Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မူဆယ်မြို့တွင် ဓားပြမှု၊ ပြန်ပေးဆွဲမှုများ များပြားလာသည့်အတွက် ဒေသခံများစိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေ

NSS - ဧပြီ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့တွင် ဓားပြမှု၊ ပြန်ပေးဆွဲမှုများများပြားလာသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။


မူဆယ်မြို့၌ ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများကျူးလွန်နေသည့် ဂိုဏ်းအဖွဲ့များမှာ (၅)ဖွဲ့ထက်မနည်းရှိပြီး အဆိုပါဂိုဏ်းအဖွဲ့များ၏ အကြမ်းဖက်လုယက်၊ ပြန်ပေးဆွဲမှုများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ပူမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

“ဒီမှာကတော့ ဘယ်သူမှလုပ်ငန်းထဲမှာမနေရဲကြတော့ဘူး။ လုပ်ငန်းထဲမှာနေရင် ဘယ်အချိန်ပြန်ပေးဆွဲခံရမလဲ စိုးရိမ်ပူပန်နေကြရတာပေါ့။ အခုက ကလေးရောလူကြီးရော မရွေးဘူးပြန်ပေးဆွဲနေကြတာ။ ဌာနဆိုင်ရာဝန်ထမ်းတွေကအစ ပြန်ပေးဆွဲခံနေကြရတာ”ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကိုပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်၊ ညနေပိုင်းက မူဆယ်မြို့တွင် အဖွဲ့ဝင်(၉)ဦးပါဝင်သော ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထို သို့ ဖမ်းဆီးရမိသည့် ပြန်ပေးဆွဲဂိုဏ်းတွင် အသက်(၁၇)နှစ်မှ အသက်(၃၀)ကြားရှိလူငယ်များပါဝင်ပြီး ဂိုဏ်းအဖွဲ့၏ခေါင်းဆောင်နှင့် ကွင်းဆက်ကျူးလွန်သူများကို ဆက်လက်ဖမ်းဆီးအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“မူဆယ်မြို့မှာ ပြန်ပေးဆွဲမှုတွေဖြစ်လို့ CCTV တွေကနေကြည့်လိုက်ရင် စက်မှုကနေမန်းမိုင်သွားတဲ့လမ်းမှာပျောက်ပျောက်သွားတယ်လို့ ပြနေတဲ့အတွက် အဲဒီလမ်းမှာရှိတဲ့ ခြံဝန်းတစ်ခုကို တပ်မတော်နဲ့ပြည်သူ့စစ်ကဝင်ရှာပြီး ဖမ်းတဲ့အခါမှာ မိတာပေါ့။ အဲဒါနဲ့ပဲ အနီးမှာရှိတဲ့ (၉၉)တပ်မကိုပို့ပြီး ဦးဆောင်စစ်ဆေးနေတယ်လို့သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံထားရသည့် ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင်(၉)ဦးကို မူဆယ်မြို့ရှိ တပ်မ(၉၉)အတွင်း၌ ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကွင်းဆက်ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မူဆယ်မြို့တွင် လောင်းကစား နှင့် မူးယစ်ဆေးဝါးများ များစွာရရှိနေသည့်အတွက် လူငယ်များအနေဖြင့် လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲရန်အတွက် ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများကို ပိုမိုကျူးလွန်လာခြင်းဖြစ်ကြောင်း မြို့ခံအချို့က သုံးသပ်ထားကြသည်။

“အဓိက ကတော့ ဒီက KTV တွေမှာမူးယစ်ဆေးဝါးလွယ်လွယ်ကူကူရောင်းနေတယ်။ လောင်း ကစားဝိုင်းတွေက ပေါ်ပေါ်ထင်ထင်လုပ်နေတယ်။ အဲဒါတွေက အဓိကရေသောက်မြစ်ပေါ့လေ။ နောက်ပြီး လူငယ်တွေက KTV သွားရင် ကေရှူတယ်။ မူးယစ်ဆေးဝါး သုံးစွဲတယ်။ အဲဒီအတွက်ငွေတွေလိုတယ်။ ငွေလိုတော့ လူငယ်တွေက အခုလိုငွေလွယ်လွယ်ကူကူရတဲ့ဘက်ကိုရောက်သွားတာပေါ့။ အဲဒါကြောင့် KTV တွေမှာ မူးယစ်ဆေးဝါးပေါ်ပေါ်ထင်ထင်ရောင်းချနေတာတို့ လောင်းကစားပေါ်ပေါ်ထင်ထင်လုပ်နေတာတွေကို ထိန်းချုပ်နိုင်ရင် ဒီလိုမျိုးဖြစ်စဉ်တွေက တော်တော်လျော့သွားမှာပါ” ဟု ၎င်းကဆက်လက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၉ ရက်တွင် မူဆယ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်သာယာဈေးအနီးရှိ ဆေးခန်းတစ်ခုမှ ဒေါက်တာ မိုးကျော်အောင်ကို လက်နက်ကိုင်လူငယ်(၄)ဦးက ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေကျပ်သိန်း(၁၅၀၀)တောင်းယူခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သီရိလင်္ကာနိုင်ငံတွင် ကားပြိုင်ပွဲတစ်ခုအတွင်း ပြိုင်ကားတစ်စီးက လူအုပ်ကြီးကို ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ(၇)ဦး သေဆုံးပြီး (၂ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved