Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စွဲချက်တင်ခံရပြီးနောက် ဒေါ်နယ်ထရမ့်အနေဖြင့် တစ်ရက်အတွင်း အလှူငွေ (၄)သန်းကျော်ရရှိခဲ့ဟုဆို

Pika (NP News) - ဧပြီ ၁ 


Manhattan မြို့ရှိ ဂျူရီတရားသူကြီးများသည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို  အပြာမင်းသမီးတစ်ဦးထံ နှုတ်ပိတ်ခအဖြစ် ငွေကြေးများပေးခဲ့မှုနှင့်ပတ်သက်ပြီး စွဲချက်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် (၂၄)နာရီအတွင်း ဒေါ်နယ်ထရမ့်သည် ထောက်ခံသူများထံမှ အလှူငွေ အမေရိကန်ဒေါ်လာ(၄)သန်းကျော်ကို ရရှိခဲ့ကြောင်း သိရသည်။


Trump Campaign သို့ လှူဒါန်းမှုများ၏ (၂၅)ရာခိုင်နှုန်းကျော်သည် ပထမအကြိမ်လှူဒါန်းဖူးသည့် အလှူရှင်များထံမှလာခဲ့ခြင်းဖြစ်ပြီး ရီပတ်ဘလီကန်ပါတီ၏ အဓိကပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်နယ်ထရမ့်၏ အဆင့်အတန်းကို ပိုမိုမြင့်တက်လာစေကြောင်း မတ်လ(၃၁)ရက်က Trump Campaign မှ ထုတ်ပြန်ထားသော အချက်အလက်များအရသိရသည်။ Trump Campaign က"အခြေခံလူတန်းစားတွေရဲ့ ပံ့ပိုးကူညီမှုတွေ မယုံကြည်နိုင်လောက်အောင် တိုးတက်များပြားလာတာက ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုခြင်းက ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာနိုင်မယ်လို့ သတိပေးနေသလိုပါပဲ"ဟုပြောဆိုခဲ့သည်။


အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် စွဲချက်တင်ခံရပြီးနောက် (၅)နာရီအတွင်း ပြည် နယ်ပေါင်း (၅ဝ)မှ အမေရိကန်နိုင်ငံသားများသည် Trump Campaign သို့ အလှူငွေများ လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်သမ္မတရုံးသည် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို စွဲချက်တင်မှုနှင့်ပတ်သက်ပြီး မှတ်ချက်များပေးရန် ငြင်းဆိုထားကြောင်းသိရသည်။ 


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး ကျွန်တော့်မှာ မရှိပါဘူး"ဟုပြောကြားခဲ့သည်။ အမေရိကန်ဒုသမ္မတ Kamala Harris က "ဒီကိစ္စက သမ္မတဟောင်းနဲ့ဆက်နွယ်နေတာကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ရာဇဝတ်မှုနဲ့ပတ်သက်ပြီး မှတ် ချက်မပေးပါဘူး" ဟုပြောဆိုခဲ့သည်။


အဆိုပါတရားစွဲဆိုမှုတွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် စီးပွားရေးအရှုပ် အထွေးများနှင့်ပတ်သက်ပြီး အမှုပေါင်း (၃ဝ)ကျော်ကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်းသိရသည်။

zawgyi version


Pika (NP News) - ဧပြီ ၁ 











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တက်နေလင်း Express ကားတိမ်းမှောက်ရာ (၂၂)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved