဲ့ ယင္း ဆုံးျဖတ္ခ်က္ကို နားလည္ေပးရန္ တူနီးရွားျပည္သူကို ေတာင္းဆိုထားပါတယ္။ 


“ႏွစ္ေပါင္းမ်ားစြာ မိုးေခါင္ေရရွားမႈနဲ႔ ေရေလွာင္ကန္ေတြဆီ ေရစီးဆင္းမႈနည္းလာျခင္းက ႏိုင္ငံရဲ႕ ေရသိုေလွာင္မႈကို ထိခိုက္ခဲ့ၿပီး၊ မႀကဳံစဖူး အေျခအေနတစ္ခုအထိ ေရာက္သြားခဲ့တယ္” လို႔ ဝန္ႀကီး ဌာနက ေျပာၾကားခဲ့ပါတယ္။


ဆုံးျဖတ္ခ်က္အသစ္ဟာ ဆင္းရဲႏြမ္းပါးေသာ ျပည္သူ႔ဝန္ေဆာင္မႈမ်ား၊ ေငြေၾကးေဖာင္းပြမႈနဲ႔ စီးပြားေရးအားနည္းမႈမ်ား ခံစားေနရတဲ့ ႏိုင္ငံမွာ စားနပ္ရိကၡာအတြက္ ၿခိမ္းေျခာက္မႈကို ပိုတိုးေစခဲ့ပါတယ္။ ေျမာက္အာဖရိကႏိုင္ငံရဲ႕ ေရကာတာေတြဟာ ႏွစ္ေပါင္းမ်ားစြာ မိုးေခါင္ၿပီးေနာက္ ေရအနိမ့္ဆုံး အဆင့္သို႔ေရာက္ရွိေနၿပီး ပိုက္လိုင္းယိုစိမ့္မႈေၾကာင့္ ျဖန႔္ျဖဴးေရးကြန္ရက္ကို ပိုမိုဆိုး႐ြားလာေစခဲ့ပါတယ္။ တူနီးရွားဟာ ၎ရဲ႕ ေရကာတာ ပမာဏ ခန႔္မွန္းေျခ ကုဗမီတာ တစ္ဘီလ်ံ သို႔မဟုတ္ ၃ဝ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားခဲ့ေၾကာင္း စိုက္ပ်ိဳးေရးဝန္ႀကီးဌာန အႀကီးတန္း အရာရွိ ဟာမာဒီဟာဘစ္က ေျပာၾကားခဲ့ပါတယ္။ 


အထူးသျဖင့္ လာမည့္ရာသီအတြက္ သီးႏွံမ်ားနဲ႔ပတ္သက္ၿပီး  စိုးရိမ္မႈမ်ားရွိေၾကာင္း ေတာင္သူလယ္သမားသမဂၢမ်ားက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ မိုးေခါင္ေရရွားမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပည္တြင္းစပါး ရိတ္သိမ္းမႈ ညံ့ဖ်င္းျခင္းဟာ ၿပီးခဲ့တဲ့ႏွစ္အေစာပိုင္းက ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈေနာက္ပိုင္း ႏိုင္ငံတ ကာဂ်ဳံေဈးမ်ား တဟုန္ထိုးတက္ေနတဲ့အတြက္ တူနီးရွားရဲ႕ ဂ်ဳံမႈန႔္အလုံအေလာက္ ဝယ္ယူႏိုင္စြမ္းကိုလည္း နိမ့္က်ေစကာစားနပ္ ရိကၡာျပႆနာမ်ားကို ထပ္တိုးေစမည္ျဖစ္ပါတယ္။ တူနီးရွား စိုက္ပ်ိဳးေရးနဲ႔ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္က မိုး႐ြာသြန္းမႈ မရွိျခင္းေၾကာင့္ လယ္ေျမ ဟက္တာေထာင္နဲ႔ခ်ီ ပလပ္သြားႏိုင္တဲ့ အႏၲရာယ္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ 

      

အပူလႈိင္းမ်ားဟာ ကမာၻႀကီးပူေႏြးလာမႈရဲ႕ ထင္ရွားေသာ အမွတ္ အသားတစ္ခုျဖစ္ၿပီး ကမာၻတစ္ဝွမ္း မိုးေခါင္ေရရွားမႈမ်ား မၾကာ ခဏျဖစ္ကာ ပိုမိုျပင္းထန္လာႏိုင္မယ္လို႔ သိပၸံပညာရွင္မ်ားက ခန္႔မွန္းထားပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Vogue မဂ္ဂဇင်းမျက်နှာဖုံးမှာ cover model အဖြစ်ဖော်ပြခံလိုက်ရတဲ့ အသက် (၁ဝ၆)နှစ်အရွယ် တတ်တူးပညာရှင်အဘွားအို

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved