ပြည်မြို့တွင် အမျိုးသားတစ်ဦး တရုတ်နှီးဖြင့် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဧပြီ ၂၂
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့တွင် အမျိုးသားတစ်ဦး တရုတ်နှီးဖြင့် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၂၁ ရက်)၊ ည ၈နာရီခွဲအချိန်ခန့်တွင် ပြည်မြို့၊ တရုတ်စုရပ်ကွက်၊ ရထားလမ်းဘေးရှိနေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သတ်သေတဲ့လူက မိသားစု ဖိအားတစ်ခုခုကြောင့်လို့သိရပါတယ်။ အိမ်ပေါ်မှာပဲ ကော်တရုတ်နှီးနဲ့လည်ပင်းကိုကြိုးဆွဲချပြီး သတ်သေသွားတာပါ။ ကျွန်တော်တို့အလောင်းသွားသယ်တော့တောင် လည်ပင်းမှာကြိုးရာတွေ့ခဲ့တယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုသားမှာ အသက်(၂၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး နေအိမ်ပေါ်တွင် တရုတ်နှီးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီက ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် အေးငြိမ်းရာသုသာန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူအခွင့်အရေးချိုးဖောက်မှုတွေအတွက် အစ္စရေးစစ်တပ်ကို ပိတ်ဆို့မှုတွေချမှတ်ဖို့ အမေရိကန်အစိုးရ စဉ်းစားနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ