ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အဆိုပြုချက်အားလုံးကို ငြင်းဆန်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) – ဧပြီ ၂၂
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးပြန်လွတ်မြောက်အောင် အဆိုပြုခဲ့တဲ့ အဆိုပြုချက်အားလုံးကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ငြင်းဆန်ခဲ့ကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်မယ့်အပြင် နယ်မြေသိမ်းယူမှုတွေနဲ့ နာကျင်ထိခိုက်မှုတွေဖြစ်အောင် ပိုမိုလုပ်ဆောင်မယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ဖမ်းဆီးခံထားရသူတွေကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ဟားမက်စ်အဖွဲ့ဟာ အစ္စရေးအစိုးရရဲ့ကမ်းလှမ်းမှုအားလုံးကို ငြင်းဆန်ခဲ့တယ်။ ဟားမက်စ်အဖွဲ့ဟာ ကျွန်တော်တို့ ကို အကွဲအပြဲဖြစ်အောင်လုပ်ဆောင်နေတယ်။ အစ္စရေးအစိုးရကို တိုက်ရိုက်ဖိအားပေးဖို့ လုပ်ဆောင်ခဲ့တယ်။ ပြန်ပေးဆွဲခံထားရသူတွေအားလုံး ပြန်လွတ်မြောက်ရေးက အခက်အခဲတွေရှိလာနေတယ်။ ကျွန်တော်တို့ဟာ ဟားမက်စ်အဖွဲ့ကို အပြီးသတ်အနိုင်ယူဖို့၊ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လွတ်မြောက်ဖို့တစ်ခုတည်းသော နည်းလမ်းက စစ်ရေးနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့ ဖိအားပေးရမှာဖြစ်တယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနိုင်ငံကို ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တိုက်ခိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂၅ဝ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖမ်းဆီးခဲ့သူတွေက အချို့က ပြန်လွတ်မြောက်ခဲ့ပေမယ့် အချို့က သေဆုံးခဲ့ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့ လက်ထဲမှာ ဖမ်းဆီးခံရသူတွေ ကျန်ရှိနေသေးကြောင်း သိရပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှာ ဖမ်းဆီးခံထားရသူအနည်းဆုံး ၁၂၉ ဦး ကျန်နေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေက တားမြစ်မှုတွေရှိခဲ့ ပေမယ့် ဂါဇာဒေသ တောင်ပိုင်းကို ဆက်လက်တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဂါဇာဒေသတောင်ပိုင်း ရာဖယ်မြို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ အစ္စရေး နိုင်ငံကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ဖြစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာ၌ မီးလောင်မှုဖြစ်ပွားခဲ့
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း