လူအခွင့်အရေးချိုးဖောက်မှုတွေအတွက် အစ္စရေးစစ်တပ်ကို ပိတ်ဆို့မှုတွေချမှတ်ဖို့ အမေရိကန်အစိုးရ စဉ်းစားနေ
ဂျန်ဇက် (NSS) – ဧပြီ ၂၂
အမေရိကန်နိုင်ငံဟာ အစ္စရေးစစ်တပ်ကို လူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုတွေချမှတ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်ဟာ အနောက်ဘက်ကမ်းခြေမှာ လူအခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်အစိုးရက ပိတ်ဆို့မှုချမှတ်ဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က အနောက်ဘက်ကမ်းခြေမှာ လူအခွင့်အရေးချိုးဖောက်မှု တွေရှိနေတဲ့ အစ္စရေးစစ်တပ်ကို စစ်ရေးအကူအညီပေးမှုတွေလျော့ချဖြတ်တောက်တာမျိုး လုပ်ဆောင်မှာဖြစ်တယ် လို့ ပြောဆိုခဲ့ပေမယ့် အသေးစိတ်အခြေအနေတွေကို ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ပါဘူး။
အစ္စရေးစစ်တပ်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းကတည်းက လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာခဲ့ကြောင်း မကြာသေးမီက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "အနောက်ဘက်ကမ်းခြေမှာ အစ္စရေးရဲ့စစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှု တွေကို ဘာတွေလုပ်ဆောင်မယ်ဆိုတာကို မကြာခင်တွေ့မြင်ရမှာပါ။ ကျွန်တော်တို့ဟာ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်သွားမယ်" လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံးဟာ အနောက်ဘက်ကမ်းခြေမှာ အစ္စရေးစစ်သားတွေ လူအခွင့်အရေး ချိုးဖောက်ခဲ့ တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ၂ဝ၂၂ ခုနှစ်နောက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ အမေရိကန်ဟာ အစ္စရေးနိုင်ငံ တည်ထောင်ခဲ့ပြီးနောက်ပိုင်းကတည်းက အရှေ့အလယ်ပိုင်းဒေသမှာ အဓိကအရေးပါတဲ့ မဟာမိတ်နိုင်ငံဖြစ်ပါတယ်။
ဒါပေမယ့် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းအရပ်သားတွေ သေဆုံးမှုတွေအတွက် သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အဆိုပြုချက်အားလုံးကို ငြင်းဆန်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း